Tuesday, May 25, 2021

ကုလအထွေေွညီလာခံဥက္ကဋ္ဌ နဲ့ ဝန်ကြီးချုပ် Sheikh Hasina ရိုဟင်ဂျာဒုက္ခသည် အရေးဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 မေ၊ 2021
ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkir နဲ့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina တွေ့ဆုံ (Volkan BOZKIR twitter) 
ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkir နဲ့ ဘင်္ဂလား ဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina တို့ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး နဲ့ မြန်မာနိုင်ငံတွင်း လက်ရှိ အခြေ အနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌက ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေရဲ့ အခက်အခဲ၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အပါအ ဝင် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌရဲ့ ပြောခွင့်ရ Brenden Varma က အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

စစ်တပ် အာဏာသိမ်းတာကြောင့် မတည်မငြိမ် ဖြစ်နေတာနဲ့ အတူဘဲ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ ကြောင့် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မရေမရာဖြစ်နေတဲ့ အပေါ် စိုးရိမ်ကြောင်း ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasian က ဆွေးနွေးခဲ့တယ်လို့လည်း ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြကြပါတယ်။ ကုလသမဂ္ဂအထွေ ထွေ ညီလာခံ ဥက္ကဌက ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း သီးသန့် တွေ့ဆုံပြီး ရိုဟင်ဂျာ အရေးကို ဆွေး နွေးခဲ့ပါတယ်။

"ရခိုင်ပြည်နယ်ထဲမှာ ဖိနှိပ်မှုတွေ၊ ဆိုးရွားလှတဲ့ ပြစ်မှုကျူးလွန်ခံရမှုတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ တွေ ကို ခိုလှုံခွင့်ပေးထားတဲ့ အတွက် ဘင်္ဂလားဒေရှ့်ကို ကျေးဇူးတင်ကြောင်းလည်း ဘင်္ဂလားဒေရှ့် အစိုးရရဲ့ နိုင်ငံခြား ရေး ဝန်ထမ်း လေ့ကျင့်ရေး ဌာနမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ကြောင်း" ပြောခွင့်ရ Brenden Varma က ပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီ ခိုလှုံနေတဲ့ ကောဇ့်ဘဇားက ဒုက္ခသည် စခန်းကို ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂ အ ထွေ ထွေ ညီလာခံ ဥက္ကဌ Volkan Bozkir သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။ မြန်မာဘက်ကတော့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖု့ိ သဘောတူထားပေမယ့်လည်း ရိုဟင်ဂျာ ဆိုတဲ့ အသုံး အနှုန်းကို လက်မခံပါဘူး။

ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် နှစ်စဉ် ရန်ပုံငွေ ရှာနေရတာမျိုးကို ရှောင်ရှားနိုင်ရေး အတွက် ရေရှည် ဖြေ ရှင်းချက် လိုအပ်နေပြီလို့လည်း ဘင်္ဂလားဒေရှ့် အစိုးရဘက်က ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ပြုလုပ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ အတွက် ရန်ပုံငွေ ညီလာခံမှာ နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */