ထက်နိုင်ဇော်
30 March 2019
မတ်လ ၂၉ ရက်နေ့က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဇော် ဌေး / ထက်နိုင်ဇော် / ဧရာဝတီ
ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိ သဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဖြစ်နေသော်လည်း အစိုးရအနေဖြင့် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေ ညာရန် အစီ အစဉ် မရှိကြောင်း သိရသည်။