" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 23, 2022

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရ်ှ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 မတ်၊ 2022

Foreign Minister A. K. Abdul Momen 

[[Unicode]]

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရ်ှကြိုဆို

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့လုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိ ကန် ပြည်ထောင်စု က သတ်မှတ်လိုက်တာကြောင့် တာဝန်ယူ တာဝန်ခံမှုနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေ အရှိန်မြင့်လာခြေ ရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Momen က “နောက်ကျပေမယ့် ဒါဟာ သတင်းကောင်းပါ၊ ကျနော်တို့ ဒါကို ကြိုဆိုပါ တယ်” လို့ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု ဘယ်နေရာမှာပဲဖြစ်ဖြစ် အဲဒါကို အသိအမှတ်ပြုသင့်ပြီး ကျူးလွန်သူတွေ အပြစ်ပေး အ ရေးယူမခံရဘဲ ရှိမနေသင့်ပါဘူးလို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မိတ်ဆွေကောင်း နိုင်ငံတခုဖြစ်တယ်လို့ ဝန်ကြီး Momen ကပြောပြီး အခုလို သတ်မှတ်တာကြောင့် မြန်မာနိုင်ငံအပေါ် ဖိအားပိုပေးနိုင်ပြီး ရိုဟင်ဂျာတွေကို သူတို့ဇာတိ ရခိုင်ပြည်နယ်ဆီ ပြန်ခေါ်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်တာကို ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကလည်း ကြိုဆိုကြပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာနိုင်ငံမှာ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက အသိအမှတ်မပြုပါဘူး။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည် အယောက် ၇၀၀ ကိုလက်ခံဖို့ အဆင်သင့် ပြင်ထားတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောထားပါတယ်။


[[Zawgyi/Unicode]]

ျမန္မာႏုိင္ငံ၊ ရခိုုင္ျပည္နယ္က ႐ိုဟင္ဂ်ာေတြအေပၚ စစ္တပ္ရဲ႕လုပ္ရပ္ကို လူမ်ဳိးတုန္းသတ္ျဖတ္မႈအျဖစ္ အေမရိကန္ျပည္ေထာင္စု က သတ္မွတ္လိုက္တာေၾကာင့္ တာဝန္ယူ တာဝန္ခံမႈနဲ႔ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးဆိုင္ရာ ႀကိဳးပမ္းမႈေတြ အရွိန္ျမင့္လာေျခ ရွိတယ္ဆိုၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႀကိဳဆိုလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိ္င္ငံျခားေရးဝန္ႀကီး Abdul Momen က “ေနာက္က်ေပမယ့္ ဒါဟာ သတင္းေကာင္းပါ၊ က်ေနာ္တုိ႔ ဒါကို ႀကိဳဆိုပါ တယ္” လို႔ အဂၤါေန႔က သတင္းေထာက္ေတြကို ေျပာပါတယ္။

လူမ်ဳိးတုန္းသတ္ျဖတ္မႈ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အဲဒါကို အသိအမွတ္ျပဳသင့္ၿပီး က်ဴးလြန္သူေတြ အျပစ္ေပး အေရးယူူမခံရဘဲ ရွိမေနသင့္ပါဘူးလို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ႕ မိတ္ေဆြေကာင္း ႏုိင္ငံတခုျဖစ္တယ္လုိ႔ ဝန္ႀကီး Momen ကေျပာၿပီး အခုလို သတ္မွတ္တာေၾကာင့္ ျမန္မာႏုိင္ငံအေပၚ ဖိအားပိုေပးႏုိင္ၿပီး ႐ိုဟင္ဂ်ာေတြကို သူတို႔ဇာတိ ရခုိင္ျပည္နယ္ဆီ ျပန္ေခၚမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းေျပာပါတယ္။

လူမ်ဳိးတုန္းသတ္ျဖတ္မႈအျဖစ္ အေမရိကန္ျပည္ေထာင္စုက သတ္မွတ္တာကို ဘဂၤလားေဒ့ရွ္မွာေရာက္ေနတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ ေတြကလည္း ႀကိဳဆိုၾကပါတယ္။

႐ို္ဟင္ဂ်ာလို႔ေခၚဆိုတာကို ျမန္မာႏုိင္ငံမွာ လက္ရွိ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီက အသိအမွတ္မျပဳပါဘူး။

ရခိုင္္ျပည္နယ္မွာ ႐ိုဟင္ဂ်ာဒုကၡသည္ အေယာက္ ၇၀၀ ကိုလက္ခံဖို႔ အဆင္သင့္ ျပင္ထားတယ္လို႔ ရခိုင္ျပည္နယ္ေကာင္စီ တာဝန္ရွိသူတဦးက ဗီြအိုေအကိုေျပာထားပါတယ္။

#MyanmarGenocide #USMyanmar #BangladeshMyanmar #Rohingya #VOABurmese #႐ိုဟင္ဂ်ာ #လူမ်ဳိးတံုး #လူမ်ဳိးတုန္း #စစ္ေကာင္စီ #ဗီြအိုေအ
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */