" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 16, 2024

ရိုဟင်ဂျာတွေ သူတို့ လူမှုအသိုက်အဝန်းနဲ့ တသားထဲဖြစ်ရေး ဘင်္ဂလားဒေ့ရှ် ပယ်ချ

VOA
ဗွီအိုအေ (မြန်မာဌာန
၁၅ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang ကျွန်းကို ရေကြောင်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှုအသိုင်းအဝိုင်းတွေထဲမှာ တသားထဲဖြစ်စေရေး အကြုံပြုချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ပယ်ချခဲ့ပါတယ်။

ဒုက္ခသည်တွေ နေရပ်ကို သူ့သဘောနဲ့သူ ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR၊ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM လို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေကြတဲ့အဖွဲ့အားလုံးအနေနဲ့ ကူညီပေးကြဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီး Momen ကပန်ကြားခဲ့ပါတယ်။

ရေရှည်ဖြစ်နေတဲ့ ရိုဟင်ဂျာအရေးအတွက် အဖြေရှာနိုင်ရေးကိုလည်း ဘင်္ဂလားဒေရှ့် အစိုးရက သန္နိ ဋ္ဌာန်ချဆောင်ရွက်နေပါတယ်လို့ဆိုပါတယ်။ ရိုဟင်ဂျာအရေး ပူးပေါင်းဖြေရှင်းမယ့် အစီအစဉ်တွေအကြောင်း Switzerland နိုင်ငံ Geneva မြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားတာဖြစ်ပါတယ်။ ရိုဟင်ဂျာ ပြဿနာဖြေရှင်းရေး ၂၀၂၄ ခုနှစ်အတွက် အစီအစဉ်တွေကို ဘင်္ဂလားဒေရှ့်အစိုးရက တင်ပြထားပါတယ်။ ရိုဟင်ဂျာ၊ လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့်လူမှုအသိုင်း အဝိုင်း စုစုပေါင်း ၁.၃၅ သန်းအတွက် ဒေါ်လာ ၈၅၂ သန်းကျော် ရန်ပုံငွေတောင်းဆိုထားပါတယ်။

  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */