" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 3, 2019

မင်းပြားမြို့နယ် စပါးထားရွာ ဘုန်းကြီးကျောင်း လက် နက်ကြီးကျ လူ ၄ ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရ

နိရဉ္စရာ
သိန်းဇော် (မောင်တော)
နိရဉ္စရာ၊ ဇွန် ၃ / ၂၀၁၉
 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား ၄ ဦး သေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

စပါးကျေးရွာအနီးတွင် ယနေ့ နံနက် ၆ နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ အဆက်မပြတ် ဖြစ် ပွားနေခဲ့ကြောင်း၊ ရွာသားများအားလုံးမှာ ကြောက်လန့်ပြီး ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေခဲ့ကြ ကြောင်း၊ နေ့လယ် ၂ နာရီခန့်တွင် လက်နက်ကြီးကျည်တစ်လုံး ဘုန်းတော်ကြီး ကျောင်းထဲကျရောက် ပေါက်ကွဲခဲ့ကြောင်း ရွာသား တစ်ဦးက ပြောကြားသည်။

“ ကျွန်တော်တို့ သုံးသပ်တာက အဲဒီ လက်နက်ကြီးကျည်က မြောက်ဦးမြို့နယ် မြောင်ဘွေကျေးရွာဘက်က လာပါတယ်။ ဖြစ်တဲ့ အချိန်မှာ ကျွန်တော် ကျောင်းထဲမှာရှိနေပါတယ်။ အခု လူနာတွေကို ပို့ဆောင်ရင်းနဲ့ မင်းပြားဆေးရုံကို ရောက်ရှိနေပါတယ်” ဟု ပြောကြားသည်။

သေဆုံးသွားခဲ့သူများမှာ မောင်ဖြူထွန်း အသက် (၅၀) ၊ မပီစိ (၁၃) နှစ်၊ ဒေါ်လှပြည့်စိန် (၄၀) နှင့် ဦးလှမောင် (၅၀) ကျော် တို့ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ သေဆုံးတဲ့ အလောင်းတွေရော၊ ဒဏ်ရာရတဲ့သူတွေရော အကုန်လုံး မင်းပြားဆေးရုံကို ရောက်နေပါပြီ။ ဒဏ်ရာရတာလည်း ခုနှစ်ယောက်၊ ရှစ်ယောက်လောက်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြား ယမန်နေ့က ရွှေတမာကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ် ပွားခဲ့ပြီး ယနေ့တွင် စပါးထားကျေးရွာအနီးတွင် ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */