Wednesday, May 12, 2021

ရခိုင် မောင်တောမှာ နယ်ခြားစောင့်ရဲနဲ့ ARSA တိုက်ပွဲဖြစ်

VOA 
မြန်မာပိုင်းအစီအစဉ်
သားညွန့်ဦး
12 ေမ၊ 2021
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ARSA အကြမ်းဖက်အဖွဲ့က လာရောက်ပစ် ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်က တဦး ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေ ရပ်စဲနေတဲ့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဒါဟာ ပထမဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောမြို့နယ်က အောင်ချမ်းသာကျေးရွာအနီးမှာ ရှိတဲ့ နယ်ခြားစောင့်တပ် တစ်ခုကို ARSA အကြမ်းဖက်အဖွဲ့က ဒီကနေ့မနက်ပိုင်းက လာရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ့ ပြောပါတယ်။

“ကျနော်အကြမ်းဖျင်း သိရတာကတော့ နယ်စပ်မှတ်တိုင်ပေါ့။ အဲဒီမှာ နယ်ခြား စောင့်ရဲတပ်ဖွဲ့က လုံခြုံရေးယူ နေ တဲ့အချိန် တွေ့ပြီးတော့ ထိတွေ့မှု ဖြစ်တာပေါ့။ ထိတွေ့မှုကတော့ ကျနော်သိသလောက် ဆယ်မိနစ်ခန့် လောက် ထိတွေ့မှု ရှိတယ်လို့ ပြောပါတယ်။”

ဒီကနေ့ဖြစ်ပွားခဲတဲ့ တိုက်ပွဲအတွင်းမှာ နယ်ခြားစောင့်ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်က တစ်ဦးကျဆုံးခဲ့ တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ ရှိတဲ့ ကျေးရွာက ဒေသခံတွေကိုလည်း တောထဲ တွေ ကို မသွားဖို့ အာဏာပိုင်တွေဘက်က မှာကြားထားတယ်လို့ အောင်ချမ်းသာ ကျေးရွာသားတစ်ဦးကပြော ပါတယ်။

SEE ALSO:

“သူက မိုင်တိုင် ၅၁ နဲ့ ၅၂ ကြားမှာ ဖြစ်တယ်လို့ သတင်းကြားရတယ်။ ARSA ဘက်က တစ်ယောက်ကျဆုံးတယ်။ ပြီးတော့ ကျနော်တို့ ရဲဘက်ကတော့ ကျဆုံးတာကတော့ မရှိဘူး။ ဒါပေမဲ့ တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်လို့ကြားတယ်။ ပြီးတော့ ရွာနားက စခန်းက ဗိုလ်လေးကေ တာ့ သိပ်ပြီးတော့ အဝေးကြီး တောထဲတွေ၊ ဘာတွေ မသွားကြဖို့ ရွာကလူတွေကို အလှမ်းဝေးတဲ့ တောထဲ  တွေ ကို မသွားဖို့ အဲဒီလိုတော့ မှာထားတယ်။”

ရခိုင်ပြည်နယ်ရဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောမြို့နယ်မှာ အရင်က ARSA အဖွဲ့က နယ်ခြားစောင့်ရဲ ကင်းစ ခန်းတွေကို လာရောက်ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ ARSA အဖွဲ့နဲ့ ထိ  တွေ့မှု မရှိသလောက် နည်းပါးသွားခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းရာမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြရတာလည်း ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */