" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 28, 2019

ဘူးသီးတောင်တွင် လက်နက်ကြီးကျည်ကျပြီးနောက် ရွာသား ၆၀၀ ခန့် ထွက်ပြေး

Myanmar Now
By အောင်ငြိမ်းချမ်း
28/03/2019
ဖုံညိုလိပ် ရွာအနီးရှိ မူလတန်းကျောင်းသို့ တိမ်းရှောင်လာကြသူများ (ဓာတ်ပုံ - မင်းနိုင်စိုး)

ရခိုင်ပြည် နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများအနီး မတ်လနောက်ဆုံးပတ်က လက်နက် ကြီးကျည် ကျ ရောက် ပေါက်ကွဲခဲ့ပြီးနောက် ရာနှင့်ချီသော ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရကြောင်း ဒေသ ခံများက ပြောသည်။

ဆင်သေပြင်၊ အာဘူ နှင့် ထိုက်တူးပေါက် စသည့် ကျေးရွာများအနီး မတ်လ ၂၄ နှင့် ၂၅ က လက်နက်ကြီး ကျည် ၁၀ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက် ဒေသခံ ၆၀၀ ခန့် ၎င်းတို့ရွာသို့ ယနေ့တွင် ထွက်ပြေးလာ ကြောင်း ဖုံညိုလိပ် (မူဆလင်ကျေးရွာ) ၏ သူကြီး ဦးရာဖီးလ်က ပြောသည်။

ထွက်ပြေးလာသူများအား အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ၎င်းတို့ရွာရှိ လူနေအိမ် နှင့် စာသင်ကျောင်းများတွင် နေ ရာထိုင်ခင်းပေးထားကြောင်း ၎င်းက ပြောသည်။

 “အစားအသောက်အစ ရွာထဲက လူတွေကပဲ ကူညီပေးထားရတယ်။ လာကူညီတဲ့အဖွဲ့ကလည်း နည်းတယ် ” ဟု ဦးရာဖီးလ်က ပြောသည်။

ဆင်သေပြင်ရွာသား ဦးဟာမစ်က ၎င်းတို့ရွာအနီးတွင် ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် လက်နက်ကြီး ၂ လုံး ထက်မနည်း ကျရောက်ခဲ့သောကြောင့် မိသားစုအားလုံးနီးပါး တိမ်းရှောင်လာကြရပြီး ကျွဲ၊နွားများနှင့် စပါး ခင်းများကို စောင့်ကြည့်ရန် လူအနည်းငယ်သာ ကျန်နေခဲ့သည်ဟု ပြောသည်။

“ ခဏခဏ ပစ်နေတော့ ဆက်နေလို့ အဆင်မပြေဘူးလေ” ဟု ဦးဟာမစ်က ဆိုသည်။

မတ်လ ၂၅ ရက်နေ့က ထိုက်တူးပေါက်ရွာအနီးရှိ တောင်ကြောပေါ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တပ် ဖွဲ့ဝင်များ ရှိနေသည်ဟု သတင်းရသည့်အတွက် တပ်မတော်မှ လက်နက်ကြီးဖြင့် ၆ ကြိမ်ထက်မနည်း ပစ် ခတ်ခဲ့ကြောင်းနှင့် AA တပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး စခန်းအနီးတွင် ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မတ်လ ၂၆ ရက်နေ့က Myanmar Now ကို ပြောသည်။

သို့သော် ယင်းနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို ၎င်းတို့ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းလည်း မရှိ ကြောင်း AA ဘက်က ငြင်းဆိုသည်။

မတ်လ ၂၅ ရက်နေ့တွင်ပင် ဖုံညိုလိပ် (ရခိုင်ရွာ)အတွင်းသို့ လက်နက်ကြီး ကျရောက်မှုကြောင့် ကျေးရွာဆေး ပေးခန်းမှ ဆေးမှူး၏ ဇနီး မနွယ်ဦးခင်၏ ခြေထောက်တွင် အသေးစားဒဏ်ရာ ရရှိခဲ့ပြီး ရွာသား ၁၀၀ ကျော် ခန့် တိမ်းရှောင်ခဲ့ရသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင် စုစုပေါင်း ၁၇၀၀၀ ကျော်မှာ နီးစပ် ရာစခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး UNOCHA မှ ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */