" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 17, 2019

မြောက်ဦးတွင် သင်တန်းမှ အိမ်အပြန် ကျောင်းဆရာ တစ်ဦး လက်နက်ကြီးကျည်စထိမှန်

နိရဥၥရာ
နိရဉ္စရာ၊ မေလ ၁၇/ ၂၀၁၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျောင်းဆရာတစ်ဦးသည် တစ်နေ့တာ သင်တန်းအပြီး ဇနီးဖြစ်သူ ကျောင်း ဆရာမ အပါအဝင် တစ်ခြားကျောင်းဆရာများနှင့် အတူ ဆိုင်ကယ်စီးပြီး အိမ်အပြန်တွင် လက် နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့သည်ဟု မြောက်ဦးမြို့နယ် ပညာရေးမှူးရုံးမှ တစ်ဆင့် သိရှိရသည်။

မြို့နယ်ပညာရေးဌာန ရုံးအုပ်ကြီး ဦးအောင်ကျော်သန်းက “ မြောက်ဦးမြို့ အထက (၂) မှာ ပြုလုပ်နေတဲ့ G- (3) တတိယတန်း သင်ရိုးသစ် သင်တန်းကနေ အပြန်မှာ ညာဘက်နို့ အထက် ညှပ်ရိုးမှာ လက်နက်ကြီး ကျည်စ ထိမှန်တာပါ။ အချိန်က ညနေ ၃ နာရီခွဲခန့်မှာ ဘောင်းဒွတ်ကို မရောက်ခင် ဖြစ်တာပါ။ သူတို့ဆိုင် ကယ်စီးပြီး အပြန် ၁၂ တောင်လောက်အကွာမှာ လက်နက်ကြီးကျည်ကျတယ်လို့ ပြောပါတယ်။ အဲဒီက ကျည်ဆံစ ထိမှန်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

 လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သူမှာ မြောက်ဦးမြို့တောင်ဘက် ၆ မိုင်ခန့် အကွာရှိ ဗိုလ်ရွာဈေးမှ မူလ တန်း ပြ ဆရာ ဦးမိုးဝင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ဆိုင်ကယ် အသီးသီးနဲ့ တစ်ခြားကျောင်းဆရာတွေ လေးငါးခြောက်ယောက်နဲ့ ဗိုလ်ရွာဈေးကို ပြန်ကြတာပါ။ ဒဏ်ရာရသွားတော့ လောင်းကြက် ဆေးရုံကိုသွားပြတယ်လို့ သိရပါတယ်။ အဲဒီမှာ ဆေးဝါးထည့်ပြီး ဗိုလ်ရွာဈေးကို ပြန်သွားကြပြီလို့ သိရပါတယ်” ဟု ပြောကြားသည်။

လက်နက်ကြီးကျည် သုံးလေးလုံးခန့် အနီးအနားတွင် ကျရောက်ပေါက်ကွဲခဲ့ဟု ပြောကြောင်း၊ ဘယ်က ပစ်မှန်းမသိကြောင်း၊ ကျောင်းဆရာများ သင်တန်းမှာ မေလ ၂၅ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း၊ သွားရေး လာရေးကို အထူးသတိထားရန် လိုအပ်နေကြောင်း ဆက်လက် ပြောဆိုသည်။

ကျည်စထိမှန်ခဲ့သူ ဆရာဦးမိုးဝင်းနှင့်ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */