Tuesday, November 30, 2021

ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက် က ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 နိုဝင်ဘာ၊ 2021

     ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက်ကဖမ်းဆီး (ဓါတ်ပုံ- တပ်မတော် သတင်း)

 စစ်တွေမြို့ အနောက်မြောက်ဘက်မှာ လူ ၂၃၃ ဦး လိုက်ပါလာတဲ့ စက်လှေ တစင်ကို နိုဝင်ဘာလ ၂၉ ရက် နေ့ မနက် ပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။ သတင်းအရတော့ ဖမ်းဆီးတဲ့ ဝဒီထွန်း (၅) သစ်သား စက်လှေပေါ်မှာ ရိုဟင်ဂျာ ၂၂၈ ဦးပါဝင်ပြီးကလေးငယ် ၃၃ဦး၊ အမျိုးသမီး ၁၂၅ ဦးနဲ့ အမျိုးသား ၇၀ ဦးတို့ ဖြစ်ပါတယ်။ စက်လှေ ဝန်ထမ်း အမျိုးသား ၅ ဦး ဖမ်းခံရတဲ့ အထဲမှာ ပါဝင်ပါတယ်။

 ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က တရားဝင် လက်ခံမထားပါဘူး။ မြန်မာ ရေတပ် ကင်းလှည့် စောင့် ကြည့်နေတာမှာ မသကာၤဖွယ် စက်လှေကို တွေ့တာကြောင့် စစ်ဆေးတာမှာ ဖမ်းဆီးရမိတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ ဖမ်းခံရသူတွေကို သက်ဆိုင်ရာ မြန်မာ အာဏာပိုင်တွေထံ လွှဲပြောင်းပေး အပ်မယ့် အ ကြောင်း သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းခံထားရသူတွေကို ဘယ်ကို ခေါ်ဆောင်သွားသလဲ အာဏာပိုင်တွေထံ လွှဲပြောင်း ပြီးပြီလား ဆိုတာနဲ့ ဘယ်ဒေသက လူတွေလဲ ဆိုတာကိုတော့ ဖော်ပြမထားသလို ဒီလူတွေက ဘယ်ကို ဦးတည် သွား နေတာလဲ ဆိုတာကိုလည်း သတင်းမှာ ဖော်ပြမထားပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */