Link : Here
Tuesday, June 22, 2021
ဒုက္ခသည်နေ့နဲ့ ရိုဟင်ဂျာအကျပ်အတည်း
Link : Here
Saturday, June 19, 2021
မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှုဆိုင်းငံ့ရေး ကမ္ဘာ့နိုင်ငံ တွေ ဘယ်လိုရပ်တည်သလဲ
ဘီဘီစီမြန်မာပိုင်း
18/06/2021စစ်အာဏာသိမ်းပြီး လေးလနီးပါးမှာ အင်အားသုံးပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးမှုတွေအတွင်း သေဆုံးရသူပေါင်း ၈၀၀ ကျော်ခဲ့ပြီလို့ AAPP က ထုတ်ပြန်ထားမြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ဆိုင်းငံ့ဖို့အပြင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ အချက်တွေပါ ပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၁၈ ရက်မှာ အ တည်ပြုပေးလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေထဲက ၁၁၉ နိုင်ငံက ထောက်ခံပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေ မဲပေး ခဲ့ကာ ဘယ်လာရုဇ်နိုင်ငံတစ်နိုင်ငံတည်း ကန့်ကွက်မဲပေးခဲ့ပါတယ်။
Wednesday, June 16, 2021
စစ်အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာအရေး မပေါ့လျော့စေဖို့ ကုလဆိုင်ရာ သံအမတ်တချို့ ဆွေးနွေးချက် (တက်ရောက် ခဲ့သူ မဝေဝေနု နှင့် မေးမြန်းခန်း)
မသိင်္ဂီထိုက်
16 ဇွန်၊ 2021
Friday, June 11, 2021
လှေစီးပြေး ရိုဟင်ဂျာ ၈၀ ကျော် အင်ဒိုနီးရှား မီဒန် မြို့ကို ပြောင်းရွှေ့
Wednesday, June 9, 2021
အင်ဒိုနီးရှားရောက် လှေစီးပြေး ရိုဟင်ဂျာတွေကို IOM ကူညီထောက်ပံ့
09 ဇွန်၊ 2021
Monday, June 7, 2021
ASEAN ကို အယုံအကြည် မရှိကြောင်း မြန်မာ စစ်အာဏာ သိမ်း ဆန့်ကျင်သူများပြော
ဧရာဝတီ
7 June 2021
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှစ်ဦးနှင့် စစ်ကောင်စီအကြီးအကဲ မင်းအောင် လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ASEAN-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးနေစဉ် ဒေသတွင်းသံတမန်ရေးအားထုတ်မှုကို အယုံအကြည် မရှိကြောင်း မြန်မာစစ် အာဏာသိမ်းမှု ဆန့်ကျင်သူများက ပြောသည်။
ASEAN သည် မြန်မာနိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အဓိကကျသည့် နိုင်ငံတကာ သံတမန်ရေး အားထုတ်မှုကို ဦးဆောင်နေသည်။ တရုတ်နိုင်ငံကလည်း ASEAN ၏ သံတမန်ရေး ကြိုးပမ်းချက်ကို ထောက် ခံကြောင်းပြောသည်။
NUG ရဲ့ ရိုဟင်ဂျာမူဝါဒသဘောထားကို အမေရိကန် ကြိုဆို
7 June 2021 ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကတိကဝတ်တွေကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က သူ့ရဲ့တွယ်တာမှာ ဒီကနေ့ ရေးသားထားပါတယ်။
“NUG ရဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအား ဖြေရှင်းဖို့ ကတိကဝတ် ထုတ်ပြန်ချက်ကို အမေရိကန်က ကြိုဆိုပါတယ်။ ကျွန်ုပ်တို့ဟ မြန်မာလူထုအားလုံးအတွက် ဆက်လက် ထောက်ခံအားပေးလျှက် ရှိပါတယ်” လို့ ပြောခွင့်ရသူ Ned Price က ပြောပါတယ်။
Sunday, June 6, 2021
NUG အစိုးရရဲ့ ရိုဟင်ဂျာမူဝါဒကို ALP ကန့်ကွက်
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-06
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒတွေကို ကန့်ကွက် ကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒီကနေ့ သဘောထားထုတ် ပြန်လိုက်ပါတယ်။
ပြည်ထောင်စုအတွင်းက ပဋိပက္ခတွေနဲ့ အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မယ်ဆိုတဲ့ NUG ရဲ့ ရည်ရွယ်ချက်ကို ကြိုဆိုပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အေ ရးကိစ္စတွေကိုတော့ အလျှင်စလို မကိုင်တွယ်သင့်ဘူးလို့ ALP က ဆိုပါတယ်။
Saturday, June 5, 2021
ရိုဟင်ဂျာ အရေး မူဝါဒနဲ့ ပတ်သက်ပြီး NUG ရှင်းလင်း
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-05
ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး NUG အစိုးရရဲ့ မူဝါဒ ထုတ်ပြန်ထားတာနဲ့ ပက်သက်ပြီး၊ မနေ့က ပြုလုပ်တဲ့ သ တင်းစာ ရှင်းလင်းပွဲမှာ NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းမီဒီယာတွေကို အ ကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။
Friday, June 4, 2021
ရိုဟင်ဂျာ လှေ - ပင်လယ်ထဲ ရက် ၁၀၀ ကျော် မျောနေရာ က အင်ဒိုနီးရှားကျွန်းတစ်ကျွန်းမှာ ဆိုက်ကပ်
ဘီဘီစီမြန်မာပိုင်း
04 June 2021ဒီစက်လှေဟာ ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်ဘဇားကနေ မလေးရှားနိုင်ငံကို ဦး တည်ပြီး မိန်းမနဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကို သယ်ဆောင်ထွက်ခွာလာခဲ့တာ ဖြစ် ပါတယ်။
Thursday, June 3, 2021
ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ NUG သဘောထားထုတ်ပြန် ကြေညာ
မြန်မာဌာန | သတင်းများ
2021-06-03
ရိုဟင်ဂျာအရေး - အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ အ ပေါ် ရိုဟင်ဂျာတွေ ဘယ်လိုမြင်လဲ
B B C
ဘီဘီစီမြန်မာပိုင်း
03 June 2021
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၃ ရက်နေ့မှာ "ရိုဟင်ဂျာ ပြည်သူများ
ဆိုင်ရာ မူဝါဒ သဘော ထား"ကို ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဒီမူဝါဒတွေထဲမှာ
လိုလား အားတက်စရာ ကောင်းမွန်တဲ့အချက်တွေ ပါ တဲ့အတွက် ကြိုဆိုတယ်၊
တချို့အပိုင်း တွေမှာတော့ ဖြည့်စွက်စဉ်းစားစေလိုတယ်လို့ ရိုဟင်ဂျာ
အသိုင်းအဝိုင်း က ပြောပါတယ်။
"ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေနဲ့ (NUG
က) ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို တွေ့ရတဲ့အတွက် ဒါက အတော်ကြိုဆိုစရာ
ဖြစ်တယ်၊ အကြမ်းဖက်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာနာလာတာ၊
တရားမျှ တမှု အတွက် ကျူးလွန်သူတွေကို အပြစ်ပေးနိုင်အောင်လုပ်မယ်၊ နောက်ပြီး
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာ ပြန်လာနိုင်အောင် လုပ်ဆောင်မယ် စတဲ့
အချက်တွေဟာလည်း သိပ်ကောင်းပါ တယ်"လို့ မြန်မာရိုဟင်ဂျာ အသင်း (ယူကေ) ရဲ့
ဥက္ကဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။
Saturday, May 29, 2021
လက်နက်ကိုင်တိုက်သူတွေ လူ့အခွင့်အရေးပေါ် ဘယ်လို သဘောထားသင့်လဲ (ဦးအောင်မျိုးမင်းနှင့် ဆက်သွယ် မေး မြန်းချက်)
VOA
ဗွီအိုအေမြန်မာပိုင်း
တိုက်ရိုက်လေလှိုင်း
ကျော်ကျော်သိန်း
25 မေ၊ 2021
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ထဲက လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်တဲ့နည်းလမ်းကို ရွေးချယ်ကြ တာမှာ စစ်ကိုမုန်းလို့ စစ်ကိုတိုက်ပါတယ်လို့ ပြောသည့်တိုင်အောင် လုပ်ရပ်တွေ မှားယွင်းသွားရင် လက်နက် ကိုင်တိုက်ပွဲကနေ အကြမ်းဖက်လုပ်ရပ်အဆင့် ရောက်သွားနိုင်တာမို့ သတိပြုထိန်းသိမ်းလုပ်ဆောင်ဖို့ ကြား ကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။
Wednesday, May 26, 2021
အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်တွင်းစစ်ကို ဦးတည်နိုင် (Christine Schraner Burgener)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ် ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း စစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကို လာဖို့ အချိန်မတန်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သူနဲ့ လူချင်းတွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့လည်း Burgener က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကွန်ဖရင့်ကနေ ပြောခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်အပေါ်လေ့လာ စုံစမ်း
2021-05-25
မောင်တော၌ လုပ်ငန်းရှင် မွတ်စလင်သားအဖကို လက်နက် ကိုင်အဖွဲ့က ဖမ်းသွား
26 May 2021
ဖမ်းဆီးခံရသူ ၂ ဦးမှာ ဦးရှော်ဖီးလ် (၅၀)နှစ်နှင့် သားဖြစ်သူ မာမောက်အာယာစ် ( ၂၇) နှစ်တို့ဖြစ်ကြောင်း မြို့ ခံများ က ပြောသည်။
မောင်တောမြို့ခံတဦးက “အဖမ်းခံရတာ ဟုတ်တယ်။ သေနတ်အတို ကိုင်ထားတဲ့ မွတ်စလင် ၄ ဦးက သူတို့ နေအိမ်ခြံ စည်းရိုးကို ကျော်ဝင်ပြီး ဖမ်းခေါ်သွားတာလို့ ပြောတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိ ကြဘူး” ဟု ဧရာဝတီ ကို ပြောသည်။
ကုလအထွေေညီလာခံဥက္ကဋ္ဌ နဲ့ ဝန်ကြီးချုပ် Sheikh Hasina ရိုဟင်ဂျာဒုက္ခသည် အရေးဆွေးနွေး
ဗွီအိုအေ (မြန်မာပိုင်း)
26 မေ၊ 2021
ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkir နဲ့ ဘင်္ဂလား ဒေရှ့် ၀န်ကြီးချုပ် Sheikh Hasina တို့ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး နဲ့ မြန်မာနိုင်ငံတွင်း လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Saturday, May 22, 2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာအမျိုး သား တစ်ဦးကို အစွန်းရောက် ရခိုင်များက သတ်ဖြတ်။
၂၁၊ ၅၊ ၂၀၂၁။
AT Burmese News
AT correspondent Pauk Taw.
Wednesday, May 12, 2021
ဘာဆန်ချာကျွန်းဟာ ရိုဟင်ဂျာတွေကိုထားဖို့ လုံခြုံတဲ့နေ ရာလို့ ဘင်္ဂလားဒေ့ရှ်ပြော
May 12'2021
■ အမ်ဖန် ဆိုက်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတလျှောက်မှာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဘာဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ထားဖို့ အလုံခြုံဆုံးနေ ရာတခု ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီးက ပြောလိုက်ပါ တယ်။
ဒါကြောင့် ကော့ဆက်ဘဇားခရိုင် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်းပေါ် ပြောင်းရွှေ့ နေရာချထားနိုင်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ရိုဟင်ဂျာတွေကို ကျွန်းပေါ် ပြောင်းရွှေ့မယ့် လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR/ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ WFP အပါအဝင် NGOs လူမှုအဖွဲ့အစည်း တွေနဲ့ ဆက်ပြီးဆွေးနွေးမယ်လို့ သိရပါတယ်။