လွတ်လပ်တဲ့ အာရှအသံ
23 August 2019
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအတွက် လူမှောင်ခိုဂိုဏ်းတွေရဲ့ အန္တရာယ် ရှိ နေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM က သတိပေးလိုက်တယ်လို့ ရိုက်တာ သတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်္ဘာလကနေ ဒီနှစ်ဇွန်လအထိ ရိုဟင်ဂျာတွေ လူကုန်ကူးခံရတဲ့အမှု (၄၂၀) ရှိခဲ့ပြီး ဒါဟာ ၁၄ လအ တွင်း ၄ ဆ မြင့်တက်လာခဲ့တာလို့ IOM အဖွဲ့က ဆိုပါတယ်။
စက်ရုံတွေမှာအလုပ်လုပ်ဖို့ လူကုန်ကူးခံရတဲ့သူအများစုဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခံရ တာတွေရှိသလို၊ တချို့လူတွေကစက်ရုံတွေမှာ လုပ်ခနည်းနည်းပဲရကြပြီး၊ တချို့ဆိုရင် လုပ်ခ လုံးဝမ ရ တာတွေ ရှိတယ်လို့ IOM ရဲ့ လူကုန်ကူးခံရမှုကာကွယ်ရေးအဖွဲ့ အရာရှိက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ စခန်းထဲကနေ အပြင်ကိုထွက်ခွင့်မရှိသလို အလုပ်လုပ်ခွင့်လည်း မရှိပါဘူး။ ဒါကြောင့် စက်ရုံရောက်သွားပြီးမှ သူတို့နေခဲ့တဲ့စခန်းကိုပြန်မယ်ဆိုရင် ရဲကိုအကြောင်းကြားမယ်လို့ အလုပ်ရှင်က ခြိမ်းခြောက်တာတွေလည်း ခံကြရတယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန အဆိုအရ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း ရဲတပ်ဖွဲ့က ရိုဟင်ဂျာ အနည်းဆုံး ၂၅၀ လောက်ကို လူကုန်ကူးသူတွေရဲ့ လက်ကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တချို့က အထည်ချုပ်စက်ရုံ ဒါမှမဟုတ် တခြားနေရာတွေမှာ အလုပ်ရမယ်ပြောပြီး ရောင်းစားခံခဲ့ ရတာဖြစ် တယ်လို့လည်း ပြောပါတယ်။ လူကုန်ကူးခံရသူတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေလည်း ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။
Photo: REUTERS
From; FB
No comments:
Post a Comment