Monday, June 7, 2021

NUG ရဲ့ ရိုဟင်ဂျာမူဝါဒသဘောထားကို အမေရိကန် ကြိုဆို

မဇ္ဈိမ 
7 June 2021
ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကတိကဝတ်တွေကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က သူ့ရဲ့တွယ်တာမှာ ဒီကနေ့ ရေးသားထားပါတယ်။
“NUG ရဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအား ဖြေရှင်းဖို့ ကတိကဝတ် ထုတ်ပြန်ချက်ကို အမေရိကန်က ကြိုဆိုပါတယ်။ ကျွန်ုပ်တို့ဟ မြန်မာလူထုအားလုံးအတွက် ဆက်လက် ထောက်ခံအားပေးလျှက် ရှိပါတယ်” လို့ ပြောခွင့်ရသူ Ned Price က ပြောပါတယ်။

NUG ဟာ ရိုဟင်ဂျာဆိုတဲ့အမည်ကို အသိအမှတ်ပြုသလို ရိုဟင်ဂျာတွေနဲ့ အခြားလူမျိုးတွေအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှု ဖြစ်ပွားစေတဲ့ နိုင်ငံသားစီစစ်ရေးကတ် ပြဌာန်းလုပ် ဆောင်တဲ့ လုပ်ငန်းစဉ်ကို ပယ်ဖျက် သွားမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းပြီး ပြန်လည်ပြင်ဆင်တာနဲ့ အသစ်ပြဌာန်းမယ့် ဥပဒေတစ်ရပ် ကို ရေးဆွဲပြီး အဲဒီဥပဒေသစ်မှာ မြန်မာနိုင်ငံအတွင်း မွေးဖွားတဲ့သူ ဒါမှမဟုတ် မြန်မာနိုင်ငံသား မိဘတွေက မွေးဖွားတဲ့သူဟာ မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်လို့ NUG က ကြေညာထားတာ ဖြစ်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */