" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, June 16, 2019

စပါးထားရွာအနီးရှိ လက်နက်ကြီးကျည်နှင့် အလောင်း များဖယ်ရှားပေးရန် ရွာသားများတောင်းဆို

DVB
By ဒီဗွီဘီ
14 June 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံးနဲ့ မြေကြီးထဲ မြှုပ်နှံထားတဲ့ အလောင်းတွေပေါ်နေတာကို ဖယ်ရှားပေးဖို့ မင်းပြားမြို့နယ် လွှတ်တော်အ မတ် တွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။
 

ဒီကနေ့မနက်က နယ်ခံ လွှတ်တော်အမတ်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေ သွားရောက်ကြည့် ရှု ခဲ့ရာမှာ လက်နက်ကြီးတလုံးနဲ့ မြေမြှုပ်ထားတဲ့ တပ်မတော်သား အလောင်းတွေ တွေ့ရှိခဲ့တာလို့ မင်းပြား မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“အခုလေးတင် ကျနော်တို့သွားကြည့်တဲ့အခါ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံးကျေးရွာနဲ့ နီးနီးလေးမှာရှိနေတယ်။ ပြီးတော့ အဲ့ဒီအနားမှာပဲ အနံ ၄ တောင်နီးပါးရှိတဲ့ တွင်း ၄ တွင်းတွေ့တယ်။ အဲ့ဒီလေး တွင်းမှာ မြှုပ်နှံထားတဲ့ အလောင်းတွေတွေ့တယ်။ စစ်သား ယူနီဖောင်းတွေတချို့နဲ့ လက်တွေပေါ်လာနေ တယ်။ ဗိုက်တွေပေါ်နေတယ်။ တချို့အလောင်းတွေကို ခွေးတွေဆွဲထားတယ်။ အဲ့ဒီနေရာအနှံအပြားမှာ စစ် သားအသုံးအဆောင်တွေ့တယ်။ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ညှိပြီးတော့ အဲ့ဒါတွေကို ဖယ် ရှား ပေးစေချင်တယ်။”

အလောင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တွေဟာ စပါးထားကျေးရွာနဲ့ အရှေ့ဘက်ကျေးရွာရဲ့ မနီးမဝေးမှာရှိတာကြောင့် ကျေးရွာသားတွေက မဖယ်ရှားရဲသလို စိုးရိမ်ပူပန်နေကြပြီး သက်ဆိုင်ရာက လာ ရောက်ဖယ်ရှားပေးဖို့ လိုလားနေကြပါတယ်။

စပါးထားရွာဘုန်းကြီးကျောင်းက ဆရာတော်ဦးသုမင်္ဂလက “အဲ့ဒီလက်နက်ကြီးကျည်က ရွာနဲ့ နီးနီးပါပဲ၊ ရွာ က လူတွေကို စိုးရိမ်နေကြတာပေ့ါ။ ဒီလို လက်နက်ကြီးကျလို့ သေဆုံး ဒဏ်ရာရရှိခဲ့ကြတာရှိတာကို။ လယ် လုပ်ဖို့ အပြင်လည်း မထွက်ရဲတော့ဘူး။ အုပ်ချုပ်ရေးမှူး ကတော့ သက်ဆိုင်ရာကိုတော့ အကြောင်းကြား ထားပါတယ်။” လို့ မိန့်ပါတယ်။

လက်ရှိမှာ အဲ့ဒီအနီးတဝိုက်တွေမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စပါးထားကျေးရွာကို ကျေးရွာသားတွေ တချို့ တဝက်လောက်သာ ပြန်လာကြပေမယ့် တချို့ကျေးရွာသားတွေကတော့ အခုအချိန်အထိ ကြောက်လန့်ပြီး မလာရဲကြဘူးလို့ ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။

ဒါ့အပြင် မိုးရာသီကာလရောက်ပေမယ့် ရွာသားတွေဟာ လယ်ကွင်းထဲကို သွားရောက်ပြီး လယ်မထွန်းရဲ တာ၊ တောတောင်တွေကိုမသွားရဲတာကြောင့် နေထိုင်လုပ်ကိုင်စားသောက်ဖို့ အခက်တွေ့နေတယ်လို့ လည်း ရွာသားတွေက ပြောပါတယ်။

မင်းပြားမြို့နယ်၊ စပါးထားကျေးရွာ ဘုန်းကြီးကျောင်းရှေ့ကို ဇွန်လ ၃ ရက်နေ့ နေ့က လက်နက်ကြီးကျည်နှစ် လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာခိုလှုံနေတဲ့ ရွာသား ၆ ဦး သေဆုံးခဲ့ပါတယ်။

ဝဏ္ဏခွာညို
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */