" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 2021. Show all posts
Showing posts with label 2021. Show all posts

Thursday, December 2, 2021

ရိုဟင်ဂျာလူမျိုးတုန်းသတ်မှုဖြင့် မြန်မာစစ်ခေါင်းဆောင်များ ကို အမှုစစ်ဆေးရန် အာဂျင်တီးနား တရားရုံးက သမိုင်းဝင် ဆုံးဖြတ်

မဇ္ဈိမ
28 November 2021

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်ရှိအာဏာသိမ်းစစ်အုပ်စု အကြီးတန်းခေါင်းဆောင်ပိုင်းအပါအဝင် မြန်မာစစ်တပ်အပေါ် တရားရုံးအမှု ဖွင့်လှစ် ကြားနာစစ်ဆေးသွားရန် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို အာဂျင်တီးနား တရားရုံးက ချမှတ်ခဲ့ ကြောင်း ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

ရိုဟင်ဂျာ ဂျီနိုဆိုဒ်အမှု အာဂျင်တီးနား တရားရုံး ကြားနာ မည်

ဧရာဝတီ
30 November 2021 

Burmese Rohingya Organisation UK ဥက္ကဋ္ဌ ဦးထွန်းခင် (ဝဲ) နှင့် တရားလိုရှေ့နေ သောမတ် အိုဂျေး ကင်တားနား (ယာ)

 မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုခံရသည့် ရိုဟင်ဂျာများက တင်သွင်းသည့် လူမျိုးတုန်း သတ်ဖြတ်မှုကို စစ်ဆေးရန် အာဂျင်တီးနား တရားစီရင်ရေးက သဘောတူလိုက်သောကြောင့် ကျူးလွန်ခံရသူများ နှင့် ၎င်းတို့အတွက် လိုက်ပါဆောင်ရွက်နေသူများက ထိုဆုံးဖြတ်ချက်သည် စစ်ဗိုလ်ချုပ်များကို ဥပဒေ အရအရေး ယူရန် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြိုဆိုကြသည်။ ထိုအမှုကို ဗြိတိန်အခြေစိုက် ရိုဟင် ဂျာအဖွဲ့တခုနှင့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်အုပ်စု၏ ဖြိုခွဲမှုအတွင်း လွတ်မြောက်လာသူ အမျိုးသမီး ၆ ဦးက စွဲဆိုခြင်းဖြစ်သည်။ ထိုစဉ်က မြန်မာစစ်တပ်သည် လက်နက်ကိုင် အုံကြွတိုက်ခိုက်မှုကို ဖြိုခွင်းနှိမ်နင်းသောစစ် ဆင် ရေးတွင် အရပ်သားများစွာကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများကိုလည်း မုဒိန်းကျင့် ကာ ကြာမြင့်စွာ ဖိနှိပ်ခံ နေရသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် ၇ သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခဲ့သည်။

Bhashan Char ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ ဆွေမျိုးတွေနဲ့ သွားရောက် တွေ့ခွင့်ရ

VOA
ဗွီအိုအေ (မြန်မာဌာန)
01 ဒီဇင်ဘာ၊ 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhasan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ယခင်ပုံဟောင်း)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝေးလံခေါင်သီတဲ့ Bhashan Char ကျွန်းမှာ သွားရောက်နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ် သူတို့ မိသားစု၊ ဆွေမျိုးတွေဆီကို လည်ပတ် ခွင့်ပြုခဲ့ပါတယ်။

ဘာဆန်ချာကျွန်းရောက် ရိုဟင်ဂျာတွေ မိသားစုထံ လည်ပတ်ခွင့်ရ

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-01

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၂ဝ ဒီဇင်ဘာလက ဘာဆန်ချာကျွန်းသို့ ပို့ဆောင်ခဲ့စဉ်။File Photo: Reuters


ရာသီဥတု ပြင်းထန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာဆန်ချာကျွန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးတွေနဲ့ လည်ပတ် တွေ့ဆုံခွင့်ပေး ခဲ့တယ်လို့ AFP သတင်းမှာ မနေ့ကဖော်ပြပါတယ်။

Wednesday, December 1, 2021

အာဂျင်တီးနားတရားရုံးစစ်မယ့်ရိုဟင်ဂျာအမှု နိုင်ငံရေးဖိ အား ဟု စစ်ကောင်စီရှုမြင်

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
01 ဒီဇင်ဘာ၊ 2021

ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးခဲ့ကြရတဲ့ (၄) နှစ်ပြည့်အထိမ်းအမှတ်ကျင်းပစဉ်။ (ယခင်ပုံဟောင်း)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲဆိုမှုကို အာဂျင်တီးနားတရားရုံးက လက်ခံလိုက်တဲ့အပေါ်မှာ ဒါဟာ နိုင်ငံရေးအရဖိအားပေးမှုတခု လိုမြင် တယ်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။ နိုင်ငံခြားဆက်ဆံရေးမှာ မိတ်ဝတ်မပျက်အောင် ဆက်ဆံသွားမှာဖြစ်ပေမယ့် ဥပဒေအရ ညီညွတ်တဲ့လုပ်ရပ်တွေကိုပဲ နိုင်ငံတကာနဲ့ပူးပေါင်းမှာဖြစ်တယ်လို့လည်း တုံ့ပြန်ပါတယ်။ ဒီအကြောင်း မေးမြန်းစုံစမ်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေး ထား ပါတယ်။

New Light of Myanmar ( English Newspaper )2020 December.

 01.12.2021

Tuesday, November 30, 2021

မွတ်ဆလင်၂၀၀ ကျော် တင်ဆောင်လာသော စက်လှေ ၁ စီး ဖမ်းမိ

ဧရာဝတီ
30 November 2021

မလေးရှားနိုင်ငံသို့ သွားမည့် မွတ်ဆလင် ၂၂၈ ဦးတင်ဆောင်လာသည့် စက်လှေတစီးကို စစ်တွေမြို့နယ် မေယု ကျွန်း အနောက်ဘက် ၁၇မိုင်အကွာတွင် ယမန်နေ့ နံနက်ပိုင်းက မြန်မာရေတပ်က ဖမ်းဆီးလိုက်ကြောင်း သိရ သည်။

အဆိုပါ စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှနေ မလေးရှားနိုင်ငံသို့ သွားရန် ထွက် ခွာလာ စက်လှေတစီးဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည် နယ် စီမံ အုပ်ချုပ်ရေး ကောင်စီမှ အရာရှိတဦးက ပြောသည်။

၎င်းက “မနေ့က ဖမ်းမိတဲ့သူတွေက ကူတူပါလောင် ဒုက္ခသည်စခန်းကနေ မလေးရှားသွားဖို့ ထွက်လာကြတာ လို့ သူတို့က ထွက်ဆိုတယ်။ အဲဒီမှာ ၁၂ နှစ်အောက် ကလေးတွေလည်း ပါလာတော့ ကလေးတွေကိစ္စကို ကျေ နာ်တို့ ဘယ်လို ဆောင် ရွက်မယ်ဆိုတာ စီစဉ်နေကြတယ်။ ကျန်တဲ့ လူကြီးတွေကိုတော့ တရားဥပဒေအရ အ ရေး ယူဖို့ စီစဉ်နေပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ လူမှောင်ခို စက်လှေမှာ ဝဒီထွန်း (၅) အမည်ရှိပြီး စက်လှေပါ မြန်မာလူမျိုး (တရားခံ) ၅ ဦး၊ မွတ်ဆလင် (ကျား) ၇၀ ဦး၊ မွတ်ဆလင် (မ) ၁၂၅ ဦး၊ ကလေး ၃၃ ဦးတို့ ပါဝင်ကာ လက်ရှိအချိန်တွင် ၎င်းတို့ကို မည်သည့် နေ ရာတွင် ထိန်း သိမ်း စစ်ဆေးနေသည်ကိုတော့ မသိရပေ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် လက်နက်များ ချင်းချင်းကြား ပဋိ ပက္ခဖြစ်ပွား မှုကြောင့် စခန်းရှိ မွတ်ဆလင် မိသားစုဝင်များမှာ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ ထွက်ခွာမှု များရှိလို တချို့မှာလည်း နှစ်နိုင်ငံ နယ်စပ်မှတဆင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့လည်း တရားမ ဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှု များရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆ လင် ကျေးရွာသားများ သိန်းနှင့်ချီ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားရာ လက်ရှိအချိန် အထိ အဆိုပါ မွတ် ဆလင်အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြန်လည် နေရာချထားမှု မပြုလုပ်နိုင် သေး ပေ။

ယခုလ နိုဝင်ဘာလ ၂၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ကြသော မွတ်ဆလင်များအ နေ ဖြင့် လဝက ဌာနက ထုတ်ပေးလေ့ရှိသော ခရီးသွားခွင့် (ပုံစံ – ၄) ရယူခြင်းမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊တိုင်း သို့ ကျော်လွန်ပြီး ခရီးသွားလာခွင့် မပြုကြောင်း ဒေသအာဏာပိုင်များက တားမြစ်စာ ထုတ်ထားသည်ကိုလည်း အင်တာနက် လူမှုကွန် ရက်တွင် တွေ့ရှိရသည်။

တားမြစ်ထားသည့်အတိုင်း လိုက်နာမှု မရှိဘဲ ဖောက်ဖျက် ကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ဘူသီးတောင်မြို့နယ်အတွင်းကမွတ်ဆလက် ကျေးရွာလူကြီး တဦးက “ကျနော်တို့ NVC (National Verification Card) နဲ့ ခရီးသွားလာလို့ ရနေတာကို အခုလို ပုံစံ – ၄ ရ ယူပြီးမှ သွားရမယ် ဆိုတာကတော့ ကျ နော်တို့အတွက် တော်တော် အခက် အခဲဖြစ်တယ်။ ပုံစံ- ၄ ရဖို့ဆိုတာက ဒီအတိုင်း ထုတ်ပေးတာမှ မဟုတ် တာ။ အဆင့်ဆင့် တင် ပြရတယ်။ အချိန်ကုန်၊ ငွေ ကုန် ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မွတ်ဆလင် ကျေးရွာသားများကို ထိုသို့ ခရီးသွားလာခြင်းမှ တားမြစ်မှုမှာ လုပ်ထုံး၊ လုပ်နည်းအရ မှန်ကန်သော် လည်း ပုံစံ – ၄ ထုတ်ပေးသည့် ဌာနဆိုင်ရာများကို ကိုယ်တိုင် အချိန်နှောင့်နှေး ကြန့်ကြာမှု မဖြစ်ရန် မြန်မြန်ဆန် ဆန် စိစစ်ကာ ထုတ်ပေး နိုင်မည် ဆိုပါက အားလုံးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

ဦးအောင်သောင်းရွှေက “ကျနော့် အမြင်ကတော့ ပုံစံ – ၄ ပါမှ ခရီးသွားခွင့်ပြုမယ်ဆိုရင် လဝက ဌာနက အဲဒီ ပုံစံ – ၄ ကို ကြန့်ကြာမှု မဖြစ်အောင် ထုတ်ပေးသင့်တယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ရင် သူတို့ကို တမင် ဖိနှိပ်ထား သလိုမျိုး ဝေဖန်မှု တွေ ထွက်လာနိုင်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

Link : Here

By the principle of “universal justice”, Argentina will investigate crimes against humanity against the Rohingya community in Myanmar

oicanadian
28th November 2021


Refugees crossing from Myanmar into Bangladesh (REUTERS file / Jorge Silva)

The news came late due to the time difference. The six women of the Rohingya community, living as refugees in Bangladesh and who dared to tell that they had been raped by the military of their country while murdering their family, felt “relief and hope”. It is that they had just heard how thousands of kilometers away the Argentine Justice had resolved open a criminal case to investigate the crimes to which they and their community were subjected.

Argentinian judiciary to open case against Myanmar military over Rohingya genocide

Dhaka Tribune
UNB
November 28th, 2021
File photo: Unidentified men carry knives and slingshots as they walk past a burning house in Gawdu Tharya village near Maungdaw in Rakhine state, in northern Myanmar on September 7, 2017 AFP



The Gambia in 2019 launched a case against Myanmar for violating the Genocide Convention with ICJ

The Argentinian judiciary has taken a step to open a case against the Myanmar military – including Min Aung Hlaing and much of the current junta’s senior leadership – over the genocide against the Rohingyas, Burmese Rohingya Organization UK (BROUK) has said.

Argentina court to investigate Myanmar war crimes against Rohingya Muslims

The Guardian 

Agence France-Presse
Mon 29 Nov 2021 


The case, which the UN says could amount to genocide, was brought under the legal premise of universal justice.

Protesters show support for the Rohingya outside the Peace Palace in the Netherlands on 10 December 2019. Myanmar is facing legal challenges from all over the world, including Argentina. Photograph: Sem van der Wal/EPA

Argentina’s justice system will investigate allegations of war crimes committed by the Myanmar military against that country’s Rohingya minority under a court ruling upholding the principles of “universal justice”.

The appeals court decision, which Agence France-Presse has seen, overturns a lower court ruling rejecting a request for an investigation by the British-based Burmese Rohingya Organisation (BROUK).

Today's News (Quick Search ) November, 2021

Rohingya News all over the world

NEWS TODAY

30.11.2021



Argentina court to investigate Myanmar war crimes against Rohingya Muslims - The Guardian The Guardian

Argentina to probe Myanmar war crimes claims | Arab News Arab News

Aung San Suu Kyi: Myanmar court set to deliver first verdict on deposed leader - The Guardian The Guardian

Bhutan Can Play Role In Rohingya Crisis Solution – OpEd - Eurasia Review Eurasia Review

Immigration Department issues NRCs to nearly 1,600 Arakanese people in Sittwe Twsp ... Burma News International

In search of Singapore | Colombo Gazette Colombo Gazette

Maungdaw border trade center sees about US$1.2 million in trade so far this month Burma News International

Myanmar navy seizes boat carrying 228 Rohingya, arrests all on board - The Straits Times The Straits Times

Myanmar seizes boat carrying 228 Rohingya - state TV - Thomson Reuters Foundation Thomson Reuters Foundation

Myanmar seizes boat carrying 228 Rohingya - state TV | Reuters Reuters

Rohingya in Buthidaung hit with even tougher travel restrictions | Myanmar NOW Myanmar NOW

The Buenos Aires Federal Chamber ordered an investigation of crimes against humanity ... OI Canadian

The Uighurs and the Question of Muslim Solidarity | Council on Foreign Relations Council on Foreign Relations

Training course on bamboo handicraft to be conducted in Sittwe | Burma News International Burma News International

Why won't Mitch McConnell help Burma and Aung San Suu Kyi? | Opinion - Courier-JournalCourier-Journal

Argentina's justice system to probe Myanmar war crimes claims

Buenos Aires Times
29th November 2021


Argentina's justice system will investigate allegations of war crimes committed by the Myanmar military against that country's Rohingya minority under a court ruling upholding the principles of universal jurisdiction.
TUN KHIN, PRESIDENT OF THE BURMESE ROHINGYA ORGANISATION UK, PREPARES TO GIVE TESTIMONY. | TWITTER.COM/TUNKHIN80

Argentina's justice system will investigate allegations of war crimes committed by the Myanmar military against that country's Rohingya minority under a court ruling upholding the principles of universal jurisdiction.

The appeals court decision, which AFP has seen, overturns a lower court ruling rejecting a request for an investigation by the Britain-based Burmese Rohingya Organisation (BROUK).

ယေန့ သတင်း( အမြန်ရှာရန် ) နိုဝင်ဘာဘာလ၊၂၀၂၁

 ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )

30.11.2021

မြန်မာ့ဆန်ကို တစ်တန် ဒေါ်လာ ၄၆၀ နဲ့ သီရိလင်္ကာ ဝယ်မယ်- BBC

ရှားတောမှာ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်တယ်လို့ KNDF ပြော- BBC

မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်က စကားလုံးအငြင်းအခုံများ- BBC

ထားဝယ်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူးအပါအဝင် ၄ ဦးဖမ်းဆီးခံရ- BBC

NLD ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ရဲ့ဈာပနပြုလုပ်- BBC

ပင်လည်ဘူးကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်းသေနတ်နဲ့ပစ်ခံရ- BBC

ဖားကန့်မှာ နှစ်ရက်ဆက် ဆန္ဒပြ- BBC

စစ်တပ်နဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ကုမ္ပဏီတွေမှာ သြစတေးလျနိုင်ငံပိုင် ဓနရန်ပုံငွေ ဒေါ်လာသန်းရာကျော် ရှယ်ယာပါဝင်နေ- BBC

မြန်မာနိုင်ငံသား ၇၉ ယောက် ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံရ- BBC

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် အမျိုးသမီး ၁၃၈၀ နီးပါး ဖမ်းဆီးခံနေရ- BBC

တမူးမှာ ရဲကင်းတစ်ခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ တမူး PDF ပြော- BBC

ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့စွပ်စွဲခံနေရတဲ့အမှုတွေထဲကအချို့ကို အပြီးသတ်အမိန့်ချဖို့ရှိ- BBC

ပူတာအိုမြို့မှာ ကိုဗစ်ပိုးကူးစက်သူမြင့်တက်နေတယ်လို့ ကူညီရေးအဖွဲ့တွေပြော- BBC

တကောင်းတောင် နီကယ်သတ္တုတူးဖော်ရေးစီမံကိန်း စက်ရုံအတွင်းမှာ မီးလောင်မှုဖြစ်- BBC

ဖာပွန်က စစ်ကောင်စီယာယီစခန်း၃ခုကို KNLA ဝင်တိုက် ၊တိုက်ပွဲများ ဆက်ဖြစ်နေ- BBC

စစ်ကောင်စီက ရဟတ်ယာဉ်တွေသုံးပြီး တိုက်နေတဲ့ ဒီပဲယင်းတိုက်ပွဲ- BBC

ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်-BBC

မိုးမောက်မြို့လယ်ခေါင်မှာအချိန်အတော်ကြာတိုက်ပွဲဖြစ်ပွား-BBC

ဒေါ်အောင်ဆန်းစုကြည် ၅၀၅-ခ အမှု အမိန့်ချဖို့ ရွှေ့ဆိုင်း -VOA

မြစ်ကြီးနားမြို့ ပြည်နယ်တရားရုံးဝင်းအတွင်း အသံမိုင်းပေါက်ကွဲ  -VOA


စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီနယ်မြေရှင်းလင်းရေးဆက်လုပ်- VOA


ရှမ်းမြောက်နဲ့ကချင်မှာ စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားတပ်အကြား တိုက်ပွဲများဖြစ်ပွား - VOA

ဒေါ်အောင်ဆန်းစုကြည်ကို ပထမနှစ်မှု အမိန့်ချမည့်ရုံးချိန်း ဒီဇင်ဘာ ၆ ရက်ကို ရွှေ့ဆိုင်း- RFA

စစ်အာဏာသိမ်း ၁၀ လပြည့်မှာ ကဏ္ဍပေါင်းစုံ ကျပ်တည်းလာ-RFA

NLD နှစ် ၃၀ ခရီးကြမ်းမှာ မယိမ်းမယိုင်ပါဝင်ခဲ့သူ မုံရွာအောင်ရှင်- RFA

ပင်လည်ဘူးမြို့နယ် USDP ဥက္ကဋ္ဌ သေနတ်နဲ့ ပစ်သတ်ခံရ- RFA

ဝေါမြို့က ဆန္ဒပြသူတစ်ဦး စစ်ကြောရေးက ဒဏ်ရာတွေကြောင့် သေဆုံး- RFA

မိတ္ထီလာ ဗကသဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုခွင့်မရ- RFA

NLD ပါတီဝင် ၅၀ ကျော်တို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံထားရ- RFA

နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြန်စဖို့ စစ်ကောင်စီပြင်ဆင်- RFA

ရိုဟင်ဂျာ နှစ်ရာကျော်ပါတဲ့ စက်လှေ စစ်တွေမြို့အနီး ဖမ်းဆီးခံရ- RFA

ကလေးမြို့က ချင်းဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေ ရပ်ဆိုင်း- RFA

အာဏာသိမ်း ၁၀ လ စစ်တပ်ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှု ၁၀ ခုရှိ- RFA

မိုးမောက်က ဧဒင်ဒုက္ခသည်စခန်း ပစ်ခတ်ခံရလို့ အခန်းပေါင်း ၆၀ ပျက်စီး- RFA

မန္တလေးက မြန်မာ့ဆက်သွယ်ရေးရုံး ဗုံးကွဲ- RFA

နိုင်ငံတကာရေးရာ

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့တွေ့ဆုံမှုမှာ မြန်မာ့အရေးလည်းဆွေးနွေး- BBC

မြောက်ကိုရီးယား ထောင်ပြေး ရက်၄၀အကြာ တရုတ်မှာ ဖမ်းမိ -BBC

ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်တွေအတွက် လက်ရှိကာကွယ်ဆေးတွေက ထိရောက်မှာလား- BBC

Omicron ကိုဗစ်မျိုးကွဲကူးစက်သူတွေ့ရှိကြောင်း ဂျပန်နဲ့ပြင်သစ်အတည်ပြု - VOA

အာဖဂန်မှာ အကျဉ်းချုံးသတ်ဖြတ်မှုပေါင်း ၁၀၀ ကျော်ရှိခဲ့ဟု HRW ဝေဖန် - VOA

အကြီးအကျယ်လောင်ခဲ့တဲ့ LA မီး- VOA

အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ hypersonic ဒုံးကျည် ရုရှားထပ်မံစမ်းသပ် - VOA

ကိုဗစ်ပိုး မျိုးကွဲသစ် Omicron ကြောင့် စာသင်ကျောင်းတွေ စီးပွါးရေးလုပ်ငန်းတွေ ပိတ်ထားဖို့ မလိုအပ်သေး (သမ္မတ Biden) - VOA

ရိုဟင်ဂျာဒုက္ခသည် နောက်ထပ် ၃၈၀ နီးပါး ဘာဆန်ချာကျွန်းပေါ် ပြောင်းရွှေ့ - VOA


ဩစတြေးလျအစိုးရငွေနဲ့ မြန်မာစစ်တပ်ဆက်နွယ်တဲ့ စစ်လက်နက်လုပ်ငန်းတချို့ ပတ်သက်ဟု NUG ဝေဖန် - VOA

Omicron ကိုဗစ်မျိုးကွဲသစ်ကူးစက်သူ ၆ ဦး စကော့တလန်မှာတွေ့ရှိ - VOA

အီရန် နျူကလီးယားအရေးဆွေးနွေးပွဲ ပြန်စတင်- VOA

ဩစတြေးလျရဲ့ တရုတ်စစ်လက်နက်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာစစ်တပ် - RFA

ရိုဟင်ဂျာ နှစ်ရာကျော်ပါတဲ့ စက်လှေ စစ်တွေမြို့အနီး ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2021-11-29
ရိုဟင်ဂျာ ၂၂၆ ဦးပါလာသော စက်လှေအား စစ်တွေမြို့အနောက်မြောက်ဘက်တွင် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီပြန်ကြားရေး ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် ဓာတ်ပုံ။
 
ရိုဟင်ဂျာ ၂၂၈ ဦး ပါလာတဲ့ စက်လှေတစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ မြန်မာရေတပ်က မနေ့မ နက်ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါ တယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် အာဂျင်တီနား တရားရုံးလက်ခံ

VOA
ဗွီအိုမေ မြန်မာပိုင်း
စုမြတ်မွန်
29 နိုဝင်ဘာ၊ 2021

ရိုဟင်ဂျာအရေးတရားစွဲဖို့ ကြိုးပမ်းနေသူ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ ရှေ့နေ ကင်တာနား (ဓာတ်ပုံ-ဦးထွန်းခင်)

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းရှင်းလင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အာဂျင်တီးနားနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက လက်ခံ လိုက်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ မြန်မာတနိုင်ငံလုံးအတွက် ထူးခြားအရေးပါတယ်လို့တရား စွဲသူတွေဘက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးကျူးလွန်မှု တွေက လူမျိုးတုံး ရှင်းလင်းသတ်ဖြတ်ရာရောက်တယ်လို့ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ BROUK နဲ့ ကျူးလွန်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၆ ဦးကမြန်မာအကြီးအကဲတွေ အပေါ်တရားစွဲ ထားပါ တယ်။  ကျူးလွန်ခဲ့တယ်ဆိုတဲ့ အချက်တွေဟာ ပြင်းထန်ဆိုးဝါးလှတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လက်ခံလိုက်တယ် လို့ Buenos Aires မြို့တော်က ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက ပြောကြားပြီးလက်ခံလိုက်ပါတယ်။ ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်ကျူးလွန်ခဲ့ချိန်ကတာဝန်ရှိတဲ့မြန်မာခေါင်းဆောင် တွေအပေါ်တရားစွဲထားတဲ့ အမှုကို ခုလိုလက်ခံလိုက်တာဟာ ရိုဟင်ဂျာတွေအတွက်တင် မဟုတ်ဘဲ မြန်မာတနိုင်ငံ လုံးအတွက် ထူးခြားအရေးကြီးတယ်လို့ တရားစွဲတဲ့ဗြိတိန်နိုင်ငံအခြေစိုက်မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌဦးထွန်းခင် က ဗွီအိုအေ မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဒီစစ်တပ်ကနေ တနိုင်ငံလုံးမှာ ဒီလို သတ်ဖြတ်မှုတွေသူတို့လုပ်ပြီးတော့ impunity ဆိုတဲ့ ကင်းလွတ်ခွင့်တွေကိုရနေတယ်။ အဲဒီအတွက်ကြောင့် ဒါက တကယ်ကို အရေးကြီးတဲ့အနေ အ ထားတခုပါ။ ကျနော်တို့ ရိုဟင်ဂျာအတွက်သက်သက်မဟုတ်ဘူး။ ကျနော် ဒီနေရာမှာပြောချင်တာက ကျနော်တို့ နိုင် ငံသူနိုင်ငံသားအားလုံး စစ်တပ်ရဲ့နှိပ်ကွပ်မှုကိုခံနေရတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးအတွက် တရားမျှတမှုရဖို့ ဒီ အာ ဂျင်တီးနားရဲ့တရားခွင် စုံစမ်းစစ်ဆေးမှုက အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ပြီးတော့ ဒီအမှုက ကျနော်တို့ အ တွက်တင် အကျိုးရှိမှာမဟုတ်ဘူး။ တနိုင်ငံလုံးအတွက်အကျိုးရှိမှာပါ။ အဲဒီအတွက်ကြောင့် ဒါက တော်တော်လေး အရေးကြီးပါတယ်။ ကျနော်တို့အတွက် မျှော်လင့်ချက်တခုတင်မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ ဖိနှိပ်မှုကိုခံနေရတဲ့ လူနည်းစုတိုင်းရင်းသားတွေ၊ တခြားတိုင်းရင်းသားတွေ၊ ရိုဟင်ဂျာအပါအဝင် ကျန်တဲ့တိုင်းရင်းသားလူနည်းစုတွေ မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတွေမှာ နေ့စဉ်ခံနေရတဲ့လူတွေအားလုံးအတွက် အရေးကြီးတဲ့ case တခုဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီအမှုကို ရှေ့နှစ်ဆန်းပိုင်းမှာ စတင်စစ်ဆေးနိုင်မယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းခင်က ပြောပါတယ်။ အမှုအတွက် သူတို့ ဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ထားပြီး နောက်ထပ် အထောက်အထားတွေရရှိအောင်နဲ့ အစုလိုက်အပြုံ လိုက် သတ်ဖြတ် မှုတွေရှိခဲ့တဲ့ ရွာတွေကလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်အကြီးအကဲတွေကို ဖော်ထုတ် ဖို့လည်း လုပ်သွားမယ်လို့ပြောပါတယ်။ မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံသလို ခုလို တရားစွဲတာတွေကို အသိအမှတ်မပြုဘူးလို့ ပြောကြားထားပါတယ်။ တကယ်လို့ စစ်တပ်ဘက်က ပူးပေါင်းဆောင် ရွက်မှုမလုပ်ရင် တရားစွဲတာ ထိရောက်မှုရှိပါ့မလားလို့ ဦးထွန်းခင်ကို မေးတဲ့အခါ သူကခုလိုဖြေပါတယ်။

“ကျနော်တို့တွေ့ရသလောက်က ဒီလို ရာဇဝတ်မှုကျူးလွန်တဲ့ကောင်တွေက ဘယ်တော့မှ လုပ်တယ်ဆိုတာလည်း မပြောဘူး။ ပြီးတော့ ဒီဟာတွေကို ဂရုမစိုက်တဲ့ပုံစံတော့ ပြပါတယ်။ ဒါပေမယ့် တရားမျှတမှုရှာတဲ့နေရာမှာတော့ နောက်ဆုံးတော့ သူတို့ ဒီတရားခွင်ပေါ်မှာတော့ ပေါ်လာရမှာပဲ၊ ဘယ်လိုပဲငြင်းငြင်း။ အမှန်တရားတခုရဖို့ ကျနော် တို့ အစွမ်းကုန်ကြိုးစားသွားမယ်။ တကယ်လို့ ရာဇဝတ်မှုကျူးလွန်ထားတဲ့ ဒီစစ်တပ်ကလူတွေ၊ ဗိုလ်ချုပ်တွေ မလာ ဘူးဆိုရင် ကျနော်တို့က သူတို့ကို interpol နဲ့ ဖမ်းဝရမ်းထုတ်ဖို့ အလားအလာရှိပါတယ် နောက်ဆုံးမှာတော့။ အဲလိုအနေအထားအထိ ကျနော်တို့သွားမှာပါ။”

နိုင်ငံတကာဥပဒေအရ လူ့အခွင့် ချိုးဖောက် ကျူးလွန်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်ဆိုရင် တရားစွဲပိုင်ခွင့်ရှိတဲ့အ တွက် အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့် တရားစွဲတာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံအပေါ်တခြားနိုင်ငံတခုမှာတရား စွဲတာက သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မြန်မာ့အရေး လေ့လာနေတဲ့ ဒေါက်တာခင်ဇော်ဝင်းက ခုလို သုံးသပ် ပါတယ်။

“ဒါတွေက အကျယ်ကျယ်သွားနိုင်တာကို ထည့်တွက်ဖို့ လိုနေပြီ။ ဒီကိစ္စမှာ အီရော အီရောလုပ်မရဘူး။ ရာဇဝတ်မှု တွေကို ကျူးလွန်ထားတာပါ။ ကျူးလွန်ဆဲပါပဲ။ အဲဒါကြောင့် တခုခုလုပ်ကြပါလို့ ပြောတာနဲ့ တူတူပဲ။”

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် စစ်တပ်ရဲ့နယ်မြေ ရှင်း လင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့ တွေက သုံးသပ်ထားကြပါတယ်။ အဲဒီနယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂ လားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

Link: Here

ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက် က ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 နိုဝင်ဘာ၊ 2021

     ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက်ကဖမ်းဆီး (ဓါတ်ပုံ- တပ်မတော် သတင်း)

 စစ်တွေမြို့ အနောက်မြောက်ဘက်မှာ လူ ၂၃၃ ဦး လိုက်ပါလာတဲ့ စက်လှေ တစင်ကို နိုဝင်ဘာလ ၂၉ ရက် နေ့ မနက် ပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။ သတင်းအရတော့ ဖမ်းဆီးတဲ့ ဝဒီထွန်း (၅) သစ်သား စက်လှေပေါ်မှာ ရိုဟင်ဂျာ ၂၂၈ ဦးပါဝင်ပြီးကလေးငယ် ၃၃ဦး၊ အမျိုးသမီး ၁၂၅ ဦးနဲ့ အမျိုးသား ၇၀ ဦးတို့ ဖြစ်ပါတယ်။ စက်လှေ ဝန်ထမ်း အမျိုးသား ၅ ဦး ဖမ်းခံရတဲ့ အထဲမှာ ပါဝင်ပါတယ်။

ဆယ်စုနှစ်တခုကြာ ပိတ်ဆို့ခံထားရတဲ့ ရိုဟင်ဂျာများ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
30 နိုဝင်ဘာ၊ 2021 မြန်မာနိုင်ငံမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံဘက် ကို လှေစီးထွက်ပြေးဖို့ ကြိုးစားတတ်ကြပါတယ်။ နိုဝင်ဘာ ၂၉ရက် တနင်္လာနေ့ကပဲ လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေဟာ အသွားအလာကန့် သတ် ခံထားရသလိုဒုက္ခ သည်စခန်းတွေထဲမှာ ဆယ်စုနှစ် တခုကြာ နေထိုင်နေကြရတာကြောင့် အခုလို တ ခြား နိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိတဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

New Light of Myanmar ( English Newspaper )2020 November.

 30.11.2021

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) နိုဝင်ဘာ လ ၊၂၀၂၁

မြန်မာ့အလင်း သတင်းစာ

30.11.2021

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) နိုဝဘာၤလ၊ ၂၀၂၁

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့
သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဉ်
30.11.2021
VOA
VOA

30.11.2021
BBC
BBC

30.11.2021
RFA
RFA

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */