Wednesday, May 12, 2021

ဘာဆန်ချာကျွန်းဟာ ရိုဟင်ဂျာတွေကိုထားဖို့ လုံခြုံတဲ့နေ ရာလို့ ဘင်္ဂလား‌ဒေ့ရှ်ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
May 12'2021

■ အမ်ဖန် ဆိုက်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလား‌ဒေ့ရှ် ကမ်းရိုးတန်းတလျှောက်မှာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဘာ ဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အတွက်  ရိုဟင်ဂျာဒုက္ခသည်တွေကို ထားဖို့ အလုံခြုံဆုံးနေ  ရာတခု ဖြစ်တယ်လို့ ဘင်္ဂလား‌ဒေ့ရှ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်‌ရေးဝန်ကြီးက ပြောလိုက်ပါ တယ်။

ဒါကြောင့် ကော့ဆက်ဘဇားခရိုင် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်း‌ပေါ်  ပြောင်းရွှေ့နေရာချထားနိုင်တယ်လို့  ဆိုပါတယ်။

ဘင်္ဂလား‌ဒေ့ရှ်အစိုးရ အနေနဲ့  ရိုဟင်ဂျာတွေကို ကျွန်းပေါ် ပြောင်းရွှေ့မယ့် လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR/ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ WFP အပါအဝင် NGOs လူမှုအဖွဲ့အစည်း တွေနဲ့ ဆက်ပြီးဆွေး‌‌နွေးမယ်လို့ သိရပါတယ်။

ဒီအ‌တောအတွင်းမှာပဲ ... ဒီအစီအစဉ်ကို ကန့်ကွက်နေကြတဲ့ ပြည်ပက အကူအညီပေးရေး အဖွဲ့အစည်းတွေ ဟာ ဒုက္ခသည်တွေအရေးထက် သူတို့အကျိုးစီးပွားကိုကြည့်ပြီး ကန့်ကွက်နေကြတာလို့ ဘင်္ဂလား‌ဒေ့ရှ် နိုင် ငံ ခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ဒီနေ့ပြောလိုက်ပါတယ်။

သူတို့ဟာ ဒုက္ခသည်စခန်းတွေနဲ့ နီးတဲ့ ကော့ဆက်ဘဇားမြို့က အဆင့်မြင့်ဟိုတယ်တွေမှာ နေချင်နေကြတာ လို့ လည်း ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */