" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 2, 2023

ပြည်ပသွားမယ့် ရိုဟင်ဂျာတွေ ဖမ်းဆီးခံရ

VOA
ဗွီအိုအေမြန်မာပိုင်း
ခွာညို
၀၃ ဖေဖော်ဝါရီ၊ ၂၀၂၃

(မှတ်တမ်းပုံ - လှေစီးပြေး ဒုက္ခသည်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်လာကြသည့် ရိုဟင်ဂျာများ )

ရခိုင်ပြည်နယ်ကနေ ပြည်ပကို သွားဖို့ကြိုးစားကြတယ်လို့ဆိုတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တွေ မြို့အနီးမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ စားဝတ်နေရေး အခက်အခဲ တွေကြောင့် ပွင့်လင်းရာသီ ရောက်ပြီဆိုရင် ပြည်ပနိုင်ငံတွေမှာ အခွင့်အလန်းရှာဖို့ ရိုဟင်ဂျာတွေ အန္တရာယ်များ တဲ့ ရေကြောင်းကနေ သွားလေ့ ရှိကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခွာညိုကတင်ပြပေး ပါမယ်။

 အသွားအလာကန့်သတ်ခံထားရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ နှစ်စဉ်ပွင့်လင်းရာသီရောက်ပြီဆိုရင် ပြည်ပနိုင်ငံတွေကို သွားဖို့ ကြိုးစားလေ့ ရှိကြပြီး၊ မကြာခဏလမ်းခရီးမှာ ဖမ်းဆီးခံရတာ၊ အသက်ဆုံးပါးရ တာ တွေလည်း ကြုံရလေ့ရှိပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာလည်း စစ်တွေမြို့အနီး ပင်လယ်ပြင်မှာ ရေကြောင်း ကနေ တရားမဝင် သွားရောက်ဖို့ ကြိုးစားခဲ့ကြသူ ၃၆ ဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေး မှူး ဦးကျော်လွင်က အတည်ပြုပေမဲ့ အတိအကျတော့ မသိဘူးလို့ ပြောပါတယ်။

“သူတို့အဲဒီမှာ ၃၆ယောက်မိတာတော့ ဟုတ်တယ်။”

ဖမ်းဆီးခံရသူတွေဟာ စစ်တွေ ရသေ့တောင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ဖြစ်ပြီး ပွဲစားတွေအ ချိန်အဆက်နဲ့ မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားကြတာလို့လည်း နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာကျန်တဲ့ မွတ်ဆလင်အများအပြားဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေ ရတာ အခုဆိုရင် ဆယ် စုနှစ်တခုအထိ ရှိနေပြီဖြစ်ပါတယ်။ ဒုက္ခစခန်းတွေထဲမှာ အလုပ်အ ကိုင်မရှိဘဲ စားဝတ်နေရေးကြပ်တည်းကြတဲ့ အတွက် တခြားနိုင်ငံတွေကို ထွက်ပြေးချင်ကြ တာဖြစ်တယ်လို့ စစ်တွေမြို့နယ် သက်ကယ်ပြင်မွတ်ဆလင် ဒုက္ခ သည် စခန်းက ဦးမောင်လေး ကပြောပါတယ်။

“အဓိက ထွက်ပြေးနေတာက အလုပ်အကိုင်အဆင်မပြေဘူး စားဝတ်နေရေး အဆင်မပြေဘူး၊ နောက် နေရေးထိုင် ရေး အဆင်မပြေဘူး။ အဲတာကြောင့် တဖက်နိုင်ငံကို အလုပ်လုပ်ဖို့ သွားကြတာ၊ ဒီနို်င်ငံမှာ ဘာအလုပ်တခုမှ မရှိ တာကို ဘယ်မှလည်းထွက်လို့မရ၊ သွားရင်လည်း ပိုက်ဆံ တောင်းတယ် ပို်က်ဆံပေးရတယ်၊ ဟိုနားကနေဒီနားသွား ရင် ရဲတွေ ဖမ်းတယ်၊ ဟိုဖက်က သွားရင်လဲ စစ်သားတွေ ဖမ်းတယ်၊ အဲလိုပဲမွတ်ဆလင်တွေက တခြားမြို့နယ်ကို သွားလို့ မရဘူးလေ။”

ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ မွတ်ဆလင်တွေကို နိုင်ငံခြားပို့ပေးမယ်လို့ လူကုန်ကူးတွေက လာရောက် ဖြားယောင်း တာ တွေရှိတယ်လို့လဲ မွတ်ဆလင်ဒုက္ခသည် ဦးမောင်လေး ကပြောပါတယ်။

“ပွဲစားတွေ လာပြီးတော့ စည်းရုံးတာတွေ နောက်ပြီးတော့ အာဏာပိုင်တွေနဲ့အဆင်ပြေသလိုလို လုပ်နေတာပွဲစား တွေ က၊ ပွဲစားတွေကို ဒီမှာကတည်းပိုက်ဆံပေးရတာရှိသလို မပေးရင်လဲ တဖက်နို်င်ငံကိုရောက်မှ ပိုက်ဆံပေးရ တာတွေရှိတယ်၊ အဓိက ပွဲစားတွေကို မဖမ်းဘူး အမှန်တော့ ပွဲစားတွေကို ဖမ်းရမှာ၊ ဖမ်းရင်လဲ လွတ်လိုက်တယ်၊ ရဲကဖမ်းရင်လဲ လွတ်တယ်၊ စစ်တပ်ကဖမ်းရင်လဲ တရားရုံးမှာ လွတ်လိုက်တယ်။”

ရခိုင်ပြည်နယ်မှာ အသွားအလာကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် လူကုန် ကူး တွေရဲ့ အကူအညီနဲ့ တရားမဝင်လမ်းကြောင်းကနေပြည်ပနိုင်ငံတွေကို မကြာခဏဆိုသလို ထွက်ပြေးဖို့ ကြိုး စား လေ့ရှိပါတယ်။ အဲလို သွားကြသူတွေကို မြန်မာ့ပိုင်နက်ထဲမှာ ဖမ်းမိသူတချို့တချို့ရှိသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေရဲ့ ပိုင်နက်တွေမှာ ဖမ်းဆီးမိတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */