Tuesday, January 29, 2019

လက်နက်ကြီးအစမှန်လို့ သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံး

RFA 
29.01.2019
 ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က စစ်တွေဆေးရုံမှ သမီးလှကျေးရွာကို သယ်ယူနေစဉ်
 
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ဖြစ်စဉ် အတွင်း လက်နက်ကြီးအစတွေမှန်ပြီး ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ အသက် ၇ နှစ်အ ရွယ် မောင်နိုင်စိုးဟာ မနေ့က သေဆုံးသွားပါတယ်။ စစ်တွေပြည်သူ့ဆေးရုံကြီးကနေ ရန်ကုန်ကို အရေးပေါ်ကုသဖို့အတွက် မနေ က ညနေ ၅ နာရီကျော်လောက်မှာ မော်တော်ကားနဲ့ သွားရောက် စဉ် ကျောက်တော်မြို့နယ် အရောက် မှာ ကွယ်လွန်သွားတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က သမီးလှကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ မှာ မောင်နိုင်စိုး အပါအဝင် လူ ၃ ဦးမှာ ကျည်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ကျေးရွာအတွင်းကို အဲဒီလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကို တပ်မတော်က လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောဆိုထားပါတယ်။

ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ မောင်နိုင်စိုးဟာ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးကု သမှုခံယူခဲ့ပြီးနောက် အခြေအနေ တိုးတက်မလာတဲ့အတွက် ရန်ကုန်ကို ပို့ဆောင်ခဲ့ရာမှာ လမ်းခရီးမှာ သေ ဆုံးသွားတာဖြစ်ပါတယ်။ တပ်မတော်နဲ့အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ အခုလို ကလေးငယ်တစ်ဦး ကွယ်လွန်ခဲ့ရတာနဲ့ပတ်သက်လို့  တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုကြခြင်း မရှိသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */