Friday, March 15, 2024

“AA ကစစ်တွေကို သိမ်းဖို့လုပ်နေတော့စစ်ကောင်စီကပြဿနာတခုခုဖန်တီးပြီးလူတွေကိုအာရုံလွဲဖို့ကြိုးစားနေတယ်”

Mizzima TV
Mar 15, 2024  

ရောင်နီ(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တိုက်ပွဲတွေမှာ တိုက်ခိုက်ခိုင်းဖို့အတွက် ရိုဟင်ဂျာ ၁,၀၀၀ ကျော်ကို စစ်ကောင်စီက စစ်သားစုဆောင်းဖို့ ခေါ်ဆောင်သွားသလို လူမျိုးရေးပြဿနာတွေ ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ ရိုနေဆန်းလွင်က ပြောပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် စစ်တွေ၊ ဘူးသီးတောင်နဲ့ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီကခေါ်သွားတာလို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လူမျိုးရေးနဲ့ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မှုတွေရှိနေပြီး ဒါကို အထူးသတိထားဖို့ ရိုနေဆန်းလွင်က သတိပေးပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကို မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။ ရုပ်သံတည်းဖြတ်/တင်ဆက် - ရောင်နီ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */