" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Saturday, February 16, 2019

ရိုဟင်ဂျာအရေး အမေရိကန် ဒေါ်လာ သန်း ၆၀ ကူ မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
16 ဖေဖော်ဝါရီ၊ 2019
Cox's Bazar ဒေသ၊ Unchiprang ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာမူဆလင်တွေ ရေသယ်ယူနေစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၁၈)

အမေရိကန်ဟာ ၂၀၁၉ ခုနှစ် Bangladesh ဆိုင်ရာ ကုလသမဂ္ဂ တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ် အရ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ ကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုမှာကူညီမယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က Switzerland နိုင်ငံ Geneva မြို့ကနေ ကြေညာခဲ့ပါတယ်။ ဒီ ငွေကြေး ထောက်ပံ့မှု ဟာ မြန်မာနိုင်ငံကနေ အစုလိုက် အပြုံလိုက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူဆလင် အမျိုးသမီး တွေနဲ့ ကလေးအများစု အပါ အဝင် Bangladeshမှာ ရှိတဲ့ ဒုက္ခသည်ပေါင်း ၉၀၀,၀၀၀ ကျော် ရဲ့ အရေးပေါ် လိုအပ် ချက်တွေ နဲ့ အိမ်ရှင် Bangladesh အဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာလိုအပ်ချက်တွေမှာ ကူညီသွား မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူးယစ်ကုန်ကူးသူ ၁၀၂ ဦး ကိုယ် တိုင်အဖမ်းခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
16 ဖေဖော်ဝါရီ၊ 2019
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင် (BGB) တဦးက ဘတ်စ်ကားစီးခရီးသည်ဆီက ဖမ်းမိတဲ့ "yaba" စိတ်ကြွဆေး တွေ Teknaf မှာ ဖမ်းမိစဉ်။ (ဧပြီ ၆၊ ၂၀၁၉)

မြန်မာနိုင်ငံအနောက်ဘက် အိမ်နီးချင်း Bangladesh နိုင်ငံမှာ စိတ်ကြွဈေးရောင်းဝယ်ဖောက်ကားသူ ၁၀၂ ဦး အစိုးရဆီမှာ လာပြီးအဖမ်းခံခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကလို ဖမ်းမိရင် သတ်ခံရနိုင်တဲ့ မူးယစ်ဆေးစစ် ဆင်ရေးမျိုး လုပ်မှာ ကြောက်လို့ သက်ဆိုင်ရာနဲ့ ကြိုညှိနှိုင်းပြီး ဒီကနေ့ လာပြီး လက်နက်ချကြတာဖြစ် တယ် လို့ အရာရှိတွေ က ပြောပါတယ်။ Bangladesh နိုင်ငံမှာက ယာဘစိတ်ကြွဆေးသုံးစွဲမှု တိုးလာပြီးတဲ့နောက် အစိုးရက အခုလို မူးယစ်ဆေးနိုမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်တာပါ။

Monday, February 11, 2019

ရခိုင်ဒေသ စစ်ဆင်ရေး AI အဖွဲ့ ဝေဖန်

ရခိုင်ဒေသစစ်ပွဲကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များ 

မြန်မာအစိုးရတပ်နဲ့ ရခိုင်တပ်မတော် AA တို့တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အရပ်သားတွေအတွက် အစားအသောက်နဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးလို့မရအောင် အစိုးရတပ်တွေဖက်က ပိတ်ဆို့နေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ ဘေးကင်းရေး စောင့်ကြည့်ပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် ပန်ကြား

အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာများ 

ရိုဟင်ဂျာအသိုင်းအဝိုင်း လုံခြုံစိတ်ချစွာနေနိုင်အောင် အကာအကွယ်ပေးသွားမယ်ဆိုတဲ့ မြန်မာအစိုး ရရဲ့ ကတိ တည်ရဲ့လားဆိုတာကို စောင့်ကြည့်ပေးကြဖို့ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကို ဘင်္ဂ လားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာက ရေးသားပါတယ်။

Saturday, February 9, 2019

မလေးရှားနိုင်ငံသို့ စက်လှေဖြင့် ထွက်ခွာနေသည့် ရိုဟင်ဂျာ (၃၀) ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့် တပ်က ရပ်တန့်နိုင်ခဲ့

Rohingya Today
ရှား၊ဖေဖေါ်ဝါရီလ(၉)ရက်၊

မလေးရှားနိုင်ငံသို့ စက်လှေဖြင့် လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာ (၃၀) ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရပ်တန့်ပြီးနောက် ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်တွင် ပြည့်နှက်နေသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များ အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေရသည့် အချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန် ကူးနေခံရသည့် ရိုဟင်ဂျာ ဒုက္ခသည် (၃၀) ဦးကို ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်က ရပ်တန့်နိုင်ခဲ့သည်ဟု AFP သတင်းတွင် ရေးသားသည်။

ရိုဟင်ဂျာများအတွက်လုံခြုံသည့်နယ်မြေတစ်ခုတည်ထောင်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ နိုင်ငံ စောင့် ကြည့်ရန်လိုအပ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန် ကြီးပြော

Rohingya Today 
ရှား၊ ၀၉-၀၂-၂၀၁၉


အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်တို့ ဖေဖော်ဝါရီလ (၇) ရက်နေ့က တွေ့ဆုံစဉ်
(ဓါတ်ပုံ - PIB, India)

မြန်မာနိုင်ငံမှ အတင်းအဓမ္မ ဖယ်ရှားခံရသည့် ရခိုင်ပြည်နယ်မှ မြန်မာနိုင်ငံသားများအတွက် ဘေးကင်း လုံ ခြုံ သည့်နယ်မြေတစ်ခုကို ဘင်္ဂလားဒေ့ရှ်က လိုလားပြီး၊ ၄င်းတို့ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးနှင့် ယင်းနယ် မြေ ကို အိန္ဒိယ၊ တရုတ်နှင့် အခြားသော အာဆီယံနိုင်ငံများက စောင့်ကြည့်ရမည်ဟု ဆိုသည်။

Friday, February 8, 2019

ဘင်္ဂလားဒေ့်ရှ်ဘက်ပြေး ရခိုင်စစ်ရှောင်တွေအရေး ကုလစိုးရိမ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက မြစ်ကမ်းဘေးရွာတရွာ။ (ဓာတ်ပုံ- UNHCR)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာ ကြောင့် လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ထပ်မံထွက်ပြေးလာနေတဲ့အတွက် စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောဆိုလိုက် ပါ တယ်။

စစ်ရှောင်တွေ ဘင်္ဂလားဒေ့်ရှ်ပိုင်နက် ပို့တဲ့အပေါ် AA ကြိုတင်ကြံစည်တယ်လို့ တပ်မတော်စွပ်စွဲ

ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စစ်ပြေးဒုက္ခသည်တွေ ပို့ပေးခဲ့တာဟာ ဒေသခံတွေ ကိုယ်တိုင်ရဲ့ တောင်း ဆို ချက် အရ ဖြစ်တယ် လို့ ရက္ခိုင့်တပ်မတော် AA က ပြောပါတယ်။ တိုင်းရင်းသား ၂၀၀ လောက်ကို AA အဖွဲ့က ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက် ခေါ်ဆောင်သွား ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား နားလည်မှုလွဲမှား
အောင် ဆောင်ရွက်တာ ဖြစ်နိုင် တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားတာကို AA ဘက်က တုံ့ပြန်ပြောဆို တာပါ။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနယ်စပ်ကို ဘင်္ဂလားဒေရှ့် ဘက်က ပိတ်ဆို့

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB 

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဒုက္ခသည်တွေ နောက်ထပ် တိမ်းရှောင်မလာအောင် ကြိုးစားတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာ ၂ နိုင်ငံနယ်စပ်ကို ပိတ်ခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A K Abdul Momen က ပြောပါတယ်။

မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အိန္ဒိယ ကူညီမှု လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော


အိန္ဒိယ၀န်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က တွေ့ဆုံစဉ် 

ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ မူလနေရပ်ကို အဆောတလျင် ပြန်နိုင်ကြ ဖို့ အတွက် အိန္ဒိယရဲ့ ကူညီထောက်ပံ့မှု လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူ မိုမင် က ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */