January 19, 2019
နယ်ခြားစောင့်တပ်ရင်းက ရဲမှူးကြီး တင့်လွင်နဲ့အဖွဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့က တိုက်ခိုက် ခဲ့တာ ဟာ သူတို့အဖွဲ့ဖြစ်တယ်လို့ ARSA အဖွဲ့ရဲ့ မှတ်တမ်းဗွီဒီယိုတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီဗွီဒီယိုဖိုင်ထဲမှာ မျက်နှာဖုံးဝတ်ထားတဲ့ သူတွေဟာ ရဲကားတန်းဖြတ်တဲ့အချိန်မှာ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တိုက်ခဲ့သလို ကားဖြတ်မောင်းသွားပြီးတဲ့အခါမှာလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ တွေ့ ရပါတယ်။
မျက်နှာဖုံးဝတ်ထားသူတဦးက သူတို့ဟာ ARSA အဖွဲ့က ဖြစ်ပြီး ဒီနေ့ဟာ ၂ဝ၁၉ ဇန်နဝါရီ ၁၆ ရက်နေ့ ဖြစ် တယ်လို့လည်း ပြောထားပါတယ်။ ဗွီဒီယိုဖိုင်မှာ ARSA အဖွဲ့ရဲ့ လိုဂိုလည်း တပ်ထားပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့က ရဲမှူးကြီးတင့်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ရဲကင်းစခန်းတွေကို လှည့်လည် စစ် ဆေးပြီး ပြန်လာချိန် တိုက်ခိုက်ခံခဲ့ရတာပါ။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ရဲမှူးကြီး တင့်လွင်အပါအဝင် ရဲမှူး သိန်းထိုက်၊ ရဲတပ်ကြပ်သိန်းဦး၊ ရဲတပ်သား မျိုးကျော်လွင်၊ ရဲတပ်ကြပ် နှင်းအောင်ထိုက် စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်မောင်းဖြစ်တဲ့ ရဲတပ်သား မျိုးကျော်လွင်ကတော့ မေးရိုးပါးစောင် ထွင်းဖောက်ဒဏ်ရာရရှိခဲ့တာကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးကနေ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ ရောက် ရှိပြီး ဆေးကုသမှု ခံယူနေပါတယ်။
ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းကို ရဲယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ လောလောဆယ် ဖြေကြားလို့ မရသေးကြောင်း ဒီဗွီဘီကို ပြောပါတယ်။
Link : Here

No comments:
Post a Comment