" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Friday, March 22, 2024

စစ်တွေမြို့က ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း ဆန္ဒပြ

RFA
RFA Burmese
2024.03.21

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ရိုဟင်ဂျာများမှ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ MRTV

ရခိုင်ပြည်နယ် စစ်တွေမြို့က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိကြောင်း မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဧရာဝတီ
21 March 2024
မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရိုဟင်ဂျာ ၇၀၀ ခန့် ဆန္ဒပြခဲ့ / ဟန်ငြိမ်းဦး 

တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့၌ မတ်လ ၁၉ ရက် နေ့လည်က ရိုဟင်ဂျာ ၇၀၀ခန့်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

Thursday, March 21, 2024

အမေရိကန်ဘာသာရေးလွတ်လပ်ခွင့် USCIRF အဖွဲ့က ရိုဟင်ဂျာတွေအတွက် အဆိုပြုချက်ထုတ်ပြန်

RFA
RFA Burmese
2024.03.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ရိုဟင်ဂျာတွေကို လူမျိုးတုံးသုတ်သင်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အခုအချိန်မှာ သူတို့ကို စစ်မှုထမ်းပြီးရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အစီအစဉ်တောင်မပါဘဲ စစ်တပ်ထဲထည့်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် USCIRF ကော်မရှင်မင်းကြီး အဲရစ်ဟူးလန်းဒ် က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို ဖရိဖရဲနဲ့ စည်းလွတ်ဝါးလွတ်အုပ်ချုပ်နေတယ်လို့ သူက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၌ စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို ရိုဟင်ဂျား

DVB
March 20, 2024 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာလူမျိုးတွေက “AA အလိုမရှိ"၊ “စစ်ပွဲအလိုမရှိ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

ဘူးသီးတောင်မှာ AA ကိုဆန္ဒပြဖို့ ရိုဟင်ဂျာတွေကို စည်းရုံးဖိအားပေးခဲ့

VOA
အင်ကြင်းနိုင်

၂၁ မတ်၊ ၂၀၂၄ 

ရက္ခိုင့်တပ်တော် AA ကို အလိုမရှိကြောင်း ဆန္ဒပြနေကြတဲ့ ရိုဟင်ဂျာများ။ (Photo: တပ်မတော် သတင်းမှန်ပြန်ကြားရေး) 

ရခိုင် ဘူးသီးတောင်ဘက်မှာ ရက္ခိုင့်တပ်တော် (AA) ကိုဆန့်ကျင်ကြောင်း ဆန္ဒပြကြဖို့ ဒေသခံရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့ နှစ်ဘက်အသိုင်းအဝိုင်းတာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းခံရပြီး တိုက်ပွဲတွေဆီအပို့ခံနေရတဲ့အပြင် နှစ်ဘက်တိုက်ပွဲကြားပိတ်မိနေတဲ့ ရိုဟင်ဂျာတွေရဲ့နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီနဲ့ဆက်ဆံတာ ရပ်ဆိုင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

RFA
RFA Burmese
2024.03.20

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ တက်ရောက်လာသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး။ AFP

စစ်မြေပြင်မှာ ကျရှုံးပြီး ပြည်သူတွေ ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတဲ့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပိုမိုတိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာက အားပိုကောင်းတဲ့ ဟန်ချက်ညီ အရေးယူဆောင် ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 

စစ်ကောင်စီ ကြိုးကိုင်မှုနဲ့ ရိုဟင်ဂျာတွေဆန္ဒပြတာလို့ နှစ်ဖက်အသိုင်းအဝိုင်းထောက်ပြ

RFA
RFA လွတ်လပ်တဲ့အာရှအသံ
21 March 2024

■ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်က ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်း ရိုဟင်ဂျာခုနစ်ရာကျော်ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ လူမျိုးရေးပဋိပက္ခကို ဦးတည်တဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ရခိုင်၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းနှစ်ခုလုံးက ထောက်ပြကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

Link : Here

Wednesday, March 20, 2024

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း” ဘူးသီးတောင်မှ မွတ်ဆလင်များ မြို့လုံးကျွတ် ဆန္ဒပြ

True News
၁၈-၃-၂၀၂၄

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2024.03.19 

မောင်တောမြို့တွင် အုန်းသီးရည်ကို တွန်းလှည်းနှင့်လှည့်ရောင်းနေသည့် ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

Tuesday, March 19, 2024

ဥပုသ်လ ကာလ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ

VOA
ဆုမွန်

၁၈ မတ်၊ ၂၀၂၄
Link : Here

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို

RFA
RFA Burmese
2024.03.18 

မင်းပြားမြို့နယ် သာဒါကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရအပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Telegram/ Arakan Princess Media

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေ အ တွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အ ကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Monday, March 18, 2024

ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်းတွင် ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

DVB
March 17, 2024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရိုဟင်ဂျာအယောက် ၈၀ ကျော် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Saturday, March 16, 2024

ရိုဟင်ဂျာတွေ သူတို့ လူမှုအသိုက်အဝန်းနဲ့ တသားထဲဖြစ်ရေး ဘင်္ဂလားဒေ့ရှ် ပယ်ချ

VOA
ဗွီအိုအေ (မြန်မာဌာန
၁၅ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang ကျွန်းကို ရေကြောင်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှုအသိုင်းအဝိုင်းတွေထဲမှာ တသားထဲဖြစ်စေရေး အကြုံပြုချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ပယ်ချခဲ့ပါတယ်။

စစ်မှုထမ်းဖို့ ရိုဟင်ဂျာတွေကို မက်လုံးပေး စည်းရုံး

BBC
March 15'2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းက လူတွေကို စစ်မှုထမ်းဖို့ အတွက် ငွေကြေး အပြင် နိုင်ငံသား ဖြစ်ခွင့် စတာတွေနဲ့ မက်လုံးပေးပြီး စစ်ကောင်စီက စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒုက္ခသည် စခန်းမှာနေထိုင်သူတွေက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို စခန်းသွင်းပြီး စစ်သင်တန်း ပေးနေတဲ့ ဗီဒီယို ဖိုင်တွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က ဘယ်လို တုံ့ပြန်ပါသလဲ။ ကိုဘိုဘိုက ပြောပြပေးထားပါတယ်။

Video Link : Here

Link : Here

Friday, March 15, 2024

“AA ကစစ်တွေကို သိမ်းဖို့လုပ်နေတော့စစ်ကောင်စီကပြဿနာတခုခုဖန်တီးပြီးလူတွေကိုအာရုံလွဲဖို့ကြိုးစားနေတယ်”

Mizzima TV
Mar 15, 2024  

ရောင်နီ(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တိုက်ပွဲတွေမှာ တိုက်ခိုက်ခိုင်းဖို့အတွက် ရိုဟင်ဂျာ ၁,၀၀၀ ကျော်ကို စစ်ကောင်စီက စစ်သားစုဆောင်းဖို့ ခေါ်ဆောင်သွားသလို လူမျိုးရေးပြဿနာတွေ ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ ရိုနေဆန်းလွင်က ပြောပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် စစ်တွေ၊ ဘူးသီးတောင်နဲ့ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီကခေါ်သွားတာလို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လူမျိုးရေးနဲ့ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုတွေရှိနေပြီး ဒါကို အထူးသတိထားဖို့ ရိုနေဆန်းလွင်က သတိပေးပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကို မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။ ရုပ်သံတည်းဖြတ်/တင်ဆက် - ရောင်နီ

Link : Here

၄၅ နှစ်ကျော်အကြာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ

ဧရာဝတီ
သူ့အတွေး သူ့အမြင်

Tony Waters နှင့် R.J. Aung
14 March 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ဆန်၊ ရေနှင့် စားသုံးဆီ ရရှိရန် စောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP 


ရိုဟင်ဂျာများကို ပြန်လည် ပို့ဆောင်ရေး ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားပြီး တလအကြာတွင် မြန်မာမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကိုယ်စားလှယ်များသည် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး ဆွေးနွေးရန် စစ်ကောင်စီ ပညာရေးဝန်ကြီးကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံသည်။

ရိုဟင်ဂျာတွေအတွက် ပေါင် ငါးသန်းကျော် ဗြိတိန်ထပ်မံကူညီ

RFA
RFA Burmese
2024.03.13

မီးလောင်ပျက်စီးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသ Ukhia ဒုက္ခသည်စခန်းရှိ အပျက်အစီးများနှင့်အတူ ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နောက်ထပ် ပေါင်စတာလင် ၅.၂ သန်း ကူညီမယ်လို့ ဗြိတိန်အစိုးရက မတ်လ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

Wednesday, March 13, 2024

ရိုဟင်ဂျာအပါ ကမ္ဘာ့မွတ်ဆလင်တွေကို ကန်နိုင်ငံခြားရေးဝန်ကြီး ရာမာဒန် ဆုမွန်တောင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ မတ်၊ ၂၀၂၄ 

နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မတ်လ ၁၁၊ ၂၀၂၄) (Photo by ANDREW CABALLERO-REYNOLDS / POOL / AFP)

တရုတ်ပြည် ဇင်ကျန်းက ဝီဂါ၊ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာနဲ့ ဂါဇာက ပါလက်စတိုင်းတွေအပါအဝင် တကမ္ဘာလုံးက မွတ်ဆလင် အသိုက်အဝန်းများစွာ အတွက် ပဋိပက္ခနဲ့ ဒုက္ခကြုံနေရချိန်မှာ ငြိမ်းချမ်းရေးရရှိပါစေလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ရိုဟင်ဂျာ ၉၇ ဦး ရုပ်အလောင်းတွေ လာသယ်ဖို့ ဒုက္ခသည်စခန်းတွေကို စစ်ကောင်စီ အကြောင်းကြား

RFA
RFA Burmese
2024.03.13
 

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၇ ဦး အလောင်းတွေ သယ်ယူဖို့ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့မှာ အကြောင်းကြားတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် ရိုဟင်ဂျာအချို့ စစ်သင်တန်းဆင်းပြီး နေရပ်ပြန်

DVB
March 12, 2024

ရခိုင်ပြည်နယ်၊ စစ်တွေဒုက္ခသည်စခန်းနဲ့ အနီးပတ်ဝန်းကျင်ရွာတွေကနေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတချို့ စစ်သင်တန်းပြီးလို့ ရွာကိုပြန်ရောက်လာပြီလို့ ဒုက္ခသည်စခန်းမှာနေတဲ့ ဒေသခံတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */