" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Thursday, August 29, 2019

ရခိုင်မြောက်ပိုင်း တိုက်ပွဲ ပြင်းထန်နေလို့ ရန်ကုန်-စစ်တွေလမ်းပိုင်းပိတ်

B B C
ဘီဘီစီ မြန်မာပိုင်း
28 ဩဂုတ် 2019

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ရန်ကုန်-စစ်တွေကားလမ်းက မြောက်ဦး-ကျောက်တော် လမ်းပိုင်းကို ယာယီပိတ်ထားပါတယ်။

အဝေးပြေးလမ်းမကို ပိတ်ထားလိုက်တဲ့အတွက် မြောက်ဦးနဲ့ကျောက်တော်ကို ဖြတ်သန်းသွားလာရမယ့် ကားတွေဟာ သြဂုတ်လ ၂၈ ရက် နေ့လယ်ကတည်းက ရပ်နားနေရပြီး ခရီးသည်တွေ အခက်အခဲ ဖြစ်နေ ကြတယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

ကားလမ်းသုံးမရလို့ ရေလမ်းက သွားမယ့်သူတွေရှိ

လမ်းတွေပိတ်ထားလို့ စစ်တွေဘက်ကနေ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းမှာထွက်လာခဲ့တဲ့ ကားတွေလည်း သွားလာခွင့်မရသလို ရန်ကုန်ကနေ ထွက်လာခဲ့တဲ့ကားတွေလည်း ဆက်သွားလို့မရဘဲ မြောက်ဦးနဲ့ကျောက် တော်မြို့တွေမှာ ရပ်နားနေကြရတာဖြစ်ပါတယ်။

"ကျွန်တော်က မနေ့က မနက်ပိုင်းမှာ ရန်ကုန်က လိုက်လာတာပါ။ အခု တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လမ်း တွေကို ပိတ်ထားတာကြောင့် ကားတွေ သွားလို့မရ ဖြစ်နေတယ်။ ကျွန်တော်တို့ ခရီးသည်တွေလည်း တော် တော်များများ အခက်အခဲဖြစ်နေ ကြပါတယ်။

 "မြောက်ဦးမှာ ညအိပ်ရမယ့်အနေအထားဖြစ်နေပါတယ်။ အခုက ညနေပိုင်းရောက်နေပြီဆိုတော့ ပြန်ဖွင့်
ပေး မယ့်အနေအထားတော့ မရှိတော့ဘူး"လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

အခုလို သွားလာခွင့်မရတဲ့အတွက် ရန်ကုန်က လိုက်ပါလာခဲ့တဲ့ ခရီးသည်တွေကို မြောက်ဦးမှာ ညအိပ်နိုင် ရေးအတွက် စီစဉ်နေပြီး မနက်ဖြန်မှာ စစ်တွေဘက်ကိုသွားမယ့်ခရီးသည့်တွေကိုတော့ ရေလမ်းကြောင်း ကနေ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး ရွှေပြည်သစ်ကားဂိတ်က ပြောပါတယ်။

"ဒီမနက်တိုက်ပွဲဖြစ်လို့ ကားလမ်းကို ပိတ်ထားတာဟုတ်ပါတယ်။ ကျွန်မတို့ခရီးသည်တွေက မြောက်ဦးမှာ သောင်တင်နေကြတယ်။ သူတို့ကို ဒီမှာပဲ ညအိပ်ခိုင်းပြီးတော့ မနက်ကျမှ ရွှေပြည်တန် အမြန်ယာဉ်နဲ့ စစ် တွေကို ရေလမ်းကြောင်းကနေ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်"လို့ ရွှေပြည်သစ်ကားဂိတ်ကပြောပါတယ်။ 

မြောက်ဦးလမ်းပိုင်းမှာ ခရီးသည်တင်ကား အနည်းဆုံး အစီးရေ ၂၀ ခန့်ရပ်နားနေကြရပြီး တခြားကုန်တင် ကားတွေလည်းရပ်နားနေကြရပါတယ်။

ဒါ့အပြင် မြောက်ဦးနဲ့ စစ်တွေမြို့ကို ပြေးဆွဲနေကြတဲ့ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတွေလည်း မနက် ကတည်းက သွားလာခွင့်မရရှိတာကြောင့် သြဂုတ်လ ၂၈ ရက်မှာ ခရီးသွားလုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းသွားခဲ့တယ်လို့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတွေက ပြောကြပါတယ်။

တပ်မတော် စခန်းကို အေအေတိုက်ခိုက်

အခုလိုလမ်းပိတ်ထားတာဟာ သြဂုတ်လ ၂၈ ရက် မနက် ၄ နာရီကျော်လောက်က စတင်ပြီးတော့ မြောက် ဦးမြို့နယ် မြောက်ဘက် လင်းမြွေတောင်တောင်တန်းပေါ်က တပ်မတော်ရဲ့ အမြောက်စခန်းကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကားတွေသွားလာခွင့်မရရှိဘဲ ဖြစ်နေတာလို့ မြောက်ဦး ဒေသခံတွေက ပြောပါတယ်။ 
ဒါ့အပြင် လင်းမြွေတောင်တောင်တန်းပေါ်က တပ်မတော်ကင်းစခန်းကို AA ဘက်က ဝင်ရောက်သိမ်း ပိုက်မှု တွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာ တပ်မတော်ဘက်ကတော့ ငြင်းဆိုထားပါ တယ်။

အဲ့ဒီတိုက်ပွဲအတွင်း AA ဘက် အကျအဆုံးရှိတယ်လို့ ပြောဆိုမှုတွေ အပေါ် ရက္ခိုင့်တပ်မတော် ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ လောလောဆယ် သတင်း အတိအကျ မရရှိသေးဘူးလို့ ပြန်လည်
ပြော ဆိုထားပါတယ်။ 
                                       ကုလားတန်မြစ်ထဲမှာ ရေတပ်သင်္ဘော တိုက်ခိုက်ခံရ

ကုလားတန်မြစ်ထဲ သွားလာနေတဲ့ ရေတပ် သင်္ဘောတစ်စင်းကို ၂၇ ရက် ည ၁၀ နာရီကျော်လောက်မှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်နဲ့ အေအေ နှစ်ဘက် တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

"မနေ့က ည ၁၀ နာရီလောက်မှာ အုပ်ချုပ်မှုတွေ ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ တပ်မတော် ရေယာဉ် တစ် စီးကို AA ကနေပြီးတော့ ကစ္ဆပနဒီတံတားပေါ်က လက်ပစ်ဗုံးနဲ့ ပစ်တယ်။ အဲ့ဒီမှာ ကမ်းထိုးရေယာဉ်နဲ့ ဘေး က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ပြန်ပစ်တာပါ။ ဘာမှတော့မဖြစ်ဘူး။"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါ တယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်ထဲမှာ သြဂုတ်လ ၂၇ ရက်ကလည်း ည ၁၀ နာရီကျော်လောက်မှာ ပစ်ခတ် တိုက်ခိုက်မှု တွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုတွေဟာ ကျောက်တော်မြို့တစ်ဘက်ကမ်း ကုလားတန်မြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ကျောက်တန်း၊ ရွှေလှိုင်၊ ဝက် မှိုင်း စတဲ့ကျေးရွာတွေရဲ့အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */