" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 22, 2023

သာယာဝတီမြို့နယ်မှာ ရိုဟင်ဂျာ ၃၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.02.22

သာယာဝတီမြို့နယ်အတွင်း ရိုဟင်ဂျာများကိုတင်ဆောင်လာသည့် ကားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်က ဖမ်းဆီးစစ်ဆေးနေစဉ်။ Citizen Journalist


ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ဂွေးချောင်းရွာအနီး ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ ဖေဖော်ဝါရီလ ၂၁ ရက် နေ့ လယ်က ရိုဟင်ဂျာ ၃၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သာယာဝတီမြို့ခံတွေက RFA ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေအထဲ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး လေးဦး ပါဝင်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ရခိုင်ပြည်နယ်ကနေတဆင့် ရန်ကုန်မြို့ကိုထွက်လာစဉ် လမ်းခုလတ်မှာပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။


ရန်ကုန်-ပြည် ကားလမ်းမပေါ်က စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာလို့ လုံခြုံ ရေး အရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အဲဒီဂိတ်မှာ ကားတွေလာရင် စစ်ကောင်စီတပ်က အကုန်ဖွင့်ပြီး စစ်ဆေးနေတာ။ ရိုဟင်ဂျာတွေ လိုက်လာတဲ့ ကားကလည်း အစစ်ခံ လိုက်ရတာပေါ့။ ကားရဲ့ အနောက်ဘက်ကို ဖွင့်ပြီးစစ်လိုက်တော့ အထဲမှာ ရိုဟင်ဂျာတွေ ပါလာတာကိုတွေ့တာ။ အခုသူတို့ကို ဖမ်းထားတယ်”

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို သုံးဆယ်မြို့ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲဆိုမလဲဆို တာ မသိရသေးဘူးလို့ သူကဆိုပါတယ်။

နေရပ်ကိုစွန့်ခွာပြီး နယ်မြေသစ်ရှာတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရရင် စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အား ဝန်ကြီးဌာနရဲ့ လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ - ၆(၂)၊ ၆(၃) နဲ့တရားစွဲပြီးထောင် နှစ် နှစ်ကနေ ငါးနှစ်အထိ ချလေ့ရှိတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၁၉ ရက်နေ့တွေကလည်း မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၉၆ ဦး မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးရင် အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁,၉၈၄ ဦး ရှိနေပြီး အဲဒီထဲက ၄၇၈ ဦးကိုတော့ စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ထောင် နှစ်နှစ် ကနေ ငါးနှစ်အထိ ချမှတ်ထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */