" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဖမ်းဆီးခံရ. Show all posts
Showing posts with label ဖမ်းဆီးခံရ. Show all posts

Friday, March 24, 2023

ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.03.24 

မွန်ပြည်နယ် သံဖြူဇရပ်မြို့အား တွေ့ရစဉ်။

မလေးရှားကိုသွားမယ့် ရိုဟင်ဂျာ ၁၅၀ နီးပါးကို မွန်ပြည်နယ် သံဖြူဇရပ်မှာ စစ်ကောင်စီက ဖမ်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာ အရာရှိတစ်ယောက်က ပြောတဲ့ အကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြထား ပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ အဖွဲ့တစ်ဖွဲ့ကိုဖမ်းမိတာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ရွာနှစ်ရွာကြားက တောစပ်နားမှာ ပုန်းနေကြပြီး မနေ့ညကတည်းက ရှာဖွေတွေ့ရှိတာလို့ ပြောပါတယ်။

Wednesday, March 1, 2023

မောင်တောမှာ မလေးရှားသွားမယ့် ရိုဟင်ဂျာ ၃၄ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.02.28

 မောင်တောမြို့နယ် ကျောက်ပန္ဒူရွာအနီးတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။ ရခိုင်နေ့စဉ်သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူရွာအနီးမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံကို သွားမယ့် ရိုဟင်ဂျာ ၃၄ ဦးကို စက်လှေနဲ့အတူ စစ်ကောင်စီရေတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင် ပြည်နယ် စစ် ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထား ပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်၊ ဘာလူခါ လီနဲ့ နီလာဒုက္ခသည်စခန်းတွေက ဖြစ်တယ်လို့ ရေးသား ထားပါတယ်။

ဖမ်းဆီးရမိသူတွေအားလုံးကို လက်ရှိ အမှုဖွင့်အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကို လွှဲပြောင်းထားတယ်လို့လည်း ဆိုပါတယ်။

Wednesday, February 22, 2023

သာယာဝတီမြို့နယ်မှာ ရိုဟင်ဂျာ ၃၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.02.22

သာယာဝတီမြို့နယ်အတွင်း ရိုဟင်ဂျာများကိုတင်ဆောင်လာသည့် ကားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်က ဖမ်းဆီးစစ်ဆေးနေစဉ်။ Citizen Journalist


ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ဂွေးချောင်းရွာအနီး ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီလ ၂၁ ရက် နေ့ လယ်က ရိုဟင်ဂျာ ၃၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သာယာဝတီမြို့ခံတွေက RFA ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေအထဲ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး လေးဦး ပါဝင်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ရခိုင်ပြည်နယ်ကနေတဆင့် ရန်ကုန်မြို့ကိုထွက်လာစဉ် လမ်းခုလတ်မှာပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

Monday, February 20, 2023

မွန်ပြည်နယ်၊ မုဒုံမှာ ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံရ

RFA
2023.02.20

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ဝဲကလိကျေးရွာအနီးမှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို တွေ့ရစဉ်
 

မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ဝဲကလိကျေးရွာမှာ ဖေဖော်ဝါရီလ ၁၉ ရက်က ရိုဟင်ဂျာ ၄၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က ဝဲကလိရွာအနီးမှာ ရိုဟင်ဂျာတွေ ဖမ်းဆီးခံလိုက်ရတာလို့ ဒေ သခံတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်၊ မုဒုံမှာ ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံရ

RFA
2023.02.20 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ဝဲကလိကျေးရွာအနီးမှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို တွေ့ရစဉ်။
Citizen Journalist 


မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ဝဲကလိကျေးရွာမှာ ဖေဖော်ဝါရီလ ၁၉ ရက်က ရိုဟင်ဂျာ ၄၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က ဝဲကလိရွာအနီးမှာ ရိုဟင်ဂျာတွေ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Thursday, February 2, 2023

ပြည်ပသွားမယ့် ရိုဟင်ဂျာတွေ ဖမ်းဆီးခံရ

VOA
ဗွီအိုအေမြန်မာပိုင်း
ခွာညို
၀၃ ဖေဖော်ဝါရီ၊ ၂၀၂၃

(မှတ်တမ်းပုံ - လှေစီးပြေး ဒုက္ခသည်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်လာကြသည့် ရိုဟင်ဂျာများ )

ရခိုင်ပြည်နယ်ကနေ ပြည်ပကို သွားဖို့ကြိုးစားကြတယ်လို့ဆိုတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တွေ မြို့အနီးမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ စားဝတ်နေရေး အခက်အခဲ တွေကြောင့် ပွင့်လင်းရာသီ ရောက်ပြီဆိုရင် ပြည်ပနိုင်ငံတွေမှာ အခွင့်အလန်းရှာဖို့ ရိုဟင်ဂျာတွေ အန္တရာယ်များ တဲ့ ရေကြောင်းကနေ သွားလေ့ ရှိကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခွာညိုကတင်ပြပေး ပါမယ်။

Wednesday, January 18, 2023

ကျိုက်ထို မရမ်းချောင်းစစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦးနှင့် ယာဥ်မောင်း ၁ ဦး ဖမ်းဆီးခံရ

DVB
18 January, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက ၂၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆ ဦးနဲ့ ယာဥ်မောင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းက မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ရန်ကုန်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် ၂၂ ဘီးယာဥ်ကို စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

Tuesday, January 10, 2023

မဲဆောက်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနှင့် ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံရ

DVB
10 January, 2023

ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သင်္ချိုင်း ကုန်းအနီး ကြံပင်တွေကြားမှာ ပုန်းအောင်းနေတဲ့ မြန်မာနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာကြောင်း သတင်းပေးပို့ချက်အရ ထိုင်းစစ်တပ် နရဲစွန် ခြေမြန်တပ် ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၈ ရက်က မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ဘန့်ဝမ်းမုန့်ရွာ သု သာန်အနီး ကြံခင်းထဲကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကနဦးမှာ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိပြီး ပွဲစားကတော့ ထွက်ပြေး လွတ်မြောက်သွားတယ် လို့ ဆိုပါတယ်။

Tuesday, January 3, 2023

သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03

သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦးနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ် ရှစ် ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ဟင်္သာတမြို့မှာ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဓျာ ၃၉ ဦးကို တွေ့ရစဉ်။Citizen Journalist
 
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက်ပိုင်း က ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၀ ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကိုပြောပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ကိုးဦးနဲ့ မိန်းကလေး တစ်ဦးအပြင် ရိုဟင်ဂျာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီးနှစ်ဦး ပါဝင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အားလုံးဟာ ကျောက်သယ်ကားပေါ်မှာ လိုက်ပါလာကြတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းဖမ်း ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

Monday, December 26, 2022

မော်လမြိုင်တွင် ရိုဟင်ဂျာ ၂၄ ဦး ဖမ်းဆီးခံရ

DVB
26 December, 2022


 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ရိုဟင်ဂျာ ၂၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ ငါးထပ်တိုက်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်လို့ သတင်းပေးချက်အရ စစ်ကောင်စီ တပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“၅ ထပ်တိုက်ရဲ့ လေးလွှာမှာတွေ့တာ အခုတော့ လ.ဝ.က မှာ စစ်ဆေးနေတုန်း ဘယ်ကလာတယ် ဆိုတာတော့ မသိဘူး။”

Thursday, December 8, 2022

အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၈ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံရ

VOA
၀၈ ဒီဇင်ဘာ၊ ၂၀၂၂
အေးအေးမာ
ထိုင်းရဲက ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေ ( Photo: Thai Police Dept )

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီ ပြည်နယ် အဝေးပြေးလမ်းမှာ ခရီးသည်တင်ကားတစင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၄၈ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားမယ့်သူတွေဖြစ်ကြောင်း စစ်ဆေးချက်အရ သိခဲ့ရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

Tuesday, December 6, 2022

မုဒုံမြို့နယ်မှာ ရိုဟင်ဂျာ ၇၈ ဦးဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.12.06
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ Citizen Journalist

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝမှာ ဒီဇင်ဘာလ ၄ ရက် မနက်ပိုင်းက စက်လှေတစ်စီးနဲ့လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၇၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ် လို့ မွန်ပြည်နယ် စစ်ကောင်စီပြော ရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းက ဒီဇင်ဘာလ ၆ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘယ်ဒေသကလာပြီး ဘယ်ဒေသကိုသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ဦးအောင်ကြည်သိန်းက ထုတ်မပြောပါဘူး။

Tuesday, November 29, 2022

လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2022.11.29

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ နိုဝင်ဘာလ ၂၈ ရက် မနေ့မနက်ပိုင်းက ရိုဟင်ဂျာ ၆၈ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်နှစ်ပင် ဇုန် (၁) နားမှာ မနေ့မနက်ပိုင်းက ကုန်ကားတစ်စီးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ် ဆေး ချိန် ရိုဟင်ဂျာအမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၁၄ ဦးကိုတွေ့ပြီး ဖမ်းဆီးခဲ့တာလို့ လှည်းကူးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

“ဟုတ်တယ်၊ ဟုတ်တယ် အတည်ဖြစ်တယ်။ ဖြစ်စဉ် မှန်တယ်။ ဖြေပေးလို့တော့ ရမှာမဟုတ်ဘူးလေ”

Tuesday, November 15, 2022

မင်္ဂလာဒုံမြို့နယ်တွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက် 


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက် ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်တွင် ရိုဟင်ဂျာ ၉ ဦးဖမ်း ဆီးခံခဲ့ရကြောင်း မြို့ခံများထံက သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊အမှတ် ၃ လမ်းမကြီး၊ ပုလဲလမ်းဆုံမှတ်တိုင်အနီးရှိ အမှိုက်ကန်အနီး တွင် ရခိုင်ပြည်နယ်ဘက်မှလာသည့် ရိုဟင်ဂျာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရှိရသည်။

Tuesday, November 8, 2022

ရိုဟင်ဂျာ ၁၀၀ ကျော် ကော့ကရိတ်မှာ ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022-11-08 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ လှိုင်ဝတံတားအနီးတွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို တွေ့ရစဉ်။ Photo: The Arakan Express News

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့က ရိုဟင်ဂျာ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး လဝက အက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လှိုင်ဝတံတားမှာ နိုဝင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲက အိမ်စီးကားငါးစီးနဲ့ မြဝတီ မြို့ကို လိုက်ပါစီးနင်းလာ တဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာနေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၂၃ ဦးကို ကော့ ကရိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပူးပေါင်းဖမ်းဆီးခဲ့တာပါ။

Monday, October 31, 2022

ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်တွင် ရိုဟင်ဂျာ ၄၆ ဦး ဖမ်း ဆီးခံရ

30 October 2022
ဓာတ်ပုံ ။ ဂွ - ငါးသိုင်းချောင်းလမ်းပိုင်းတစ်နေရာ

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်ရှိ ဒေါင်းချောင်း ကျေးရွာအုပ်စု အနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရိုဟင်ဂျာ ၄၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

ရိုဟင်ဂျာလူမျိုး အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၈ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူလိုက်ပါလာသည့် လမ်းပြနှစ်ဦး လည်း ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

"ဂွမြို့၊ ဒေါင်းချောင်းရွာအပိုင်ထဲက တစ်နေရာမှာ ရိုဟင်ဂျာတွေ နားနေတုန်း စစ်တပ်က လာဖမ်းသွားတာလို့ သိ ရတယ်။ သူတို့က ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်း ကိုဖြတ်ပြီး ရန်ကုန်ထဲကိုဝင်မယ့်သဘောရှိတယ်။ လမ်းပြ နှစ်ယောက်ကိုတော့ စစ်မေးနေကြတုန်းပဲ "ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

Wednesday, August 31, 2022

အမာမြို့နယ်တွင် ပင်လယ်ထဲမျောပါလာသည့် စက်လှေပေါ်တွင် သေဆုံးနေသူ ၆ ဦးနှင့် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မဇ္စျိမ
ဩဂုတ် ၃၁ ၂၀၂၂

မဇ္စျိမ။ ။ ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်၊အမာမြို့နယ် ဂယက်ကြီးကျေးရွာတွင် ပင်လယ်ထဲမှ မျောပါလာသည့် စက်လှေပေါ်တွင် သေဆုံးနေသူ ခြောက်ဦးနှင့် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးထားသည်ဟု ဒေ သခံများထံက သိရသည်။

သြဂုတ်လ၂၉ ရက်နေ့က ဂယက်ကြီးကျွန်းအနီးတွင် ပင်လယ်ထဲမှ စက်ပျက်ပြီး မျောလာသည့် ရိုဟင်ဂျာများတင် ဆောင်လာသည့် စက်လှေကို စစ်ကောင်စီတပ်များက သေနတ်များပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Monday, August 29, 2022

သံတွဲမြို့နယ်မှာ ရိုဟင်ဂျာ ၅၀ ကျော် ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.29

သံတွဲမြို့နယ်မှာ ရိုဟင်ဂျာ ၅၀ ကျော် ဖမ်းဆီးခံရ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖမ်းဆီခံထားရသည့် ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ တွေ့ရစဉ် ,ဓါတ်ပုံ -ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ မှိုဟင်းပြင်ရွာအနီးမှာ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၂၆ ရက်နေ့အထိ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၅၃ ဦး ဖမ်းဆီးရမိခဲ့တယ် လို့ ရခိုင်ပြည်နယ် စစ် ကောင် စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။ 

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ မောင်တောမြို့နယ်ကနေ ရန်ကုန်မြို့ကို သွားရောက်အလုပ် လုပ်ကိုင်ဖို့ ထွက် လာကြတာဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့က လေပြင်းမုန်တိုင်းကြောင့် စက်လှေ ပျက်စီးသွားတဲ့အတွက် ကမ်း ခြေအနီးက တောထဲမှာ ပုန်းနေချိန် ဖမ်းမိတာလို့ ဆိုပါတယ်။


Tuesday, September 14, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ရိုဟင်ဂျာ ၂၃ဦး မဲဆောက် မြို့မှာ ဖမ်းဆီးခံရ

VOA
ဗွီအိုအေမြန်မာပိုင်း
အေးအေးမာ
13 စက်တင်ဘာ၊ 2021
မဲဆောက်မှာဖမ်းမိတဲ့ ရိုဟင်ဂျာများ(ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့)
 
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံအာဏာပိုင်တွေက စက်တင်ဘာ လ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်ရှာဖွေရာပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် မလေး ရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ ဖမ်းဆီးခံရတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */