Thursday, April 4, 2019

ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေး တွေ ကျောင်းထုတ်ခံရမှု HRW ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
04 ဧပြီ၊ 2019
ဘင်္ဂလားဒေရှ့် ကျောင်းတခု။ 
 
ရိုဟင်ဂျာ ဒုက္ခသည် ကျာင်းသူကျောင်းသား အများအပြားကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေက ကျောင်းတွေ ကနေ ထုတ်ပစ်လိုက်တဲ့အပေါ် Human Rights Watch နိုင်ငံတကာ လူ့အခွင့်အရေး စောင်ကြည့်ရေးအဖွဲ့ ကြီးက ကန့်ကွက်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေနားက ကျောင်းတွေမှာ ကျောင်း တက်နေကြတဲ့ ရိုဟင်ဂျာ ကျောင်းသူကျောင်းသား အနည်းဆုံး ၅၀ ထက်မနည်း ကျောင်းအထုတ်ခံခဲ့ရ တယ်လို့ Human Rights Watch အဖွဲ့ရဲ့ ဧပြီလ ၁ ရက်နေ့ထုတ်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


ရိုဟင်ဂျာတွေကို ကျောင်းထုတ်ပစ်ဖို့ အစိုးရက အမိန့်ထုတ်ထားသလို အလယ်တန်းကျောင်းတွေမှာ တက် နေတဲ့ ရိုဟင်ဂျာ မိန်းခလေးငယ် ၁၃ ဦး အပါအဝင် ကျောင်းသူကျောင်းသား ၄၄ ယောက် ကျောင်းအထုတ် ခံခဲ့ရတယ်လို့လည်း ဖေါ်ပြထားပါတယ်။ ၉ တန်းနဲ့ ၁၀ တန်းတွေမှာ တက်နေတဲ့ ကျောင်းထုတ်ခံခဲ့ရတဲ့ ကလေး ၆ ယောက်က တော့ သူတို့နဲ့အတူ ကျောင်းတက်နေတဲ့ ရိုဟင်ဂျာ ၈၉ ယောက် ကျောင်းအထုတ် ခံခဲ့ရကြောင်းနဲ့ စုစုပေါင်း ဘယ်နှစ်ယောက် ရှိနေတယ် ဆိုတာတော့ သူတို့ မသိကြောင်း HRW အဖွဲ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည် စခန်းတခုကနေ ဘင်္ဂလားဒေ့ရှ်ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ရိုဟင်ဂျာ ကလေးငယ် ၄၇၀ ရှိနေပြီး သူတို့တွေ ကျောင်းအထုတ်ခံရမယ့် အန္တရာယ် ရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ကျောင်းထုတ်တာတွေကို ရပ်ဆိုင်းဖို့လည်း လူ့အခွင့်ရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

HRW အဖွဲ့ရဲ့ ကလေးငယ်အခွင့်အရေးဆိုင်ရာ အကြီးတန်းသုတေသီ Bill Van Esveld ကတော့ ခုလို ကျောင်း သား အခွင့်အရေးကို ချိုးဖောက်ပြီး ရိုဟင်ဂျာကလေးတွေကို ကျောင်းထုတ်နေတာက လွဲမှားတဲ့၊ ဝမ်းနည်းစရာကောင်းတဲ့ မူဝါဒဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

အခု ထုတ်ခံရတဲ့ကျောင်းသူ ကျောင်းသားတွေဟာ ၁၉၉၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာ တဲ့ ရိုဟင်ဂျာဒုက္ခသည် မိဘတွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားလာခဲ့ပြီး၊ တရားမဝင် မူလတန်း ကျောင်း တွေ ကနေ အောင်မြင်ပြီး အလယ်တန်းတက်နေသူ များပါတယ်။

တချို့ ရိုဟင်ဂျာဒုက္ခသည် မိဘတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လျှောက်နိုင်ဖို့ ကလေးမွေးစာရင်းနဲ့ အခြားအထောက်အထား တွေကို ငွေပေးဝယ်ခဲ့ ကြတာ ဖြစ်ပါတယ်

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */