Saturday, June 5, 2021

ရိုဟင်ဂျာ အရေး မူဝါဒနဲ့ ပတ်သက်ပြီး NUG ရှင်းလင်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2021-06-05

ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး NUG အစိုးရရဲ့ မူဝါဒ ထုတ်ပြန်ထားတာနဲ့ ပက်သက်ပြီး၊ မနေ့က ပြုလုပ်တဲ့ သ တင်းစာ ရှင်းလင်းပွဲမှာ NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းမီဒီယာတွေကို အ ကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဇွန်လ ၃ ရက်နေ့က ရိုဟင်ဂျာဆိုင်ရာ မူဝါဒ ကြေငြာချက်ကို ထုတ် ပြန်ခဲ့ရာမှာ အရင်အစိုးရ အဆက်ဆက်က သုံးနှုန်းခဲ့ခြင်းမရှိတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ ရည်ညွှန်းပြော ဆိုထားပြီး၊ ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ခွင့်ရဖို့အတွက် အတားအဆီးဖြစ်နေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ကို ဖျက်သိမ်းပြင်ဆင်သွားဖို့ လိုတဲ့အကြောင်း ပါရှိပါတယ်။

NUG အစိုးရက ကာယကံရှင်တွေရဲ့ ဆန္ဒကို လေးစားသောအားဖြင့် ရိုဟင်ဂျာလို့ အသုံးပြု ခေါ်ဝေါ်တာ ဖြစ်တဲ့  အကြောင်း NUG အစိုးရရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

NUG အစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသား ဖြစ်ခွင့်ပြုတာ မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမယ့် သေ ဘာ ဟုတ်၊ မဟုတ် မေးမြန်းရာမှာ NUG အစိုးရအနေနဲ့ နိုင်ငံသား ဖြစ်ခွင့် ရှိသူများကို နိုင်ငံသားအဖြစ် အသိ အမှတ်ပြုမှာဖြစ်ပြီး၊ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု၊ မပြုဆိုတာကိုတော့ နောက်ပိုင်းမှာ ဆက်လက် ဆွေး နွေးသွားဖို့လိုမယ်လို့ ဦးအောင်မျိုးမင်း က ပြောသွားပါတယ်။

အားနည်းချက်ရှိတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြီး၊ ဒီမိုကရေစီ နည်းလမ်းကျတဲ့ နိုင်ငံသား ဥပဒေသစ်နဲ့ အစားထိုးသွားဖို့ ဆန္ဒရှိကြောင်းနဲ့ ဒီ နိုင်ငံသား ဥပဒေသစ်ကို အတည်းပြု ပြဌာန်းနိုင်ဖို့အတွက် CRPH လို အဖွဲ့အစည်းတွေကနေ လွှတ်တော်မှာ တင်သွင်းပြီး၊ အတည်ပြု ပြဌာန်းတဲ့ လုပ်ငန်းစဉ်တွေကို ဖြတ်သန်းဖို့ လိုတဲ့အကြောင်း ဦးအောင်မျိုးမင်း က ပြောပါတယ်။

NUG အစိုးရအနေနဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်မှု ရှိစေရေးအတွက် ရိုဟင်ဂျာ တစ်ဦးကို အစိုးရအဖွဲ့ထဲမှာ ပါဝင်ခွင့်ပြုဖို့ တိုက်တွန်းတာတွေနဲ့ ပတ်သက်ပြီး၊ RFA ရဲ့ မေးမြန်းမှုနဲ့ ပတ်သက်ပြီးတော့လည်း လူ့အခွင့်အရေး ဝန်ကြီးဌာနမှာ ရိုဟင်ဂျာအရေးကို အကောင်အထည်ဖော်၊ အကြံပြုနိုင်မယ့်သူကို အကြံပေး အဖွဲ့မှာ ပါဝင်ဖို့ ဆွေးနွေးနေကြောင်း ဖြေကြားသွားပါတယ်။

ဇွန်လ ၃ရက်နေ့က ထုတ်ပြန်တဲ့ NUG ရဲ့ ရိုဟင်ဂျာအရေး ကြေငြာချက်ထဲမှာ စစ်တပ်ရဲ့ အကြမ်းဖက် တိုက် ခိုက်မှုတွေခံရတဲ့ ရိုဟင်ဂျာ ပြည်သူတွေအတွက် NUG အစိုးရက အထူး စိတ်မကောင်းဖြစ်ရတဲ့ အကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပါအဝင် ဖိနှိပ်သည့် ဥပဒေတွေကို ဖျက်သိမ်း ပြင်ဆင်ခြင်းနဲ့ အသစ်ပြဌာန်း ခြင်း လုပ်ငန်းစဉ်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအပြီး လုပ်ဆောင်မှ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်း ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အသစ်ဖြစ်ပေါ်လာမယ့် နိုင်ငံသား ဥပဒေမှာ မြန်မာနိုင်ငံသား ဖြစ်မှုဟာ မြန်မာနိုင်ငံတွင် မွေးဖွားခြင်း ဒါမှမဟုတ် မည်သည့်နေရာတွင်မဆို မြန်မာ မိဘများမှ မွေးဖွားခြင်းအပေါ်မှာသာ အခြေခံရမယ်လို့လည်း ပါရှိပါတယ်။  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */