" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လက်နက်ကြီး. Show all posts
Showing posts with label လက်နက်ကြီး. Show all posts

Tuesday, October 18, 2022

လက်နက်ကြီးများဖြင့် သုံးပတ်အတွင်း ရိုဟင်ဂျာ လေးဦး သေဆုံးခဲ့သည်။

RFA
လွတ်လပ်တဲ့အာရှအသံ
2022.10.18

(၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရိုဟင်ဂျာကလေးများကို တွေ့မြင်ရစဉ်။) ဓာတ်ပုံ- AFP

ဘူးသီးတောင်မြို့နယ် ဂေါ် တာအုပ်စု စိမ်းပြာအုပ်စု သရက်တောင်မူဆလင်ကျေးရွာတွင် အခြေစိုက်သည့်တပ်မ တော်ကောင်စီမှ တပ်မတော်မှ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဒိန်းနင်းမွတ်စလင်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသားတစ်ဦး ယနေ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားကြောင်း၊ တပ်မတော် ကောင်စီက လာရောက်ခေါ်ဆောင်သွားကြောင်း ရခိုင်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်သည့် လက်နက် ကြီး ကျရောက် ပေါက်ကွဲ၍ ရိုဟင်ဂျာတစ်ဦး သေဆုံး

THE ARAKAN EXPRESS NEWS
အောက်တိုဘာ ၁၈ ၊ AEN

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာနေ ဦးအီနုစ်သည် အသက် (၄၅)နှစ် သည် စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
 
လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာအနီး စိုက် ခင်းသို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၁၁:၀၀ ဝန်းကျင်ခန့်မှ စတင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စိုက်ခင်း အတွင်း ရောက်ရှိနေသည့် အသက်(၄၅)နှစ်အရွယ် ဦးအီနုစ်အား ထိမှန်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရရှိကာ အဆိုပါ ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

Link: Here

Saturday, September 17, 2022

မြန်မာဘက်က မော်တာကျည် ပစ်ခတ်မှုကြောင့် ဘင်္ဂလား ဒေ့ရှ် ရှိ ရိုဟင်ဂျာ လူငယ် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

mizzima
စက်တင်ဘာလ ၁၇ ရက်
မြန်မာဘက်က မော်တာကျည်ပစ်ခတ်မှုသည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ကျရောက်ပေါက်ကွဲပြီး ရိုဟင်ဂျာ လူငယ် တစ်ဦး သေဆုံးကာ အနည်းဆုံး လူ ခြောက်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဌာနေတာဝန်ရှိသူများနှင့် ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးတို့က ပြောသည်။ 
 
သောကြာနေ့ နှောင်းပို်ငး မော်တာကျည် ပေါက်ကွဲမှုအတွင်း ယင်း လူငယ် သေဆုံးခဲ့ရခြင်းဖြစ်ပြီး မြန်မာ-ဘင်္ဂ လားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာ ၄,၀၀၀ နီးပါး နေထိုင်ရာ no-mans land အဖြစ် သတ်မှတ်ထားသည့် ဧရိယာမှ ရိုဟင်ဂျာခေါင်းဆောင်ဖြစ်သူ ဒယ် မိုဟာမတ်က ပြောသည်။ 
 

မြန်မာဘက်က အမြောက်ကျည်ထိမှန်လို့ ဘင်္ဂလားဘက်မှာ သေဆုံးထိခိုက်မှုရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
၁၇ စက်တင်္ဘာ ၂၀၂၂

Rohingya camp in Cox’s Bazaar, Bangladesh

Sunday, June 16, 2019

စပါးထားရွာအနီးရှိ လက်နက်ကြီးကျည်နှင့် အလောင်း များဖယ်ရှားပေးရန် ရွာသားများတောင်းဆို

DVB
By ဒီဗွီဘီ
14 June 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံးနဲ့ မြေကြီးထဲ မြှုပ်နှံထားတဲ့ အလောင်းတွေပေါ်နေတာကို ဖယ်ရှားပေးဖို့ မင်းပြားမြို့နယ် လွှတ်တော်အ မတ် တွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။

Thursday, June 6, 2019

လက်နက်ကြီးပေါက်ကွဲလို့ တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-06

  ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦးကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ် Photo: KHAMI Mediagroup 
 
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ မနေ့ညနေက လက်နက်ကြီးကျရောက် ပေါက်ကွဲ တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

Monday, June 3, 2019

စပါးထားကျေးရွာမှ ၅ ဦးသေ၊ ၉ ဦးဒဏ်ရာရ၊ တစ်ရွာ လုံးသား ရွာကိုစွန့်ခွာထွက်ပြေး

နိရဉ္စရာ
နိရဉ္စရာ၊ ဇွန် ၃/ ၂၀၁၉
 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံး သွားသူမှာ ၅ ဦးရှိသွားပြီ ဖြစ်ကြောင်း မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

မင်းပြားမြို့နယ် စပါးထားရွာ ဘုန်းကြီးကျောင်း လက် နက်ကြီးကျ လူ ၄ ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရ

နိရဉ္စရာ
သိန်းဇော် (မောင်တော)
နိရဉ္စရာ၊ ဇွန် ၃ / ၂၀၁၉
 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား ၄ ဦး သေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

Friday, May 17, 2019

မြောက်ဦးတွင် သင်တန်းမှ အိမ်အပြန် ကျောင်းဆရာ တစ်ဦး လက်နက်ကြီးကျည်စထိမှန်

နိရဥၥရာ
နိရဉ္စရာ၊ မေလ ၁၇/ ၂၀၁၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျောင်းဆရာတစ်ဦးသည် တစ်နေ့တာ သင်တန်းအပြီး ဇနီးဖြစ်သူ ကျောင်း ဆရာမ အပါအဝင် တစ်ခြားကျောင်းဆရာများနှင့် အတူ ဆိုင်ကယ်စီးပြီး အိမ်အပြန်တွင် လက် နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့သည်ဟု မြောက်ဦးမြို့နယ် ပညာရေးမှူးရုံးမှ တစ်ဆင့် သိရှိရသည်။

Thursday, March 28, 2019

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျပြီးနောက် ရွာသား ၆၀၀ ခန့် ထွက်ပြေး

Myanmar Now
By အောင်ငြိမ်းချမ်း
28/03/2019
ဖုံညိုလိပ် ရွာအနီးရှိ မူလတန်းကျောင်းသို့ တိမ်းရှောင်လာကြသူများ (ဓာတ်ပုံ - မင်းနိုင်စိုး)

ရခိုင်ပြည် နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများအနီး မတ်လနောက်ဆုံးပတ်က လက်နက် ကြီးကျည် ကျ ရောက် ပေါက်ကွဲခဲ့ပြီးနောက် ရာနှင့်ချီသော ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရကြောင်း ဒေသ ခံများက ပြောသည်။

Tuesday, March 26, 2019

ဘူးသီးတောင် ဖုံညိုလိပ် ရွာအနီး လက်နက်ကြီး ကျည် ကျ လူ ၂၀၀ ကျော် ထွက်ပြေးရ

ဧရာဝတီ
By နန်းလွင်နှင်းပွင့်
26 March 2019

                                 တိုက်ပွဲ ဖြစ်ပွားသည့် ဖုံညိုလိပ်ရွာ / ဖုံညိုလိပ် ဒေသခံတဦး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ရွာအနီး လက်နက်ကြီးကျည်များ ကျကာ အမျိုးသမီးတဦး ကျည် ထိမှန်ကာ ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေသည်ဟု သတင်းရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */