DVB
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရှိ နယ်ခြားစောင့် ရဲကင်း စခန်းတခု ပစ်ခတ်ခံရလို့ မြန်မာ ဘက်က ၃ ဦး ဒဏ်ရာရပြီး ဒီပစ်ခတ် ခံရမှုနဲ့ ပတ် သက်လို့ ဘင်္ဂလားဒေ့ရှ် သံအ မတ်ကို ခေါ်ယူတွေ့ဆုံ သံတမန် စာ ပေးအပ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်ဖို့ လုံခြုံရေး ဆောင်ရွက်နေတဲ့ နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းကို ဇန်နဝါရီ ၂၄ ရက် မနက် ၇ နာရီ ၄၄ မိနစ်လောက်က နယ်စပ်ခြံစည်းရိုးမှ မီတာ ၂၀၀ အကွာခန့် နေရာကနေ ဗုံးပစ် လောင်ချာ ဗုံးသီး ၄ လုံး၊ လက်နက်ငယ် အချက် ၂၀၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါ တယ်။
ဒီပစ်ခတ်မှုကြောင့် ရှေ့တန်းအမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲက ရဲတပ်သား သန်းမြင့် လက်နက်ငယ် ရှပ်မှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ရဲတပ်သားစိုးသန်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) နဲ့ နယ်စပ်ခြံစည်း ရိုးပြင် အလုပ်သမား ကျော်မျိုးလွင် လက်နက်ကြီးစ ရှပ်မှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ် သံအမတ်ကို ခေါ်ယူတွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးပြုပြီး မြန်မာနိုင်ငံကို ထိ ပါးနှောင့်ယှက် ရန်ပြုလာတာကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးဖို့ ပြောကြားပြီး သံတမန်စာ ပေး အပ်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Link : Here
No comments:
Post a Comment