ပြည့်ဘုန်းအောင်
January 09, 2019
ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) ဟာ ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားမှုနယ်မြေရဖို့ အတွက် အာဆာ အကြမ်း ဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီ ၇ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ဒီလိုပြောဆိုချက်တွေဟာ နိုင်ငံရေးအရ ထိုးနှက်ချက်သာဖြစ်ပြီး အေအေအဖွဲ့အနေနဲ့ အာဆာနဲ့ ပူးပေါင်းမှု မရှိဘူးလို့ ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
ဦးခိုင်သုခနဲ့ ဒီဗွီဘီ ဆက်သွယ်မေးမြန်းချက်အပြည့်အစုံ
မေး – အစိုးရဘက်ကတော့ အေအေကို အာဆာနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲ ပြောဆိုထားတာရှိတယ်၊ အဲတော့ ဘယ်လိုပြန်ဖြေရှင်းချင်သလဲခင်ဗျာ။
ဖြေ – “ကျနော်တို့ကတော့ လုံးဝ ပတ်သက်မှု မရှိဘူးဗျာ။ ပတ်သက်မှုမရှိတာပဲ ကျနေ်ာတို့ ရှင်းရှင်းလင်းလင်း ပြောနိုင်တယ်လေ။ ပတ်သက်မှုမရှိတဲ့ဥစ္စာကို ရှင်းပြဖို့က အတော်ပြောရခက်တာပေါ့။ ကျနော်တို့က ပတ် သက်မှုရှိသလားဆိုတာ မရှိဘူးလို့ ရှင်းရှင်းလင်းလင်းပဲ ပြောလို့ရတယ်။”
မေး – အစိုးရဘက်ကတော့ အေအေနဲ့ အာဆာအဖွဲ့ ဘယ်နေ့တုန်းက ဘယ်လိုတွေ့တယ်၊ အချက်အလက်နဲ့ အဲလို အခိုင်အမာပြောထားတာ ရှိတော့လေ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်က ပြောတာပါခင်ဗျာ။
ဖြေ – “အဲဒီဥစ္စာက ဒီလိုပါ။ ဦးဇော်ဌေးတို့ပြောတဲ့ အစည်းအဝေး ဘယ်မှာတွေ့တယ် ဘာညာဆိုတဲ့ဟာက ဒါ အခြေအမြစ်မရှိတဲ့ ကိစ္စတွေဗျာ။ အဲဒီအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေက နေပြီးတော့ ကျနော်တို့ ရက္ခိုင့် တပ်မတော်ရဲ့ ပုံရိပ်ကို ပြည်သူလူထုတွေရဲ့အမြင်မှာ၊ နောက် မဟာမိတ်တွေရဲ့ အမြင်မှာ၊ နိုင်ငံတကာရဲ့ အမြင်မှာ အဲလိုမျိုး ကျနော်တို့ရဲ့ပုံရိပ်ကို ညှိုးနွမ်းစေချင်လို့ သူတို့ဘက်ကနေ တမင်လုပ်ကြံပြီးတော့ပြောတဲ့ နိုင်ငံရေးပြစ်မှုတွေပဲလို့ ကျနော်တို့က အဲလိုပြောချင်တယ်။”
မေး – ဟုတ်ကဲ့ဗျာ။ နောက်တခါ ရခိုင်လူထုကိုလည်း အေအေကို မထောက်ခံကြဖို့ ဦးဇော်ဌေးက ပြောသွား တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ကော။
ဖြေ – “ဒီဟာကတော့ ရခိုင်ပြည်သူတရပ်လုံးကို နိုင်ငံတော်သမ္မတရုံးက ခြိမ်းခြောက်တယ်လို့ပဲ ကျနော်တို့ က အဲလိုပဲ ပြောချင်တယ်ဗျာ။ ဒါ ရခိုင်ပြည်သူတွေကို စိန်ခေါ်တာပဲဗျာ။ ဒီ နိုင်ငံတော်သမ္မတရုံးအနေနဲ့ အဲလို မျိုး ပြည်သူတွေကို အကြပ်ကိုင် ခြိမ်းခြောက်တဲ့ဥစ္စာက ဒါ အစိုးရတရပ်အနေနဲ့ မလုပ်သင့်တဲ့အလုပ်ကို သူ တို့လုပ်တာဖြစ်တယ်။”
မေး – အခုဆိုရင် တပ်မတော်နဲ့အစိုးရနဲ့က သဘောထားတခုတည်းလို့ ဆိုပြီးတော့ ဦးဇော်ဌေးက ပြောသွား တာတွေ့တယ်။ တကယ်လို့ တပ်မတော်ဘက်ကနေ အေအေကို စစ်ဆင်ရေးတွေ လုပ်လာမယ်ဆိုရင် အေ အေအနေနဲ့ ဘယ်လိုတုံ့ပြန်သွားဖို့ရှိလဲ။
ဖြေ – “ကျနော်တို့ကတော့ ဒီရခိုင်ပြည်သူတွေနဲ့အတူ လက်တွဲပြီးတော့ ဘယ်လိုလာပြီးတော့ ကျူးကျော် တိုက်ခိုက်မှုမျိုးကိုမဆို ကျနော်တို့ကတော့ အကောင်းဆုံး အစွမ်းကုန် ခုခံတိုက်ခိုက်သွားမယ်ဗျာ။”
မေး – လက်ရှိအခြေအနေက တင်းမာနေတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလမ်းစဉ်က ဘယ် လိုဖြစ်သွားနိုင်တယ်ဆိုတာကို ပြောပြပေးပါဦး။
ဖြေ – “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျနေ်ာတို့က သဘောထားထုတ်ပြန်ချက်ကတော့ ထုတ်ပြန်ထား ပြီးသားဖြစ်တယ်။ ကျနော်တို့ မဟာမိတ် ၃ ဖွဲ့အနေနဲ့ ထုတ်ပြန်ထားတာရှိတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျနော်တို့ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ဥစ္စာကို ထုတ်ပြန်ထားပြီးသား။ အခုအချိန်ထိလည်းပဲ ကျနော် တို့က တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ တံခါးဖွင့်ထားတုန်းပဲဗျာ။”
မေး – အခု ဒီဖြစ်စဉ်မှာပဲ တရုတ်သံရုံးဘက်ကလည်း ကြေညာချက်ထုတ်ပြီးတော့ ကန့်ကွက်ပြောဆိုထားတဲ့ ကိစ္စလည်း ရှိတော့ မြောက်ပိုင်းအဖွဲ့အနေနဲ့ရော၊ အေအေအဖွဲ့ကို သီးခြား ငြိမ်းချမ်းရေးလမ်းစဉ်သွားဖို့ ပြော ဆိုဆွေးနွေးလာတာတွေကော ရှိလား။
ဖြေ – “ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ FPNCC နဲ့ PC ကြားမှာ ဒီဇန်နဝါရီလ လယ် လောက်မှာ ပြန်တွေ့မယ်ဆိုပြီးတော့ အရင်တုန်းက ညှိနေကြတာရှိတယ်။ ဒါပေမယ့် အခုနောက်ဆုံးအနေ အထား ဘယ်လောက်ထိ ရောက်နေပြီလဲဆိုတာကို ကျနော်တို့လည်း သေချာမသိဘူး။”
မေး – အဲလို ပဋိပက္ခတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ အစိုးရအဖွဲ့ကော၊ တပ်မတော်ဘက်ကကော အေအေ ဘက်ကို လက်ရှိနိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ ဖိတ်ခေါ်တာမျိုး ရှိလား။
ဖြေ – “မရှိဘူးဗျာ။”
မေး – ဇန်နဝါရီ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး ပြောသွားတာတွေနဲ့ ပတ်သက်ပြီး အေအေ ဘက်က ဘာတွေများ ဖြည့်စွက်ပြောချင်တာ ရှိဦးမလဲ။
ဖြေ – “ဦးဇော်ဌေးကတော့ အေအေ သောင်းကျန်းသူတွေကို နှိမ်နှင်းမယ်ဆိုပြီးတော့ သူတို့ အဲလိုမျိုး ကျနော်တို့ကို သောင်းကျန်းသူအနေနဲ့ တံဆိပ်ကပ်တာပဲ ကျနော်တို့ တွေ့တယ်။ ဒါပေမယ့်လို့ ကျနော် တို့ဘက်က ပြန်ပြောချင်တာက တကယ်သောင်းကျန်းနေတာ ဘယ်သူလဲ ဆိုတဲ့ဥစ္စာကိုတော့ ဒါ သိဖို့လို တယ်ဗျာ။ နော်။”
ဟုတ်ကဲ့ပါ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

link: Here

No comments:
Post a Comment