Thursday, November 8, 2012

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စစ်ဗိုလ်တဦး သတ်ဖြတ် ခံရ

DVB
08-11-2012
By အေးနိုင်

ရခိုင်ပြည်နယ် မောင်တောမြို့ နှစ်နိုင်ငံနယ်စပ်အနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က လမ်းဖောက် လုပ်နေ တဲ့ မြန်မာ့တပ်မတော် စစ်အင်ဂျင်နီယာတပ်က ဗိုလ်တဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ရဲဘော်တချို့ကို ဖမ်းဆီး ခေါ် ဆောင်သွားတယ်လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

“တနေ့က လမ်းပိုင်းဆက်သွယ်ရေးလုပ်တာ ဂျီအီးက၊ စစ်တပ်ကပေါ့။ ဗိုလ်ကြီးတယောက် သေနတ်နဲ့ ပစ်ခံပြီး တော့ သေဆုံးသွားတယ်။ နောက် ၂ ယောက်ကို ခေါ်ဆောင်သွားတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ ဆိုတာတော့ ခုထက်ထိ မသိသေးဘူး။” နောက်ထပ်သတင်းရင်းမြစ်တဦးအဆိုအရ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ သေ နတ် သမားတွေက ဘာကြောင့်ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တောင်းဆိုတာ မကြား သိ ရသေးပါဘူး။

ဒီသေနတ်ပစ်ခတ်မှုဟာ ဇွန်လဆန်းကစတင်တဲ့ ရခိုင်ပဋိပက္ခ္ခဖြစ်စဉ်မှာ အစိုးရဘက်က လုံခြုံရေးအင်အား တိုး မြင့် ချထားတဲ့ကြားက ပထမဆုံး သေနတ်ဒဏ်ရာနဲ့ တပ်မတော်သားတဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။အသေး စိတ်မသိနိုင်ပေမယ့် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို ကယ်တင်နိုင်ဖို့ တပ်မတော်တပ်ဖွဲ့က လိုက်လံရှာဖွေနေ တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ ဗန္ဓုလရွာလို့ သိရတယ်လို့ အဲဒီမြို့ခံက ပြောပါတယ်။ “ဖြစ်တဲ့ ဗန္ဓုလရွာက မွတ်စ လင် တွေရှိတယ်။ ထောင်မှာနေတဲ့ ဗုဒ္ဓဘာသာဝင်လူမျိုးတွေရှိတယ်။ အဲဒီရဲဘော်တွေဟာ မောင်တော နယ်မြေ ၁ နဲ့ ၂ ကနေ ရခိုင် ပလက်ဝဘက်ကို လမ်းဖောက်နေတဲ့ အဖွဲ့တွေထဲကဖြစ်ပါတယ်။ ဖြစ်တာက ၆ ရက်နေ့ ညနေ ၆ နာရီလောက်လို့ သိရပါတယ်။”

ဒါနဲ့ ပတ်သက်လို့ အစိုးရဘက်က တစုံတရာထုတ်ပြန်တာမရှိသေးသလို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ပြန် ကြားရေးအဖွဲ့ကိုမေးမြန်းရာမှာ အတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။

“အဲဒီဥစ္စာ ကျနော် အတိအကျမသိဘူးခင်ဗျ။ တပ်ပိုင်းဆိုင်ရာဖြစ်လို့ တပ်ကတော့ ပိုသိမယ်ထင်ပါတယ်။ ဗိုလ် မှူးကြီးထိန်လင်းတော့ ရှိပါတယ်။ သူလည်း အလုပ်အားမယ်တော့ မထင်ဘူး” လို့ ပြောပါတယ်။

တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကို မေး မြန်း ဖို့ ကြိုးစားရာမှာလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီးလှမင်းတို့ ရောက်ရှိနေလို့ အလုပ်များနေ တာကြောင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */