လက်ရှိမြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခတင်းမာ နေတဲ့နေရာမှာ ရခိုင်ပြည်နယ် အတွင်းသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ လည်း ရွာသားတွေစစ်ဘေး တိမ်းရှောင်နေကြရပါတယ်။ ပလက်ဝ မြို့နယ် ခမောင်းဝ ကျေးရွာ (၁ဝ) ရွာက ရွာသား (၈ဝဝ) ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပလက်ဝ မြို့နယ် အတွင်း နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ ပလက်ဝရောက် ရွာသား တဦးက ပြောပါတယ်။ ဒီအကြောင်းအစုံအလင်ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
Showing posts with label ရသေ့တောင်. Show all posts
Showing posts with label ရသေ့တောင်. Show all posts
Sunday, February 10, 2019
တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ နယ် ရွာသား ၈ဝဝ ကျော် စစ်ရှောင်နေရ
လက်ရှိမြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခတင်းမာ နေတဲ့နေရာမှာ ရခိုင်ပြည်နယ် အတွင်းသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ လည်း ရွာသားတွေစစ်ဘေး တိမ်းရှောင်နေကြရပါတယ်။ ပလက်ဝ မြို့နယ် ခမောင်းဝ ကျေးရွာ (၁ဝ) ရွာက ရွာသား (၈ဝဝ) ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပလက်ဝ မြို့နယ် အတွင်း နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ ပလက်ဝရောက် ရွာသား တဦးက ပြောပါတယ်။ ဒီအကြောင်းအစုံအလင်ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ၀င်း တရားစွဲဆိုခံရဖွယ်ရှိ
ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း ကို တွေ့ရစဉ်
------------
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှာ
လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့
အသုဘအခမ်းအနားမှာ ဟောပြောခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ပြည်နယ် လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်ဝင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက
တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။AA လှုပ်ရှားမှုကို သတင်းပေးနေသူတွေနဲ့ ရဲတပ်ဖွဲ့ကို သတိပေးစာထုတ်
ရက္ခိုင့်တပ်မတော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်ထိ ရှိလာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ မှီခိုနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်
အဲဒီအထဲက လူဦးရေ ၂၀၀၀ ဝန်းကျင်ဟာ သူတို့ရဲ့မူလကျေးရွာတွေမှာ
စားဝတ်နေရေးအခက်အခဲနဲ့ ရင် ဆိုင် နေကြရသလို တစ်ချို့ကလည်း
နီးစပ်ရာဆွေမျိုးအိမ်တွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့
ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး
ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
Friday, February 8, 2019
ရခိုင်ပြည်နယ်မှာ ကြက်ခြေနီလုပ်ငန်းတချို့ရပ်နား ထားရ
ICRC အဖွဲ့ အမှတ်အသား
ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားနေရသူ ငါးထောင် ကျော်ကို အရေးပေါ် အကူအညီတွေပေးနေပေမယ့်၊ မြို့နယ်ငါးမြို့နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် ကြက်ခြေနီလုပ်ငန်းတချို့ကို ရပ်နားထားရတယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ
ရခိုင်ပြည်နယ်တွင်းမှာ စစ်ရေးအခြေအနေ ဆက်ပြီးတင်းမာနေသလို စစ်ရှောင်ထွက်ပြေးနေကြရတဲ့ ဒုက္ခ သည် တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။ သွားလာရခက်ခဲတဲ့ဒေသတွေဘက်က စစ်ရှောင်တွေဆီ အကူအညီတွေ မရောက်နိုင် ရုံသာမက သွားလာရေးလွယ်ကူတဲ့ စစ်ရှောင်စခန်းတွေမှာပါ အကူအညီတွေ လျော့နည်းလာနေတာပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထာက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
Wednesday, February 6, 2019
သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရေးယူပေးဖို့ မိဘတွေတောင်းဆို
လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ်
သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊
ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျည်ထိမှန်ပြီး သေ
ဆုံး ခဲ့ ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်လို့ တပ်မတော်က တာဝန်ရှိသူကို အရေးယူ
ပေး ဖို့ သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေက တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေကို RFA က မနေ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီလို ပြောဆိုလိုက် တာပါ။
Sunday, February 3, 2019
တပ်မတော်နဲ့ AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲဖြစ်
ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အောင်သာဇိန်နဲ့ ကျောက်တန်းရွာကြားမှာ အစိုးရတပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်လက်ရှိ ကျောက် တန်းရွာထဲမှာတပ်မတော်က လုံခြုံရေးအတွက် နေရာယူထားတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းရွာ သားတစ်ဦးက ပြောပါတယ်။
ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ် ပွား
စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲ ရခိုင်ပြည်နယ်အတွင်း ဒီကနေ့မနက်
ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
တပ်မတော်စစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့က
နေ ကျောက်တန်းကျေးရွာ အနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
နေ ကျောက်တန်းကျေးရွာ အနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် AA ဝင်ရောက်မှု စစ်ဆေးရန် ညွှန်ကြားစာ ပြည်နယ်အစိုးရငြင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ခုနစ်မြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ပြည်သူများနှင့် ရောနှောနေ သည်ဟု သတင်းရသဖြင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။
ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း လက်မှတ်ရေး ထိုးကာ ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ယင်းသို့ ညွှန်ကြားထားသည့်စာမှာ Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်။

DVB - ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ရှိနေ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ ထီးစွဲကျေးရွာကြား တံတား အနီး ဖေဖော်ဝါရီ ၃ ရက်နေ့မနက် ၁၀ နာရီကျော်လောက်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်ဆိုတာဟုတ်မဟုတ်ကို အတည်ပြု ဆဲဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက DVB ကိုပြော ကြားပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံတဦးကတော့ ကျောက်တန်း ကျေးရွာ နဲ့ ထီးစွဲအကြား တံတား ဘက် ကနေ ပေါက်ကွဲသံတခု တော့ကြားလိုက်ရတယ်လို့ ပြောလိုက်ပါတယ်။
လင့်၊ https://www.youtube.com/watch?v=O3dICsuNkzk&feature=share
Saturday, February 2, 2019
ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA တိုက် ပွဲဖြစ်ပွား
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်းတခုကို ဒီနေ့မနက်မှာ ရခိုင် တပ်မတော် AA ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလိုဖြစ် ပွါးတဲ့ တိုက်ပွဲအတွင်း ကျေးရွာဘက်ကို လက် နက်ကြီး ကျည်တွေကျရောက်ပြီး စိုးရိမ်မှုနဲ့ တိမ်းရှောင်နေရ တယ်လို့လည်း ဆိုပါတယ်။ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ ထားပါတယ်။
Thursday, January 31, 2019
ပလက်ဝတိုက်ပွဲ ဒေသခံလူငယ်တွေ စိုးရိမ် ထွက် ပြေး
တပ်မတော်နဲ့ AA အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နောက်ဆုံးဖြစ်ထားတဲ့ တိုက်ပွဲအတွင်း နှစ် ဘက် ထိခိုက်ကျဆုံး တယ်လို့ AA အဖွဲ့ကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ဒေသတွေ၊ အနီးအနားတွေက လူငယ်တွေကို AA အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုများလာတာကြောင့် လူငယ်တွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်မှာ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကလေး ငယ် အသုဘကို လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင် ခဲ့
ရခိုင်မှာ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ် အသုဘကို လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျည်ဆံ ထိမှန်ပြီး သေဆုံးသွားခဲ့တဲ့မောင်နိုင်စိုး အသက် (၇) နှစ်ကို အသုဘကို သူ့ရဲ့ မွေးရပ်ရွာ သမီးလှရွာသစ်မှာ ဇန်နဝါရီ ၃၀ရက်နေ့က ပြုလုပ်ရာမှာ ရွာပေါင်း ၅၀ ကျော်က လူ သောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
Wednesday, January 30, 2019
မြန်မာဌာန | သတင်းများ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကိစ္စ တပ်မတော် လတ်တလော ပြောဖို့မရှိ
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် ကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းရေးအဆိုကို
တပ်မတော်သား ကိုယ်စား လှယ်တွေ ပါဝင်ဆွေးနွေးဖို့ ရှိ၊ မရှိ
မပြောနိုင်သေးဘူးလို့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်
အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဒီနေ့ ပြောပါတယ်။
ရခိုင်တိုက်ပွဲ အရပ်သားထိခိုက်မှု တိုးလာ
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ နှစ်လ တာကာလ အတွင်း အရပ်သား ၄ ဦး ထက်မနည်း သေဆုံးရပြီးဖြစ်သလို ထိခိုက် ဒဏ်ရာရသူ ၁၄ ဦးထိရှိပြီလို့ စစ်
တမ်း ကာက်ယူထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါ့အပြင် ရခိုင့် တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မနဲ့ ဖမ်း ဆီး တရားစွဲဆိုခံရသူ အရေအတွက်လည်း တိုးလာနေတာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Tuesday, January 29, 2019
လက်နက်ကြီးအစမှန်လို့ သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံး
ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ်
မောင်နိုင်စိုးရဲ့ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က စစ်တွေဆေးရုံမှ
သမီးလှကျေးရွာကို သယ်ယူနေစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွား
ခဲ့ဖြစ်စဉ် အတွင်း လက်နက်ကြီးအစတွေမှန်ပြီး ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ အသက် ၇ နှစ်အ ရွယ် မောင်နိုင်စိုးဟာ မနေ့က သေဆုံးသွားပါတယ်။ စစ်တွေပြည်သူ့ဆေးရုံကြီးကနေ ရန်ကုန်ကို အရေးပေါ်ကုသဖို့အတွက် မနေ က ညနေ ၅ နာရီကျော်လောက်မှာ မော်တော်ကားနဲ့ သွားရောက် စဉ် ကျောက်တော်မြို့နယ် အရောက် မှာ ကွယ်လွန်သွားတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
အုန်းချောင်းရွာသားတွေ ထွက်ပြေး
ရသေ့တောင်မြို့ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာက
ဒေသခံရွာသားတွေကို အစိုးရ တပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့်
ရွာမှာရှိတဲ့ ရွာသားအားလုံးနီးပါး ထွက်ပြေး နေကြတယ်လို့ ဒေသခံတွေက
ပြောပါတယ်။မနေ့က ဖမ်းဆီးသွားတဲ့ ရွာ သား ၃ဦးကိုတော့ ဒီနေ့မနက် ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရပါတယ်။
Monday, January 28, 2019
ရသေ့တောင်မြို့နယ်က တိုက်ပွဲအခြေအနေ
■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။
သမီးလှရွာခံ ၃ဦး ရိုက်နှက်ခံရတယ်လို့ ပြော
ရိုက်နှက်ခံရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က သမီးလှရွာသားတွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၃ ဦးဟာ ရသေ့တောင် ပြည်သူ့ဆေးရုံမှာ မနေ့က ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ဇန်နဝါရီ ၂၆ ရက်နေ့ က သမီးလှကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Subscribe to:
Posts (Atom)