Monday, March 4, 2019

ရိုဟင်ဂျာ Safe Zone ထားပေးဖို့ထောက်ခံကြောင်း သတင်း တရုတ်သံရုံးငြင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-04

Bangalanews24 က ၂၀၁၉၊ မတ်လ ၃ ရက်နေ့က ရေးသားထားတဲ့ သတင်းကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Bangalanews24 ကနေ မနေ့က ရေးသားထားတဲ့ နေရပ် စွန့်ခွာရိုဟင်ဂျာတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ Safe Zone တည်ထောင်ပေးရေးကို တရုတ်နိုင်ငံဘက် က သဘော တူထောက်ခံတယ် ဆိုတဲ့သတင်းဟာ အခြေအမြစ် လုံးဝမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး က ဒီနေ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တွင်းမှာ Safe Zone တည်ထောင်မှာကို မထောက်ခံကြောင်း၊ တရုတ်အနေနဲ့ ရခိုင် အရေးကိစ္စအပေါ် ရပ်တည်ချက်ဟာ အမြဲတိကျကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ လက်မှတ်ရေး ထိုး ထားတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး စာချုပ်အတိုင်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ ကို ဆောလျင်စွာ အကောင်အထည်ဖော်ရန်သာ တရုတ်ဘက်က ထောက်ခံကြောင်း ကြေညာချက်မှာ ပါရှိ ပါတယ်။

တစ်ချိန်တည်းမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က Safe Zone တည် ထောင်ပေးဖို့ အဆိုပြုချက်တွေကို သဘောမတူဘဲ အမြဲပယ်ချခဲ့ကြောင်း၊ Bangalanews24 ရဲ့ ရေး သားမှုဟာ လိုရာဆွဲ ရေးသားထားတာသာဖြစ်ကြောင်း၊ အဲလိုမမှန်မကန် သတင်းတွေဖြန့်ဝေတာကြောင့် ၂ နိုင်ငံအကြား နားလည် မှုလွဲမှားစေမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် မြန်မာသံရုံး က လည်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အချက် ၃ ချက် တင်ပြရာမှာ မြန်မာနိုင်ငံဘက်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအတွက် Safe Zone ထားရှိရေးကလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
 
Link: Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */