Wednesday, August 28, 2019

တောင်တရုတ်ပင်လယ်မှ အမေရိကန်ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်ပါဝင်မည်

ဧရာဝတီ
By မိုးမြင့်
27 August 2019
တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ကျန်စစ်သား ဖရီးဂိတ်သင်္ဘော F-12  သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ဖေ့ဘွတ်တွင်ရေးသားသည်။  

အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း – ASEAN နိုင်ငံ ၇ နိုင်ငံ ရေတပ်များပါဝင်သည့် ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ထိုင်းပင်လယ်ကွေ့သို့ ထွက်ခွာေ နေ ကြာင်း မြန်မာ့တပ်မတော် (ရေ) က တနင်္လာနေ့တွင်ကြေညာသည်။

တောင်တရုတ်ပင်လယ်နှင့် ကပ်လျက် ဒေသတွင်ကျင်းပသည့် ထိုစစ်ရေးလေ့ကျင့်မှုသည် စက်တင်ဘာလ ပထမ ပတ်အတွင်းတွင် စတင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ယခုနှစ်အစောပိုင်းက မြန်မာထိပ်တန်းစစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှု များ ပြုလုပ်ခဲ့သော်လည်း အမေရိကန်၏ စစ်ဘက်ချင်း တိုက်ရိုက်ဆက်ဆံသော လမ်းကြောင်းများမှာ ဖွင့် လှစ်ထားဆဲ ဖြစ်သည်။

ပြည်တွင်းတွင် ကျန်စစ်သားဟု သိကြသည့် တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ဖရီးဂိတ်သင်္ဘော F-12 သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ရေတပ်ဦးစီး ချုပ် ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး မိုးအောင်က အခြားအမည်ဖြင့် တနင်္လာနေ့နံနက်က ဖေ့ဘွတ်တွင်ရေးသားသည်။

တပ်မတော် သတင်းစာဖြစ်သော မြဝတီနှင့် မြန်မာရေတပ်တို့၏ ဖေ့ဘွတ်စာမျက်နှာအရ ကိုယ်စားလှယ်အဖွဲ့တခုကို ဒုတိယဗိုလ်မှူးကြီး ခွန်အောင်ကျော်က ဦးဆောင်နေပြီး စက်တင်ဘာလ ၂ ရက်မှ ၆ ရက်အထိ ပထမဆုံးအကြိမ် AUMX စစ်ရေးလေ့ကျင့်မှုကို အနည်းဆုံး ASEAN ၇ နိုင်ငံမှ စစ်သင်္ဘောများဖြင့် ပြုလုပ် ရန် စီစဉ်ထားသည်ဟု သိရသည်။

အမေရိကန် ဦးဆောင်သော ထိုစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း အထူးသဖြင့် တောင်တရုတ် ပင်လယ် တွင် တရုတ်နိုင်ငံ၏ရေကြောင်း သြဇာလွှမ်းမိုးမှု ချိန်ခွင်လျှာညှိရန် အားထုတ်မှုအဖြစ် အမေရိကန်နှင့် ASEAN တပ်မ တော်များအကြားဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်သည်ဟု ဒေသ ဆိုင်ရာကျွမ်းကျင် သူ များအဆိုအရ သိရ သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ် ချုပ် သန်းဦး၊ ဗိုလ်ချုပ်အောင်အောင် တို့ကို ၎င်းတို့၏ မိသားစုများနှင့်တကွ ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။ ထို သို့အရေးယူရခြင်းမှာ ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အနောက်ပိုင်း ရခိုင်ပြည်နယ် တွင် မွတ်ဆလင်များအပေါ် ကျူးလွန်သည်ဟု ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က စွပ်စွဲထား သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက်ဖြစ်သည်ဟု ဆိုသည်။ ထို တပ်မတော် ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့် ပိတ်ပင်ထားသည်။

ထိုစစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာဟု မိမိကိုယ်ကိုယ် ခေါ်ဆိုသူ ၇၃၀၀၀၀ ကျော်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှိနိုင်ငံသို့ ထွက်ပြေးကြပြီး ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်း ပေါ်ပေါက်လာ သည်။ ထိုဒုက္ခ သည်များမှာ နေရပ်ပြန်ရမည်ကို ကြောက်နေသောကြောင့် ၎င်းတို့ကို ပြန်လည်ပို့ဆောင်ရန် နှစ်နိုင်ငံ အားထုတ်မှုများလည်း တုံ့ဆိုင်းနေသည်။ လွန်ခဲ့သောအပါတ်က စီစဉ်ထားသည့် ပထမဆုံးအကြိမ် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးတွင်လည်း မည်သူမျှပြန်မလာပေ။

၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ပြီးနောက် အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများကို တရားဝင် ရုတ်သိမ်းခဲ့သည်။ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်းနှင့် မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်ရာတွင် အချိတ်အဆက်ရှိသော ကုမ္ပ ဏီများကိုပိတ်စို့ခြင်းအပါ အဝင် ကန့်သတ်ချက်အချို့ကိုမူ ဆက်လက်ထားရှိခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး စတင်ဖြစ် ထွန်းလာပြီး အမေရိကန်ဦးဆောင်သော ဒေသတွင်း စစ်ရေးလေ့ကျင့်မှု တ ချို့တွင် မြန်မာ့တပ်မတော်က လေ့လာသူအဆင့်ဖြင့် ပါဝင်လာခဲ့သည်။

ဧရာဝတီ သတင်းဌာနသည် ရန်ကုန်ရှိအမေရိကန်သံရုံးသို့ အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့သော်လည်း ယနေ့ေ နေ့လည်အထိ အကြောင်းပြန်ကြားမှုမရသေးပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဧရာဝတီက အီးမေးလ်ဖြင့် ဆက်သွယ်သောအခါ “နောက်ဆုံးစီ စဉ်မှုများ လုပ်နေပြီး အသေးစိတ်ကို စစ်ရေးလေ့ကျင့်မှု စတင်ချိန်နီးသောအခါ ထုတ်ပြန်မည်” ဟု အေ ကြာင်းပြန်ခဲ့သည်။

သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တစောင်အရ အမေရိကန်နိုင်ငံသည် ASEAN တပ် မတော်နှင့်ရေတပ်များအကြား ရေကြောင်းစိုးမိုးမှု၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် ပင်လယ်ပြင် ပိတ် ဆို့တားဆီးမှုစွမ်းရည်များတည်ဆောက်ရေးအတွက် ပထမဆုံအကြိမ် AUMX ကို ထိုင်းနိုင်ငံနှင့်အတူ လက်ခံကျင်းပမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားသည်။

လွန်ခဲ့သောအောက်တိုဘာလက ASEAN-China ရေတပ်စစ်ရေးလေ့ကျင်မှုကို ကွမ်တုန်ပြည်နယ် ကျန် ကျန့်တွင် ကျင်းပခဲ့သည်။

( Moe Myint ၏ Myanmar Navy to Join US-led Maritime Exercise in South China Sea ကို ဆီလျော် အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန် –


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */