Saturday, May 22, 2021

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာအမျိုး သား တစ်ဦးကို အစွန်းရောက် ရခိုင်များက သတ်ဖြတ်။

Arakan Times
၂၁၊ ၅၊ ၂၀၂၁။
AT Burmese News
AT correspondent Pauk Taw.

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရွဲ့ ကျေးရွာ ပွဲကြည့်တောင် အနီးတွင် မေလ ၂၀ရက်နေ့က သစ်များ သယ်ဆောင်လာတဲ့ စက်လှေ တစ်စီးသည် ညနေပိုင်းတွင် ရာသီဥတု ဆိုးရွားမှုကြောင့် လှေပေါက် သွားခဲ့ရာ ရှေ့ ဆက်မသွားနိုင်ပဲ ကမ်းကပ်နေခဲ့ပြီး မနက်ပိုင်းတွင်လာမည့် အကူညီကို စောင့်နေစဉ် ည ၈နာရီ ခန့်တွင် စက်လှေတစ်စီးဖြင့် ရခိုင်လူမျိုး အချို့ လာရောက်ပြီး သစ်များ သယ်ဆောင်လာတဲ့ စက်လှေ ပေါ်ရှိ ရိုဟင်ဂျာအမျိုးသား ၅ ဦးကို ဓါး၊လှံ များဖြင့် တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးကာ၊ ၃ ဦး ပျောက်ဆုံး နေပြီး၊ တစ်ဦး အပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ မာမတ်ဟူဆောင်း (ဘ) ဘာဆာမီယာ ၃၇ နှစ် ရဲ့ ပြောကြားချက် အရရဲစခန်း ကို အကြောင်းကြားပြီး တိုက်ခိုက်ခံရတဲ့ နေရာကို သွားကြည့်ခဲ့ရာတွင် အီနူစ် (ဘ) အာဘူဆီဒိခ့်၊ ၃၅ နှစ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါသည်။

ပျောက်ဆုံးနေသူ ၃ ဦးတို့မှာ-
၁။ ဟာမိတ်ဟူဆောင်း (ဘ) အဒူဆလာမ် ၂၀ နှစ်
၂။ မာမတ်ဆာဘာ (ဘ) အာနူမီယာ ၂၀ နှစ်
၃။ မာမတ်ရော်ဖိတ် (ဘ) အူမော်ရ်အာလီ ၂၂ နှစ်တို့ ဖြစ်ပါတယ်။

ဒဏ်ရာရရှိထားသူကို ရဲစခန်းတွင် စစ်ဆေးနေကြောင်းလည်းသိရှိရပါတယ်။

ရခိုင်ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ မုန်းတီးရေးကို တဖန်ပြည်လည် ရေး သား ပြောဆိုနေကြတာကို တွေ့ရှိနေရပြီး မေလ ၂၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်တွင် ခမီအမျိုးသမီး တစ်ဦးကို ရိုဟင်ဂျာ အမျိုးသားတစ်ဦးက အဓ္ဓမပြုကျင့်သည်ဟု သက်သေအထောက်အထား မရှိသော်လည်း ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနများတွင် စွပ်စွဲရေးသား နေကြပြီး လူမျိုးရေးမုန်းတီးမှုကို အခြေခံတဲ့ မှတ်ချက်ပြု ရေးသားမှုများကိုလည်း တွေ့ရှိနေရပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */