" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Friday, August 30, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်မလာ တဲ့ အကြောင်းရင်း

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-30
ဒုက္ခသည်တွေပြန်လာမယ့် တောင်ပြိုလက်ဝဲမြို့နယ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တံတားကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေက မိမိသဘောဆန္ဒအရသာ ပြန်မလာကြတာဖြစ်ပြီး ၀န် ကြီး ဒေါက်တာဝင်းမြတ်အေးပြောသလို စခန်းတာဝန်ရှိသူတွေက မပြန်ဖို့တားဆီးတာတွေနဲ့ ARSA လို အ ကြမ်းဖက် အဖွဲ့အစည်းတွေကလည်း တားဆီးပိတ်ပင် လွှမ်းမိုးတာတွေရှိတယ်ဆိုတာ မမှန်ကန်ဘူးလို့ ဒုက္ခ သည်တွေက ပြောပါတယ်။

ရိုဟင်ဂျာအရေး ဝိုင်းဝန်းကူညီဖို့ ဘင်္ဂလားဒေ့ရှ် တိုက် တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန
30 သြဂုတ်၊ 2019



ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရမှာ တာဝန်ရှိတဲ့အတွက် နိုင်ငံတကာက ၀ိုင်းဝန်း ကြိုးပမ်းတိုက်တွန်းကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး AK Abdul က ဒါကာမြို့ အခြေစိုက် နိုင်ငံ တကာ သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တိုက်တွန်း လိုက်ပါ တယ်။

ဒုက္ခသည်တွေ မပြန်နိုင်တဲ့အကြောင်း တာဝန်ရှိသူရှင်း လင်း

VOA
ဗွီအိုအေ (မြန်မာဌာန
29 သြဂုတ်၊ 2019
ကိုမိုးဇော်
သားညွန့်ဦး
မောင်တောရှိ လက်ခံရေးစခန်း


ရခိုင်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ဒုက္ခသည်တွေကို ပြန်ခေါ်မယ့်အစီအစဉ်အတွက် ပြင်ဆင် ဆောင် ရွက်မှုတွေ၊ ဖြစ်ထွန်းနဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက်အပါအ၀င် သတင်းသမား အဖွဲ့တွေ အခု ရခိုင်မြောက်ပိုင်း မောင်းတောမြို့နယ်ထဲကို ရောက်ရှိနေပါတယ်။ 

Thursday, August 29, 2019

တရုတ်နဲ့ မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ ပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019
 တရုတ်နိုင်ငံခြားရေး ၀န်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး။ (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook) 

မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ သြဂုတ်လ ၂၇ အင်္ဂါနေ့က တ ရုတ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့ပါတယ်။

ရိုဟင်ဂျာ နောက်ဆုံးအခြေအနေ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး ဒါကာမှာ ရှင်းလင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019

မြန်မာပြည်က ထွက်ပြေးရမှု ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ကျင်းပခဲ့ကြပါတယ်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ဒါကာ အ
ခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး နောက် ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ သူတစ်ဦးက ပြောပြတယ်။

ရခိုင်မြောက်ပိုင်း တိုက်ပွဲ ပြင်းထန်နေလို့ ရန်ကုန်-စစ်တွေလမ်းပိုင်းပိတ်

B B C
ဘီဘီစီ မြန်မာပိုင်း
28 ဩဂုတ် 2019

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ရန်ကုန်-စစ်တွေကားလမ်းက မြောက်ဦး-ကျောက်တော် လမ်းပိုင်းကို ယာယီပိတ်ထားပါတယ်။

Wednesday, August 28, 2019

တောင်တရုတ်ပင်လယ်မှ အမေရိကန်ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်ပါဝင်မည်

ဧရာဝတီ
By မိုးမြင့်
27 August 2019
တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ကျန်စစ်သား ဖရီးဂိတ်သင်္ဘော F-12  သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ဖေ့ဘွတ်တွင်ရေးသားသည်။  

အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း – ASEAN နိုင်ငံ ၇ နိုင်ငံ ရေတပ်များပါဝင်သည့် ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ထိုင်းပင်လယ်ကွေ့သို့ ထြက္ခြာေ နေ ကြာင်း မြန်မာ့တပ်မတော် (ရေ) က တနင်္လာနေ့တွင်ကြေညာသည်။

ရခိုင်ပဋိပက္ခ (၂) နှစ်ပြည့်နဲ့ တရားမျှတမှု(တိုက်ရိုက် လေလှိုင်း ဆွေးနွေးခန်း)

VOA
တိုက်ရိုက်လေလှိုင်း
28 သြဂုတ်၊ 2019
သားညွန့်ဦး
ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာများ။ August 25, 2019

သြဂုတ် ၂၇၊ ၂၀၁၉။ ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် အပြန်အလှန်အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပြီး ဒုက္ခ သည်သိန်းဂဏန်းအထိ နယ်ခြားထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ် အခုဆို (၂) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကလည်း မအောင်မမြင် ရှိနေဆဲပါ။ ဒီဖြစ်ရပ်တွင်း လုံခြုံ ရေးတပ်တွေရဲ့ လူ့အခွင့်အရေးကျူးလွန်ဖောက်ဖျက်မှုတွေကို စုံစမ်း အရေးယူဖို့ တောင်းဆိုချက်တွေက လည်း ရှိနေဆဲပါ။ မြန်မာအစိုးရကတော့ ဒီဖြစ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာပြည်တွင်းမှာပဲ ကော်မရှင်ဖွဲ့ စုံစမ်းတာတွေရှိနေတာကြောင့်၊ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုမလိုဘူးလို့ ပြောနေပါ တယ်။

လွှတ်တော်အနေဖြင့် ပြည်ထောင်စုသဘောတူ ညီ ချက်များ ဖောက်ဖျက်ပါက ငြိမ်းချမ်းရေးအဓိပ္ပာယ် မဲ့နိုင်ဟု ကေအင်န်ယူအထွေထွေအတွင်းရေးမှူးချုပ်ဆို

မြန်မာတိုင်းမ်
စိုင်းဝဏ္ဏ
27 Aug 2019
မြန်မာတိုင်းမ်နေ့စဉ်
ဓာတ်ပုံ- ကေအင်န်ယူ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံအစည်းအဝေးများမှ ရရှိထားသော အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများ အကြား သဘောတူညီ ချက်ဖြစ် သည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်းများကို လွှတ်တော်က ဖောက် ဖျက်ပါက ငြိမ်းချမ်းရေး အဓိပ္ပာယ်မဲ့ နိုင်ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒို မူး က မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုခဲ့သည်။

Tuesday, August 27, 2019

လက်နက်ကိုင်ပဋိပက္ခများကြားက နိုင်ငံရေးအခင်း အကျင်း

စံတော်ချိန်
သြဂုတ်လ ၂၅ ရက် ၂၀၁၉၊
"စစ်ဘောင်ကျယ်လာတာ ကောင်းတဲ့အလားအလာမဟုတ်ဘူး"

◾ လက်နက်ကိုင်ပဋိပက္ခများကြားက နိုင်ငံရေးအခင်းအကျင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုက်ပွဲတွေဟာ ၂၀၂၀ရွေးကောက်ပွဲကိုဘယ်လိုသက်ရောက်လာစေမလဲ၊ နယ်စပ်နားက တိုက်ပွဲတွေအပေါ် တရုတ်နိုင်ငံရဲ့သဘောထားက ဘယ်လိုရှိမလဲ၊ ငြိမ်းချမ်းရေး အတွက် ခေါင်းဆောင်တွေ စဉ်းစားပုံပြောင်းကြဖို့ အကြံပြုချက် စတာတွေနဲ့ပတ်သက်ပြီး တပ်မတော်မှာ  နှစ်ပေါင်း (၃၀)နီးပါး တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သား တစ်ဦးလည်းဖြစ် ပြန်ကြားရေး ဝန်ကြီးဟောင်း လည်း ဖြစ်တဲ့ ဦးရဲထွဋ်နဲ့ ဝါရင့်  နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်တို့က စံတော်ချိန်ရဲ့ ခေတ်ပုံရိပ် စကားဝိုင်းမှာ ဆွေးနွေး ထားကြပါတယ်။

ဒီစကားဝိုင်းအစီအစဉ်ကို Frontier Myanmar အယ်ဒီတာ နန္ဒက Moderator အဖြစ် ပါဝင်တင်ဆက်ထား ပါတယ်။

လင့်၊https://www.youtube.com/watch?v=x3SEknwlfC4

သူ ဘာတွေ ဖြစ်သွားတာလဲ

The Voice
27-Aug-2019

 ယခုဆောင်းပါးမှာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်က ဒုတိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes  ရေးသားသည့် What happened to Aung San Suu Kyi? ဟုအမည်ရသည့် ဆောင်းပါးကို The Voice Daily က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ The Atlantic မဂ္ဂဇင်းပါ အဆိုပါ ဆောင်းပါးမှာ အတော်အတန် ရှည်လျားသည်ဖြစ်ရာ အပိုင်းခွဲ၍ ဖော်ပြသွားမည် ဖြစ်ပါသည်။

Monday, August 26, 2019

ဒုက္ခသည်စခန်းက ရိုဟင်ဂျာ အမျိုးသမီးများ

VOA
ဗွီအိုအေ (မြန်မာဌာန
သြဂုတ်၊ 2019
မခင်ဖြူထွေး

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေတဲ့ ဒုက္ခသည်တွေအတွက် အနာဂတ်ဘ၀တွေက မရေရာသလို၊ စိုးရိမ်မှုတွေ အပြည့် ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကနေ ပေးပို့လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
 လင့်၊https://burmese.voanews.com/a/5057102.html

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအတွင်း ပစ်ခတ်မှု နှစ်ဦး သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-25

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့အနီးက ရိုဟင်ဂျာဒုက္ခသည် သားအမိကို ၂ဝ၁၉ သြဂုတ် ၂၅ ရက်နေ့က တွေ့ရစဉ်

Photo: MUNIR UZ ZAMAN / AFP


ဒုက္ခသည်စခန်းတစ်ခုအတွင်း ပစ်ခတ်မှု ဖြစ်ပွားရာမှာ ရိုဟင်ဂျာဒုက္ခသည် နှစ်ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောဆိုကြောင်း သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မောင်တောမှာ မိုင်းပေါက်ကွဲတဲ့နေရာအနီးက ကျေး ရွာကို တပ်မတော် ဝင်ရောက်စစ်ဆေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
26-08-26
ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့က မနက် ကိုးနာရီလောက်က မိုင်းဗုံးပေါက်ခဲ့ပြီး ဗုံးပေါက်ကွဲတဲ့နေရာနဲ့ အနီးဆုံးရွာသာယာကို တပ်မတော်က ဝင်ရောက်စစ်ဆေးနေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရိုဟင်ဂျာ ဌာနေပြန်ရေး အခြေနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
26 သြဂုတ်၊ 2019

ရိုဟင်ဂျာတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးစီစဉ်ဖို့ အမေ ရိကန် တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Dibyangshu SARKAR / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကို သူတို့ဆန္ဒအရ ပြန်ခွင့်ရဖို့ဆိုရာမှာ သူတို့ နိုင်ငံ သားဖြစ်ခွင့်ရရေး အာမခံချက်မရသေးနိုင်တဲ့အချက်က အဓိကကျနေပါတယ်။အရင်ဆုံးနေ ရပ်ပြန် လာကြပြီးမှသာ နိုင်ငံသားဖြစ်ခွင့်ရှိရေးကို ဆက်လက်လုပ် ဆောင်သွားပေးမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေအထိ ရှင်းပြပေးခဲ့ပြီးဖြစ်တယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ အစုလိုက်ပြေးရတဲ့ ၂ နှစ်ပြည့်ဆုတောင်းပွဲ ကျင်းပ

VOA
ဗွီအိုအေ (မြန်မာဌာန)
25 သြဂုတ်၊ 2019
မဆုမွန်
 ကုတုပလော် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ဒီကနေ့ ကျရောက်တဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၂ နှစ်ပြည့် အောက်မေ့ ဘွယ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက် နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း သေဆုံးခဲ့ရ သူတွေအတွက် ရိုဟင်ဂျာဒုက္ခသည်တွေ ထောင်ချီ စုဝေးခဲ့ကြပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြသလို နေရပ်ရင်ြး ပန်နိုင်ရေးနဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတမှုရရေး တောင်းဆိုလိုက်ကြပါတယ်။ ၂ နှစ်ပြည့် အောက် မေ့ဘွယ်ဆုတောင်းပွဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေကTalk to Us ဆိုတဲ့ Going Home Campaign ကနေ တ ဆင့် မိမိတို့ရဲ့နေရပ်ရင်း ဘေးကင်းလုံခြုံစိတ်ချစွာ ပြန်နိုင်ရေးနဲ့ နေရပ်ပြန်ရင် အခြေခံလူ့အခွင့်အရေး၊ နိုင်ငံ သားအခွင့်အရေးတွေ အပြည့်အဝ ရနိုင်အောင် ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကိုလည်း တောင်းဆိုကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

Saturday, August 24, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ လူမှောင်ခိုအန္တရာယ် သတိ ထား ဖို့ IOM ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
23 August 2019

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအတွက် လူမှောင်ခိုဂိုဏ်းတွေရဲ့ အန္တရာယ် ရှိ နေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM က သတိပေးလိုက်တယ်လို့ ရိုက်တာ သတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြပါတယ်။

မြန်မာ့တပ်မတော်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-23
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။
Screen shot: UN Web TV

မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေး ယူဆောင်ရွက်သင့်လဲ ဆိုတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေး ကြပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */