Tuesday, March 5, 2019

ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကျော် Bhasan Char ကျွန်းပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မတ်၊ 2019 
 
Bhasan Char ကျွန်း

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ မူဆလင်တသန်းကျော် ရှိတဲ့ အ ထဲက ၁ သိန်းသုံး ထောင်ကျော်ကို ဘာဆန်ချာကျွန်းဆီပြောင်းရွှေ့နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ က စီစဉ်နေတဲ့အကြောင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံကသတင်းတွေမှာ မနေ့ကဖေါ်ပြထားပါတယ်။


ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ အခုလမယ့်ဧပြီလ ၁၅ရက်နေ့ မှာ ပြောင်းရွှေ့ဖို့စီစဉ်ထားကြောင်း ဘင်္ဂ လားဒေ့ရှ် အစိုးရဘေးဒုက္ခကူညီ ကယ်ဆယ်ရေး ဝန်ကြီး Md Enamur Rahman က ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Earl Robert Miller နဲ့တွေ့ဆုံမှု အပြီး သတင်းထောက်တွေ ကိုပြောခဲ့ပါတယ်။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ အပတ်ကပဲ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ်ဟာစီနာ ကညွှန်ကြားခဲ့တာလို့ဆိုပါ တယ်။ အဲဒီ ဘာဆန်ချာကျွန်းမှာ ဒုက္ခသည် တွေနေထိုင်ဖို့ အိမ်တွေအပါအဝင် လျှပ်စစ်ဓါတ်အား၊ ဆက်သွယ်ရေး၊ ကျန်း မာရေး စောင့်ရှောက်မှု၊ မုန်တိုင်းကာကွယ်ရေး နဲ့ မုန်တိုင်းဒဏ်ကနေ ခိုလှုံနိုင်မယ့်နေရာတွေ ကိုလည်း တည်ဆောက် ထားတယ်လို့ ဝန်ကြီး Rahman ကပြောပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂနဲ့ လူအခွင့်အရေး အဖွဲ့အစည်းတွေ ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်း ကိုရွှေ့ပြောင်းမယ့်ကိစ္စ နဲ့ပတ် သက်ပြီး ဆိုးဝါးတဲ့ ရာသီဥတုတွေကြုံရနိုင်လို့ အန္တရယ်ရှိတာကြောင့် ဒုက္ခသည်တွေ ကိုယ်တိုင် သွားချင် တယ် ဆိုမှ အဲဒီကျွန်းကို ပြောင်းရွှေ့ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ ကို တိုက်တွန်း နေပါတယ်။

အဲဒီကျွန်းကအခြေအနေတွေကို သိရအောင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင် ရာ အထူး ကိုယ်စားလှယ် မစ္စယန် ဟီးလီ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းက ဘာဆန်ချာကျွန်း ကိုသွားကြည့်ခဲ့ ပါသေး တယ်။ ဒေါ်လာ ၂၇၅.၃သန်းကုန် ကျတဲ့ ဒီစီမန်ကိန်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက ကြီးကြပ်လုပ်ဆောင်ခဲ့ တာပါ။

  

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */