DVB
20 January 2019မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၅ ဦးနဲ့ အခကြေးငွေယူပြီး ပို့ဆောင်သူ ၆ ဦးကို မော်တော်ယာဉ် နှစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
20 January 2019မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၅ ဦးနဲ့ အခကြေးငွေယူပြီး ပို့ဆောင်သူ ၆ ဦးကို မော်တော်ယာဉ် နှစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
မင်းလှမြို့နယ် ရေနံမနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုးတွေ ဝင်ရောက် နေတယ်လို့ သတင်းရတဲ့အတွက် ဇန်နဝါရီ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ရဲတပ်ဖွဲ့ဝင်တွေ အဖွဲ့ခွဲပြီး ပုသိမ်မုံရွာလမ်းတလျှောက် ပိတ်ဆိုရှာဖွေခဲ့တာလို့ ပြောပါတယ်။
“မသင်္ကာစရာ ကား နှစ်စီးတွေ့လို့ နောက်ကလိုက်သွားပြီး မင်းတုန်းမြို့နယ် အလယ်ချောင်း နယ်မြေရဲစခန်းကို လှမ်းပိတ်ခိုင်းတော့ ပရိုဘောက်ကားပဲရပ်ပြီး တစီးနောက်ပြန်လှည့် ပြေးတဲ့အတွက် ရဲအုပ်မျိုးမင်းထွန်း ဦးစီးတဲ့အဖွဲ့က တားဆီးခဲ့ရာ ဘင်္ဂါလီလူမျိုးတွေ မတွေ့ရှိတော့လို့ တောထဲမှာ လိုက်လံရှာဖွေရာ အထောက်ထားမဲ့ ဘင်္ဂါလူမျိုး ၁၅ ဦးဖမ်းမိခဲ့တာပါ” လို့ ကိုပြောပါတယ်။
၂၀၁၇-၂၀၁၈ ခုနှစ်မှာ မင်းလှမြို့နယ် အတွင်းမှာ အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁၃၁ ဦး ဖမ်းဆီးရမိခဲ့ပြီး နောက် ပုသိမ်-မုံရွာ လမ်းတလျှောက်နဲ့ ဆက်စပ်နေရာတွေမှာ ရဲတပ်ဖွဲ့မှ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတာပါ။
အခုနှစ်အတွင်းမှာတော့ ဇန်နဝါရီ ၁၄ ရက်နေ့က အထောက်ထားမဲ့ ဘင်္ဂါလီ ၁ ဦးဖမ်းမိခဲ့ပြီး အခု ၁၅ ဦးနဲ့ ပို့ဆောင်သူ ၆ ဦးကတော့ မင်းတုန်းမြို့နယ်ထဲမှာ ဖမ်းမိတာဖြစ်လို့ အရေးယူဖို့ အယ်ချောင်းနယ်မြေ ရဲ စ ခန်းမှာ အပ်နှံခဲ့တယ်လို့ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ဆိုပါတယ်။
ထောက်ထားမဲ့ ဘင်္ဂါလီ ၁၅ ဦးကို မင်းတုန်းမြို့နယ် လဝက မှာ မှတ်ပုံတင် အက်ဥပဒေနဲ့ အရေးယူထားပြီး အခ ကြေးငွေနဲ့ လိုက်ပါပို့ဆောင်သူ ၆ ဦးကို အလယ်ချောင်း နယ်မြေရဲစခန်းမှာ အခကြေးငွေယူ ပြီး သွေး ဆောင် ခေါ်ယူမှု ရာဇသတ်ကြီး ပုဒ်မ-၃၆၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး
No comments:
Post a Comment