Friday, August 30, 2019

ရိုဟင်ဂျာအရေး ဝိုင်းဝန်းကူညီဖို့ ဘင်္ဂလားဒေ့ရှ် တိုက် တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန
30 သြဂုတ်၊ 2019 
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရမှာ တာဝန်ရှိတဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်း ကြိုးပမ်းတိုက်တွန်းကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး AK Abdul က ဒါကာမြို့ အခြေစိုက် နိုင်ငံ တကာ သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တိုက်တွန်း လိုက်ပါ တယ်။ 
ဒီတွေ့ဆုံပွဲကို ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံးကတော့ ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိပါဘူး။မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလက်မခံပေမယ့် ဒုက္ခသည်တွေနေရပ်ပြန်ရေးကို စိ စစ်ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ပြီးခဲ့ တဲ့သီ တင်း ပတ်က ဒုတိယအကြိမ်ကြိုးပမ်းခဲ့ပေမယ့် ဒုက္ခသည်တွေဘက်က လာရောက်ခြင်းမရှိတဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။

မြန်မာအစိုးရအပေါ်မှာ ဒုက္ခသည်တွေ အယုံအကြည်ကင်းမဲ့နေတဲ့ အတွက် နေရပ်ပြန်ရေးအတွက် မြန်မာ ဘက်က လုံခြုံစိတ်ချရတဲ့ အနေအထားဖန်တီးပေးဖို့ တာဝန်ရှိကြောင်းလည်း ဝန်ကြီး AK Abdul ကပြော ပါတယ်။ ဆွေး နွေးပွဲတက်ရောက်လာတဲ့ သံတမန်တွေကလည်း ဒုက္ခသည်တွေ နေရပ်ရင်း အမြန်ဆုံးပြန်ရေး ကို ကူညီလူပ်ဆောင်သွားမယ်လို့ ကတိပေးပြောကြားခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကို လက်ခံပေးထားပြီး အကူအညီပေးနေသလို တကမ္ဘာလုံးကလည်း ကူညီဖို့နဲ့ ဘင်္ဂလားဒေ့ရှ် တနိုင်ငံတည်းကိုသာ ဒီဝန်ထုပ်ဝန်ပိုးကို မပေးကြဖို့ကို ဝန်ကြီး Abdul က မေတ္တာ ရပ်ခံခဲ့ပါတယ်။
 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */