ဗွီအိုအေ (မြန်မာဌာန)
16 မတ်၊ 2019
ဘင်္ဂလားဒေ့ချ်နိုင်ငံ Cox's Bazar နားက Nauapara ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန်ပေးဝေမှုကို စောင့်နေကြစဉ် (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၇)
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းဒေသက ဖြစ်ပွားတဲ့ လူမျိုးရေး ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က ကျွန်းတကျွန်းကို ပို့ပေးဖို့ အစီအစဉ်တွေ ကို သဘောမတူကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောတယ်လို့ ဂျာမနီက Deutsche Welle (ဒွိုက်ဗဲလာ) သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
Bhashan Char (ဘာရှန်ချာ) ကျွန်းဟာ လွန်ခဲ့တဲ့ နှစ်(၂၀)ကမှ MEGHNA မြစ်ဝမှာ နုန်းအနယ်ကျပြီးပေါ် လာတဲ့ ကျွန်းဖြစ်ပါတယ်။ အခုထိလည်း ရေတက်ချိန်ဆိုရင် ကျွန်းရဲ့ နေရာတချို့ဟာ ရေအောက်မြုပ် နေ တာပါ။ အဲဒီကျွန်းတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အဆောက်အအုံပေါင်း ၁၅၀၀နီးပါး ဆောက်လုပ်ထား ပြီး အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာချထားဖို့ဖြစ်ပါတယ်။
သူတို့ဟာ ၂၀၁၈နှစ်အစပိုင်းကစပြီး လမ်းတွေဖေါက်တာ အဆောက်အအုံတွေတည်ဆောက်တာနဲ့ ရေကာ တံ တိုင်း တွေ ဆောက်လုပ်မှုတွေအတွက် ဒေါ်လာသန်းပေါင်း ၃၀၀နီးပါး သုံးစွဲခဲ့ပါတယ်။ တကယ်တမ်းဆိုရင် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသက ဆိုင်ကလုံးဒဏ်ခံရလေ့ရှိပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ငါးဆယ် အ တွင်း သေဆုံးသူ သိန်းနဲ့ ချီရှိခဲ့ပါတယ်။
အခုတော့ ဒီကျွန်းလေးပေါ်မှာ အစိုးရက ၈မိုင်အရှည်ရှိတဲ့ ရေကာ တံတိုင်းတွေတည်ဆောက်ထားပြီး ဒီတံ တိုင်းက မုန်တိုင်းတိုက်လို့ တက်လာမယ့် ဒီရေကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
"ဒါပေမယ့်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ဟီးလီကိုယ်တိုင် ဒီကျွန်းကိုသွားကြည့်ခဲ့ပြီး ဒီကျွန်းဟာ လူနေဖို့သင့်တော်လို့ မယူဆဘူးလို့ဆိုပါတယ်။ အလားတူပဲ အဲဒီကျွန်းကို ရောက်ခဲ့တဲ့ ဘင်္ဂလား ဒေ့ရှ်သတင်း ထောက်ကလည်း ပြောခဲ့တာပါ။ ဖောက်ထားတဲ့ လမ်းတချို့တောင် ရေတက်လာရင် ရေ အောက် ရောက်သွားတယ်လို့ သူကဆိုပါတယ်။"
ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ ဒီကျွန်းပေါ်ကို မပြောင်းချင်ဘဲ အတင်းအဓမ္မ ပြောင်းခိုင်းရင် ဆန္ဒပြမယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် တချို့ကတော့ မြန်မာနိုင်ငံက သူတို့အတွက် လုံခြုံရေး အာမခံချက်မပေးဘူး ဆို ရင်တော့ ဒီကျွန်းပေါ်မှာပဲ သွားနေချင်ပါတယ်လို့ ပြောနေတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဘယ်သူတွေ ဘာပဲ ပြောနေနေ ဒီကျွန်းပေါ်ဒုက္ခသည်တွေ ရွှေ့ပြောင်းနေရာချထားရေးအတွက် ဆက်ပြီးလုပ်ဆောင် သွားမယ်လို့ ပြောထားပါတယ်။

No comments:
Post a Comment