" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 19, 2024

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို

RFA
RFA Burmese
2024.03.18 

မင်းပြားမြို့နယ် သာဒါကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရအပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Telegram/ Arakan Princess Media

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေ အ တွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အ ကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို နိုင်ငံတကာအသိုင်းအ ဝိုင်း အနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူဖို့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာအယောက် တစ်ရာကျော်သေ ဆုံးခဲ့ရပြီး ရိုဟင်ဂျာအယောက် ၂ဝဝ ကျော် ဒဏ်ရာရခဲ့တဲ့အပြင် ရာနဲ့ချီ မတရားဖမ်းဆီးခံနေရတယ်လို့ ရိုဟင်ဂျာတရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က ထောက်ပြထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားပါတယ်။

တိုက်ပွဲကြားမှာနေနေရတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာအနေနဲ့ အကာအကွယ်နဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့တွေပေးဖို့လည်း တောင်းဆိုထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာတရားရုံး ICJ က ချမှတ်ထားတဲ့ အချက်တွေကို လိုက် နာဖို့လိုပြီး၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေရပ်သွားအောင် လုပ်ဖို့လိုတယ်လို့လည်း ပြောထားပါတယ်။

ဆက်နွယ်သောသတင်းများ  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */