" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 6, 2019

လက်နက်ကြီးပေါက်ကွဲလို့ တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-06

  ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦးကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ် Photo: KHAMI Mediagroup 
 
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ မနေ့ညနေက လက်နက်ကြီးကျရောက် ပေါက်ကွဲ တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေဟာ ခမီတိုင်းရင်းသားတွေဖြစ်ပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကိုပို့ဆောင်ထားပြီး ကျန်တဲ့နှစ်ဦးကတော့ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဂဏန်းမဲကျေးရွာအနီးတဝိုက်မှာ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တွေကြား တိုက် ပွဲဖြစ်ပွားနေပြီး မနေ့က ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါ တယ်။ ဘယ်ဘက်ကပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲတာလဲ ဆိုတာကိုတော့ ဒေသခံတွေက အတိ အကျ ပြောနိုင်ခြင်းမရှိသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီနေ့အထိကျေးရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲနေတာကြောင့်သေဆုံးသူရဲ့ ရုပ်အလောင်း ကို သင်္ဂြိုဟ်ဖို့တောင် အပြင်မထွက်ရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ အစိုးရတိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ ရွာအပြင်ကိုမထွက်ရဲကြဘဲ နေအိမ်ထဲမှာပဲ ပုန်းခိုနေကြသလို ရွာသားတော်တော်များများကတော့ ပေါက်တောပြင် ယာယီစစ်ဘေးရှောင်စခန်းနဲ့ နီးစပ် ရာ ဆွေမျိုးအိမ်တွေကို ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ပြောကြပါတယ်။

ဒီလက်နက်ကြီးကျရောက် ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်နဲ့ AA ကို RFA က ဆက်သွယ် မေး မြန်း ဖို့ ကြိုးစားနေပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိ ခိုက်သေဆုံးမှုအပေါ် RFA က ပြုစုထားတဲ့စာရင်းအရ အရပ်သား ၅၀ ကျော် သေဆုံးပြီး ဒဏ်ရာရရှိ သူ ၁၀၀ ခန့်ရှိပြီဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */