Friday, June 4, 2021

ရိုဟင်ဂျာ လှေ - ပင်လယ်ထဲ ရက် ၁၀၀ ကျော် မျောနေရာ က အင်ဒိုနီးရှားကျွန်းတစ်ကျွန်းမှာ ဆိုက်ကပ်

B B C

ဘီဘီစီမြန်မာပိုင်း

04 June 2021

မလေးရှားကို ၂၀၁၈ တုန်းက ရောက်လာဖူးတဲ့ ရိုဟင်ဂျာလှေ

ဖေဖော်ဝါရီလက စထွက်ခွာလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စက်လှေတစင်း အင်ဂျင်စက် ပျက်ပြီး ကပ္ပလီပင် လယ်ပြင် မှာ ရက် ၁၀၀ ကျော် မျောနေခဲ့ရာက အင်ဒိုနီးရှား ကျွန်းတကျွန်းမှာ ဆိုက်ကပ်သွားပြီလို့ လူ့အခွင့် အရေးဆိုင်ရာ အရာရှိတဦးက ပြောပါတယ်။

ဒီစက်လှေဟာ ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်ဘဇားကနေ မလေးရှားနိုင်ငံကို ဦး တည်ပြီး မိန်းမနဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကို သယ်ဆောင်ထွက်ခွာလာခဲ့တာ ဖြစ် ပါတယ်။

ဒါပေမယ့် ၄ ရက်အကြာမှာ စက်လှေရဲ့ အင်ဂျင်စက်ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ ထွက်လာခဲ့တဲ့ကောက် ဆက်ဘဇားမှာ မြန်မာနိုင်ငံဘက်က ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီပြီး ရှိနေပါတယ်။

လှေပေါ်ပါသူတွေထဲက ၈၁ ယောက် အခြေအနေကောင်းနေပြီး အာချေးပြည်နယ်ထဲက အစ်ဒမန်ကျွန်းကို ရောက်ရှိသွားပြီလို့ သိရတဲ့အကြောင်း ရိုဟင်ဂျာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ Arakan Project ရဲ့ ညွန်ကြားရေးမှူး Chris Lewa က ပြောပါတယ်။ ဒီလူတွေအနေနဲ့ ရာနှုန်းပြည့် လုံခြုံမှု ရသွားတာမျိုး မဟုတ် ကြောင်းနဲ့ ပြန်မောင်းထုတ်မခံရဖို့ မျှော်လင့်ပါတယ်လို့လည်း သူက ဆိုပါတယ်။

လူ ၉၀ ထဲက ၈ ယောက်ဟာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဖေဖော်ဝါရီလအတွင်း အဲဒီစက်လှေကို လိုက်ပါစောင့်ကြည့်ပြီး ပြင်ဆင်ပေးခဲ့တဲ့ အိန္ဒိယ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ပြောပါတယ်။
  
အင်ဒိုနီးရှားကို ၂၀၂၀ မှာ လှေနဲ့ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေ
 
အိန္ဒိယ အာဏာပိုင်တွေက အသက်မသေဘဲ ကျန်ရှိနေတဲ့လူ တွေကို အစားအသောက်နဲ့ လိုအပ်မယ့် ပစ္စည်း တွေကို ပေးခဲ့ပေမယ့် သူတို့ဆီမှာ ကမ်းကပ်ခွင့်တော့ မပြုခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း ကျန်နေတဲ့ လူ ၈၁ ယောက်ကို သူတို့ ဆီပြန်လှည့်လာဖို့ ခွင့်မပြုခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ ၃ လအတွင်းမှာ လှေပေါ်ပါသူတွေရဲ့ မိသားစု ဆွေမျိုးတွေ၊ နိုင်ငံတကာက လူမှုအကူအညီပေးရေး အ ဖွဲ့ အစည်းတွေက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ မလေးရှားတို့ကို စက်လှေပေါ်က လူတွေနဲ့ ပတ်သက်လို့ ကူညီပေးကြဖို့ အကြိမ်ကြိမ် တောင်းဆိုနေခဲ့ကြပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေဆီက တုံ့ပြန်ပြောကြားလာတာမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံဘက်မှာ ရိုဟင်ဂျာတွေဟာ လူနည်းစု ဖြစ်ပါတယ်၊ သူတို့ကို ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင် ရောက်လာကြသူတွေအဖြစ် မြန်မာဘက်က ရှုမြင်ကာ နိုင်ငံသား ဖြစ်ခွင့်မပြုပါဘူး။

မြန်မာနိုင်ငံထဲမှာ ပြီးခဲ့တဲ့ ၂၀၁၇ က နယ်စပ် စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်း မှု တွေကြောင့် ရိုဟင်ဂျာ ၁ သန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင် နေကြပါတယ်။

လူကုန်ကူးသူတွေကလည်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားကာ မလေးရှားနိုင်ငံလို အရှေ့တောင် အာရှနိုင်ငံ တ ချို့မှာ အလုပ်အကိုင် ရနိုင်မယ်လို့ သွေးဆောင်ပြီး စိတ်မချရတဲ့ စက်လှေတွေနဲ့ မကြာခဏ ခေါ်ထုတ်သွား တာမျိုးတွေ ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */