မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
27 Aug 2019
ဓာတ်ပုံ- ကေအင်န်ယူ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံအစည်းအဝေးများမှ ရရှိထားသော အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများ အကြား သဘောတူညီ ချက်ဖြစ် သည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်းများကို လွှတ်တော်က ဖောက် ဖျက်ပါက ငြိမ်းချမ်းရေး အဓိပ္ပာယ်မဲ့ နိုင်ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒို မူး က မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုခဲ့သည်။
အင်န်အယ်လ်ဒီအစိုးရလက်ထက် ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်းနှစ်ခု ရရှိထားပြီး ယင်း အ စိတ် အပိုင်းပါအချက်များကို ကျော်လွန်၍ လွှတ်တော်ကဥပဒေပြုခြင်း၊ ဥပဒေပြင် ခြင်းများ မပြုလုပ်ရန် လို အပ်ကြောင်း၎င်းက ပြောဆိုသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြင် ဆင် ထား သည့်ဥပဒေ(၂၀၁၈)ကို ပြည်ထောင်စု လွှတ်တော်ကပြဋ္ဌာန်းခဲ့ရာ မြေယာအမျိုးအစားများကို စိုက်ပျိုး ရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လိုပါက မှတ်ပုံတင်ရန် လိုအပ်ကြောင်း သိရသည်။
တရားဝင်သိမ်းဆည်းခွင့်သဘော
ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များက ယင်းပြဋ္ဌာန်း ချက်ကို ကန့်ကွက် ခဲ့ပြီး ဘိုးဘွားဘီဘင်အစဉ်အဆက်က လုပ်ကိုင်စားသောက်လာခဲ့သော တိုင်းရင်းသားများ၏ လယ် ယာမြေများကိုတရား ဝင်သိမ်းဆည်းခွင့် သဘောဆောင်နေကြောင်း ဝေဖန်ခဲ့သည်။ တိုင်းရင်းသားများလုပ် ကိုင်စားသောက်နေသော မြေယာအများစုမှာ အစဉ်အလာအရပိုင်ဆိုင်မှုသာရှိပြီး တရားဝင် စာရွက်စာ တမ်း ဖြင့် ပိုင်ဆိုင်မှုမှာနည်းပါးလွန်း ကြောင်း သိရသည်။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၁) တွင် သဘောတူခဲ့သည့် မြေယာ ကဏ္ဍ၌ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ဆောင်ရွက်ရာတွင် ဒေသခံ များ၏ လိုလားချက်များကို ဦးစား ပေး၍ တောင်သူလယ်သမားများ၏ အဓိကလိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းဝင်အမွေအနှစ်နှင့် တိုင်းရင်းသားလူမျိုး များ အထွတ်အမြတ်ထားသော မြေများထိခိုက် ပျက်စီးမှုမ ရှိစေရန် ကာကွယ်စောင့်ရှောက် ရေးကို ဦးတည်ကြိုးပမ်းရမည်ဟု ဖော်ပြပါရှိသည်။
မေးခွန်းပြန်ထုတ်လာ
"ပြည်ထောင်စုသဘောတူစာချုပ်ပါအချက် တွေကို သွေဖည်မှုမရှိဖို့လိုပါတယ်။ အခုကသွေ ဖည်မှုရှိတဲ့ သေဘာမျိုးတွေ့ရတဲ့အခါကျတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ကျွန်တော်တို့က မေးခွန်း ပြန်ထုတ်လာတာပေါ့။ တို့ ပြည်ထောင်စုသဘောတူစာချုပ်ကြီးရပြီ ဆိုရင်ရော ဒီလိုပဲလုပ်ဦးမှာ လားပေါ့။ ဒါဆိုရင် အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လူကုန်ခံ၊ အပင်ပန်းခံပြီး တော့ ပြည်ထောင်စု သဘောတူစာချုပ်ကြီးဖြစ် လာတာဟာ အဓိပ္ပာယ်ရောရှိသေးရဲ့လားဆိုတာမျိုး ကျွန်တော်တို့ကြားမှာ ဝေဖန်မှုတွေ ပြန်ထွက်လာ တယ်" ဟု ပဒိုစောတာဒိုမူးက ပြောဆိုခဲ့သည်။
အဆိုပါအချက်သည် အစိုးရ၊ တပ်မတော် နှင့် လွှတ်တော်တို့က အင်န်စီအေစာချုပ်အပေါ် တာဝန်ယူမှု၊ တာ ဝန်ခံမှုအားနည်းခြင်းဖြစ် ကြောင်းလည်း ၎င်းက ဝေဖန်ခဲ့သည်။
Link : Here
No comments:
Post a Comment