" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 24, 2023

ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.03.24 

မွန်ပြည်နယ် သံဖြူဇရပ်မြို့အား တွေ့ရစဉ်။

မလေးရှားကိုသွားမယ့် ရိုဟင်ဂျာ ၁၅၀ နီးပါးကို မွန်ပြည်နယ် သံဖြူဇရပ်မှာ စစ်ကောင်စီက ဖမ်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာ အရာရှိတစ်ယောက်က ပြောတဲ့ အကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြထား ပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ အဖွဲ့တစ်ဖွဲ့ကိုဖမ်းမိတာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ရွာနှစ်ရွာကြားက တောစပ်နားမှာ ပုန်းနေကြပြီး မနေ့ညကတည်းက ရှာဖွေတွေ့ရှိတာလို့ ပြောပါတယ်။

ကနဦးရရှိတဲ့ သတင်းတွေအရ အဲဒီလူတွေဟာ ရခိုင်ပြည်နယ်ကနေ မွန်ပြည်နယ်ဘက်ကို စက်လှေတွေနဲ့ထွက် လာပြီး အဲဒီကနေတဆင့် ထိုင်းနိုင်ငံကိုသွားမှာဖြစ်သလို၊ ထိုင်းကနေ တစ်ခါ မလေးရှားကို ကုန်းလမ်းကနေသွား ကြမှာလို့ အဲဒီအရာရှိက ပြောပါတယ်။

ဒီလူတွေနဲ့ပတ်သက်လို့ သူတို့ကိုပို့တဲ့ လူမှောင်ခိုလို့ယူဆရတဲ့ ရိုဟင်ဂျာမဟုတ်တဲ့သူတွေပါ ဖမ်းမိသလို၊ နောက် ထပ်လူ ၃၀ ကိုလည်း ရှာနေတယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို နောက်လမှာပြန်ခေါ်ဖို့စီစဉ်နေတယ်လို့ စစ်ကောင်စီဘက်က ပြော ထားတဲ့ရက်ပိုင်းမှာပဲ ဒီလူတစ်ရာကျော်ကို ဖမ်းလိုက်တာ ဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */