" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 21, 2022

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် "လူမျိုးတုံးသတ်ဖြတ်မှု" ကျူးလွန်ကြောင်း ကန်အစိုးရ ကြေညာမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
21 မတ်၊ 2022

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံကြရတဲ့ ရိုဟင်ဂျာဒုက္ ခသည်များ။ (စက်တင်ဘာ ၄၊ ၂၀၁၇)

[(Unicode) ]

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် "လူမျိုးတုံးသတ်ဖြတ်မှု" ကျူးလွန်ကြောင်း ကန်အစိုးရ ကြေညာမည်

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုမြောက်ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က တရားဝင်သတ်မှတ်မှုကို တနင်္လာနေ့မှာ ပြောကြားဖို့ရှိတယ် လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ လက်ရှိထိန်းချုပ်ထားတဲ့ စစ်တပ်တာဝန်ရှိသူတွေ တာဝန်ခံ တာဝန်ယူမှု ရှိလာစေဖို့ လုပ် ဆောင်မှု ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။


အမေရိကန်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ဝါရှင်တန်ဒီစီက ရိုဟင်ဂျာတွေရဲ့ အတိဒုက္ခအကြောင်း လက်ရှိမှာ ခင်းကျင်းပြသနေတဲ့ Holocaust အမှတ်တရ ပြတိုက်မှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာဖို့ ရှိနေတယ်လို့လည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံက ဒီအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ပြန်လှန်သုံးသပ်မယ်လို့ ကတိပြုထားတဲ့ သမ္မတ ဂျိုးဘိုင် ဒန်က သူ့ရဲ့ သမ္မတသက်တမ်း ၁၄ လနီးပါးအချိန်မှာ ခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ၂၀၁၇ အကြမ်းဖက်မှုတွေအပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း မွတ်စလင် ရိုဟင် ဂျာ အများစုပါတဲ့ ဒုက္ခသည် ၇၃၀,၀၀၀ ထက်မနည်းဟာ အိုးအိမ်စွန့်ခွါပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြရသလို မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်မီးရှို့ ဖျက် ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုထားတာပါ။

အခုလို ဘိုင်ဒန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝါရှင်တန် မြန်မာသံရုံးကို အီးမေးလ်နဲ့ ဆက်သွယ်မေး မြန်း ခဲ့ပေမယ့် တုံ့ပြန်မှု ချက်ချင်းမရသေးကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြုမထားပါဘူး။

-----------------------------------------------------------------

[ Zawgyi ] 

ျမန္မာစစ္တပ္ရဲ႕ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈဟာ genocide လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္မႈေျမာက္ေၾကာင္း ဘိုင္ဒန္အစိုုးရအဖြဲ႔က တရားဝင္သတ္မွတ္မႈကို တနလၤာေန႔မွာ ေျပာၾကားဖို႔ရွိတယ္လို႔ အေမရိကန္အရာရွိေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံမွာ လက္ရွိထိန္းခ်ဳပ္ထားတဲ့ စစ္တပ္တာဝန္ရွိသူေတြ တာဝန္ခံ တာဝန္ယူမႈ ရွိလာေစဖို႔ လုပ္ေဆာင္မႈ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

အေမရိကန္အစိုးရရဲ႕ ဒီဆံုးျဖတ္ခ်က္ကို တနလၤာေန႔မွာ ဝါရွင္တန္ဒီစီက ႐ိုဟင္ဂ်ာေတြရဲ႕ အတိဒုကၡအေၾကာင္း လက္ရွိမွာ ခင္းက်င္းျပသေနတဲ့ Holocaust အမွတ္တရ ျပတိုက္မွာ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေၾကညာဖို႔ ရွိေနတယ္လို႔လည္း အေမရိကန္ အရာရွိေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံက ဒီအၾကမ္းဖက္ခံရမႈနဲ႔ ပတ္သက္ၿပီး ျပန္လွန္သံုးသပ္မယ္လို႔ ကတိျပဳထားတဲ့ သမၼတ ဂ်ိဳးဘိုင္ဒန္က သူ႔ရဲ႕ သမၼတသက္တမ္း ၁၄ လနီးပါးအခ်ိန္မွာ ခုလို ဆံုးျဖတ္လိုက္တာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ရခိုင္ျပည္နယ္က ၂၀၁၇ အၾကမ္းဖက္မႈေတြအၿပီး စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈ ေနာက္ပိုင္း မြတ္စလင္ ႐ိုဟင္ဂ်ာ အမ်ားစုပါတဲ့ ဒုကၡသည္ ၇၃၀,၀၀၀ ထက္မနည္းဟာ အိုးအိမ္စြန္႔ခြါၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခိုလႈံခဲ့ၾကရသလို ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာေတြကို သတ္ျဖတ္တာ၊ မုဒိမ္းက်င့္တာ၊ ေနအိမ္မီး႐ႈိ႕ဖ်က္ဆီးတာေတြ က်ဴးလြန္ခဲ့တယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာဆိုထားတာပါ။

အခုလို ဘိုင္ဒန္အစိုးရရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ဝါရွင္တန္ ျမန္မာသံ႐ုံးကို အီးေမးလ္နဲ႔ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ တုံ႔ျပန္မႈ ခ်က္ခ်င္းမရေသးေၾကာင္းလည္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာအစုိးရဟာ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရားဝင္ အသိအမွတ္ျပဳမထားပါဘူး။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */