" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒီဗီြဘီ. Show all posts
Showing posts with label ဒီဗီြဘီ. Show all posts

Friday, February 8, 2019

အေအေကိုအပြုတ်တိုက်ပါက ရခိုင်-ဗမာ လူမျိုး ကြား ငြိမ်းချမ်းရေးပျက်သွားစေနိုင်ဟု သတိပေး

DVB, By
7 February 2019

ရက္ခိုင့်တပ်မတော် (အေအေ) ကို အပြုတ်တိုက်ပါက ရခိုင်နဲ့ ဗမာ လူမျိုးကြား ငြိမ်းချမ်းရေး ပျက်သွားစေနိုင် တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၉ ခုက သဘောထား ထုတ်ပြန်လိုက်ပါတယ်။

Thursday, February 7, 2019

AA ကို အပြုတ်တိုက်ပါက ငြိမ်းချမ်းရေး ပျက်သွား စေနိုင်လို့ သတိပေး

AA ကို အပြုတ်တိုက်ပါက ငြိမ်းချမ်းရေး ပျက်သွားစေနိုင်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့စည်း ၄၉ ခုက သတိပေးလိုက်ပါတယ်။ DVB TV - 07.02.2019

Sunday, February 3, 2019

မသင်္ကာသူ နှစ်ဦးကို စစ်ဆေးဖို့ ခေါ်ရာမှ ပစ္စတို တစ်လက်နှင့် ကျည်များကို ဖမ်းဆီးရမိ

ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ဖေဖေါ်ဝါရီ ၃ ။ ။ လက်နက်ကိုင်တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီး တောင်မြို့နယ်တွင် ဖေဖေါ်ဝါရီ ၃ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာသူ နှစ်ဦးကို စစ်ဆေးဖို့ ခေါ်ရာမှ ပစ္စတိုတစ်လက်နှင့် ကျည်များကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

DVB - ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ရှိနေ





ရခိုင်ပြည်နယ် ရ​သေ့​တောင်​မြို့နယ်​​ ကျောက်​တန်း​ကျေးရွာနဲ့ ထီးစွဲ​ကျေးရွာကြား တံတား အနီး ဖေဖော်ဝါရီ ၃ ရက်နေ့မနက်​ ၁၀ နာရီ​ကျော်​လောက်က ​ပေါက်​ကွဲမှုတ​ခုဖြစ်​ပွားခဲ့​တယ်ဆိုတာဟုတ်မဟုတ်ကို အတည်ပြု ဆဲဖြစ်တယ်လို့ တပ်​မ​တော်​သတင်းမှန်ပြန်​ကြား​ရေးအဖွဲ့ တာဝန်​ခံ ဗိုလ်​မှူးချုပ်​​ဇော်​မင်းထွန်းက DVB ကိုပြော ကြားပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံတဦးကတော့ ကျောက်​တန်း ​ကျေးရွာ နဲ့ ထီးစွဲအကြား တံတား ဘက် ​ကနေ ​ပေါက်​ကွဲသံတခု ​တော့ကြားလိုက်ရတယ်လို့ ပြောလိုက်ပါတယ်။

လင့်၊ https://www.youtube.com/watch?v=O3dICsuNkzk&feature=share

Friday, January 25, 2019

မြန်မာရဲကင်းစခန်း ပစ်ခတ်ခံရ၍ ၃ ဦး ဒဏ်ရာရ၊ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ခေါ်ယူသတိပေး

25 January 2019  ဒီဗွီဘီ

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရှိ နယ်ခြားစောင့် ရဲကင်း စခန်းတခု ပစ်ခတ်ခံရလို့ မြန်မာ ဘက်က ၃ ဦး ဒဏ်ရာရပြီး ဒီပစ်ခတ် ခံရမှုနဲ့ ပတ် သက်လို့ ဘင်္ဂလားဒေ့ရှ် သံအ မတ်ကို ခေါ်ယူတွေ့ဆုံ သံတမန် စာ ပေးအပ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

Sunday, January 20, 2019

မင်းတုန်းတွင် အ​ထောက်​ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၅ ဦးနှင့် ပို့ေ​ဆာင်​သူ ၆ ဦးကို ဖမ်းမိ

ဒီဗွီဘီ၊ 20 January 2019
 

မ​ကွေးတိုင်း​ဒေသကြီး မင်းတုန်းမြို့နယ်​မှာ ဇန်​နဝါရီ ၂၀ ရက်​ မနက်​ပိုင်းက အ​ထောက်​ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၅ ဦးနဲ့ အခ​ကြေး​ငွေယူပြီး ပို့​ဆောင်​သူ ၆ ဦးကို ​မော်​​တော်​ယာဉ်​ နှစ်​စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မင်းလှမြို့နယ်​ ​ရေနံမနယ်​​မြေစခန်းမှူး ရဲအုပ်​မျိုးမင်းထွန်းက အ​ထောက်​ထားမဲ့ ဘင်္ဂါလီလူမျိုး​တွေ ဝင်​​ရောက်​​ နေတယ်​လို့ သတင်းရတဲ့အတွက်​ ဇန်​နဝါရီ ၁၉ ရက်​​နေ့က​နေ ၂၀ ရက်​​နေ့ထိ ရဲတပ်​ဖွဲ့ဝင်​​တွေ အဖွဲ့ခွဲပြီး ပုသိမ်​မုံရွာလမ်းတ​​လျှောက်​ ပိတ်​ဆိုရှာ​ဖွေခဲ့တာလို့ ပြောပါတယ်။

Saturday, January 19, 2019

နယ်ခြားစောင့်တပ်ဖွဲ့ ယာဉ်တန်းအား ARSA အဖွဲ့ တိုက်ခိုက်သည့်ဗွီဒီယို ပျံ့နှံ့ (ရုပ်သံ)


နယ်ခြားစောင့်တပ်ရင်းက ရဲမှူးကြီး တင့်လွင်နဲ့အဖွဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့က တိုက်ခိုက် ခဲ့တာ ဟာ သူတို့အဖွဲ့ဖြစ်တယ်လို့ ARSA အဖွဲ့ရဲ့ မှတ်တမ်းဗွီဒီယိုတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

Friday, January 18, 2019

အေအေကို ခြေမှုန်းရန် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွန်ကြားခဲ့ဟု တပ်မတော်ရှင်းလင်း

By ဒီဗွီဘီ
18 January 2019

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကို ထိရောက်စွာ ခြေမှုန်းဖို့ သမ္မတရုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ညွှန်ကြားခဲ့တာလို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။

Wednesday, January 16, 2019

မောင်​​တောမြောက်​ပိုင်းတွင် လက်​နက်​ကြီးကျပြီး လူငယ် ၂ ဦးဒဏ်ရာရ


ရခိုင်ပြည်နယ်၊ မောင်​​တောမြို့နယ်​​မြောက်​ပိုင်း ရန်​​အောင်​မြင်​​ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း က လက်​နက်​ကြီးကျပြီး ​နေအိမ်​တလုံး မီး​လောင်ကာ ဒိုင်း​နက်​လူမျိုး​ ရွာသား ၂ ဦး ဒဏ်​ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Wednesday, January 9, 2019

“ဒါ ရခိုင်ပြည်သူတွေကို စိန်ခေါ်တာပဲ” – အေအေပြောခွင့်ရ ဦးခိုင်သုခနှင့် မေးမြန်းချက်



ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) ဟာ ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားမှုနယ်မြေရဖို့ အတွက် အာဆာ အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီ ၇ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Monday, January 7, 2019

အေအေကို သောင်းကျန်းသူအဖြစ် စစ်ဆင်ရေး ပြုလုပ် နှိမ်နင်းရန် သမ္မတရုံး ညွန်ကြား

ရက္ခိုင့်တပ်မတော် (အေအေ)ကို သောင်း ကျန်း သူ နှိမ်နှင်းရေး စစ်ဆင်ရေးတွေပြုလုပ်ဖို့ သမ္မတရုံး က ညွန် ကြား ထားပြီးဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြား လိုက် ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာ ရဲကင်းစခန်းတွေ တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ နေပြည် တော် မှာပြုလုပ်တဲ့ သတင်း စာရှင်းပွဲမှာ ပြောကြား ခဲ့ တာပါ။

“ဟိုဘက်မှာ အေအေ လက်နက်ကိုင်အဖွဲ့လို့ ကျနော်တို့ ဆွေးနွေးတယ်။ ဒီဘက်မှာ ကျနော်တို့ ထုတ်တာက အေအေ သောင်းကျန်းသူအဖွဲ့ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ တပ်မတော်ကို ညွှန်ကြားထားတာ က သောင်းကျန်းသူနှိမ်နှင်းရေးစစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ ကျနော်တို့ သမ္မတရုံးအနေနဲ့ ညွန် ကြားထားပြီးဖြစ်ပါတယ်လို့ အဲဒါလေးပြောချင်တယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

Thursday, November 8, 2012

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စစ်ဗိုလ်တဦး သတ်ဖြတ် ခံရ

DVB
08-11-2012
By အေးနိုင်

ရခိုင်ပြည်နယ် မောင်တောမြို့ နှစ်နိုင်ငံနယ်စပ်အနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က လမ်းဖောက် လုပ်နေ တဲ့ မြန်မာ့တပ်မတော် စစ်အင်ဂျင်နီယာတပ်က ဗိုလ်တဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ရဲဘော်တချို့ကို ဖမ်းဆီး ခေါ် ဆောင်သွားတယ်လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

“တနေ့က လမ်းပိုင်းဆက်သွယ်ရေးလုပ်တာ ဂျီအီးက၊ စစ်တပ်ကပေါ့။ ဗိုလ်ကြီးတယောက် သေနတ်နဲ့ ပစ်ခံပြီး တော့ သေဆုံးသွားတယ်။ နောက် ၂ ယောက်ကို ခေါ်ဆောင်သွားတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ ဆိုတာတော့ ခုထက်ထိ မသိသေးဘူး။”
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */