" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Friday, April 19, 2024

စစ်တွေတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၍ မွတ်ဆလင် ၈၀ ဦးထက်မနည်း သေဆုံး

DMG
19 Apr 2024

ဆေးသမားဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း၊ ဒါးပိုင်ကျေးရွာ၊ ဘာဆာကျေးရွာမှ မွတ်ဆလင်များမှာ ဧပြီလဆန်းပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြပြီး လက်ရှိတွင် သေဆုံးသူ ၈၀ ဦးထက်မနည်းရှိကြောင်း သိရ သည်။

စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက မြင်တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များအပါအဝင် မွတ်ဆလင် ဦးရေ ၈၀ နီးပါးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Fri, 04/19/2024 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်း ဧပြီလ (၁၇) ရက်နေ့ နံနက်(၁၁) နာရီခန့်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အကြမ်းဖက် AA အဖွဲ့က တပ်မတော်မှ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်ဆလင်များမှ လုပ်ဆောင်ခဲ့ကြောင်း စွပ် စွဲချက် ထွက်ပေါ်မှုများ ၊ အိန္ဒိယ မီဒီယာတစ်ခုမှ စွပ်စွဲရေးသား ဖော်ပြမှုများ ၊ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင် ရဲ့ လူမှုကွန်ရက်တွင် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် (၁၆၀၀) နှင့် ဗုဒ္ဓဘာသာဝင်(၁၂၀) အား အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ရေးသားချက် ၊ ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံး

RFA
RFA Burmese
2024.04.19 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို တွေ့ရစဥ်။Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်ကို ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဧပြီလ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

အိန္ဒိယ Express ဖော်ပြတဲ့ ဘူးသီးတောင်သတင်း စစ်ကောင်စီငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၉ ဧပြီ၊ ၂၀၂၄ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းက ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ/EPA/MIN THEIM KHINE)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က တုံ့ပြန်ပါတယ်။

ဘူးသီးတောင်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေဟု စစ်‌ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တန်ပြန်စွပ်စွဲလာ

Narinjara
သဉ္ဇာနွယ်/ နိရဉ္စရာ
ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးများပိုင် နေအိမ်များအား စစ်ကောင်စီတပ်ဦးဆောင်မှုဖြင့် စစ်တပ်ကျောထောက်နောက်ခံ လက်နက်ကိုင် မွတ်ဆလင်များက မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ရက္ခိုင့်တပ်တော်(AA)ကို လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည်ဟု တန်ပြန် စွပ်စွဲ ပြောဆိုလိုက်သည်။

Thursday, April 18, 2024

AAက ရိုဟင်ဂျာများကို အကြမ်းဖက် ပုံဖော်ဆောင်ရန် အိန္ဒိယအခြေစိုက် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်နေမှုကိုစစ်ကောင်စီမှရှင်းလင်းတင်ပြ

MRTV
Mayyu Tv News_မေယုတီဗီသတင်း
ဧပြီလ (၁၈)ရက်

 ( မှတ်တမ်း )

အီန္ဒိယနိုင်ငံအခြေစိုက် The New Indian Expressသတင်းစာ တစ်ခုတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အီစ္စလာမစ် အကြမ်းဖက်အုပ်စုက ဘူးသီးတောင်မြို့နယ်တွင်ဟီန္ဒူလူမျိုး ၁၆၀၀ ကျော် နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးကိုဓါးစာခံ လုပ်ထားကြောင့်၊၂၀၁၇ ခုနှစ်တွင်လည်း ဟီန္ဒူလူမျိုး ၁၀၀ ကျော်ကို ဘာသာရေး အခြေခံပြီး သတ်ခဲ့ကြောင့် ၎င်းထဲမှ အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ခဲ့ကြောင့်ပေါ်ပြထားပါတယ်။ 

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

ဧရာဝတီ
၂၀၁၇ ခုနှစ်က ဘူးသီးတောင်မြို့တွင် တွေ့ရသည့် စစ်သားများ
 
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၂ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံထောင်နှင့်ချီ ဖမ်းဆီးခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

Tuesday, April 16, 2024

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာဇာနည်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အဆိုပြု

RFA
RFA Burmese
2024.04.16
 

လူ့အခွင့်အရေးလှုပ်ရှားသူ မောင်ဇာနည် ခေါ် ဒေါက်တာဇာနည်။
FACEBOOK/ MAUNG ZARNI 
 

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာမောင်ဇာနည်ကို အခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ အဆိုပြုတင်သွင်းထားတယ်လို့ ဗြိတိန်အခြေစိုက် Free Rohingya Coalition လူ့အခွင့်အရေးအဖွဲ့က ဧပြီလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်တိုက်ပွဲ ရိုဟင်ဂျာ ၂၅ ဦးသေဆုံး၊ ၃၀၀၀ နီးပါး ထွက်ပြေးနေရ

RFA
RFA Burmese
2024.04.15 

အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ The Arakan Rohingya Salvation Army လို့ နာမည်ပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာ (ARSA) တို့ တိုက်ပွဲအတွင်း ဧပြီလ ၁၂ ရက်နေ့က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ၂၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်တွင် ARSA အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မူဆလင်အမျိုးသား ၁ ဦးသေဆုံး

Arakan Bay News
April 16, 2024

ရက္ခိုင်ပြည်။ ဘူးသီးတောင်မြို့နယ်တွင် ARSA အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်၍ မူဆလင်အမျိုးသား ၁ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ သိန်းတန်အုပ်စု၊ ပြင်လှကူနာ မူဆလင်ရွာမှအသက် ၆၄ နှစ်အရွယ် ဦးနိုရ်ရူဖြစ်သည်။

Sunday, April 14, 2024

ကုလစကာဝိုင်း တက်ရောက်တဲ့ ရိုဟင်ဂျာလူငယ် "Gen Z"

VOA
VOA Burmese
Mar 24, 2024

မြန်မာနိုင်ငံမှာ နှိပ်ကွက်မှုတွေနဲ့ ကြုံရတဲ့ ရိုဟင်ဂျာတွေအတွက် ပညာသင်ကြားခွင့်၊ ကျား၊ မ တန်းတူညီမျှ ရှိရေးတွေကို ကုလသမဂ္ဂမှာ တင်ပြခဲ့တယ်လို ရိုဟင်ဂျာလူငယ်က ပြောပါတယ်။ ဖိနှိပ်ခံလူမှုအသိုက်အဝန်းကနေ ကုလသမဂ္ဂစင်မြင့်ကို ရောက်လာခဲ့တဲ့ ယဆင် အာဖက်ကို GenZ ပရိသတ်တွေအတွက် မခင်လေးက ဆက်သွယ် စကားပြောထားပါတယ်။

 

<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>

  ဗွီအိုအေ အမေရိကန်အသံသည် မြန်မာနှင့် ကမ္ဘာတလွှား နောက်ဆုံးရသတင်းတွေကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အင်တာနက်တို့ကနေ မြန်မာဘာသာဖြင့် နေ့စဉ်ထုတ်လွှင့် တင်ဆက်ပေးနေပါသည်။ ဗွီအိုအေ အစီအစဉ်တင်ဆက်မှု အသေးစိတ်ကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။ 

VOA အမေရိကန်အသံ (မြန်မာ) အင်တာနက်စာမျက်နှာ - www.burmese.voanews.com VOA (မြန်မာ) စာမျက်နှာ ဝင်ရောက်ကြည့်နိုင်ဖို့ နောက်တနည်း - www.persagg.com/my VOA (မြန်မာပိုင်း) Facebook စာမျက်နှာ - www.facebook.com/voaburmese VOA (မြန်မာပိုင်း) YouTube စာမျက်နှာ - / voaburmese VOA (မြန်မာပိုင်း) Twitter စာမျက်နှာ - www.twitter.com/voaburmese VOA (မြန်မာပိုင်း) Instagram စာမျက်နှာ - www.instagram.com/voaburmese VOA (မြန်မာပိုင်း) Telegram စာမျက်နှာ - https://t.me/burmesevoanews

Link : Here

ရိုဟင်ဂျာတွေ လွတ်လပ်စွာ အီးဒ်ပွဲတော် မကျင်းပနိုင်တဲ့အပေါ် NUG ကြေညာချက်ထုတ်

RFA
RFA Burmese
2024.04.10

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ ရမဒွါန်လမှာ လွတ်လပ်စွာ ဥပုသ်သီလ မဆောက်တည်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာချက် ထုတ်ပြန်ပါတယ်။

Saturday, April 13, 2024

မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေ

BBC
၁၃ ဧပြီ ၂၀၂၄ 

ဓာတ်ပုံ ပုံစာ, ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး

စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်တဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေပြီး ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို

VOA
၁၃ ဧပြီ၊ ၂၀၂၄ 

မြန်မာ့ပြဿနာကို ဘက်စုံ ချဉ်းကပ်ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်တောင်းဆို မြန်မာနိုင်ငံတွင်း အခြေအနေဟာ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်လာနေပြီး အထူးသဖြင့် အင်ဒိုပစိဖိတ် ဒေသတွင်း နိုင်ငံတွေ အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူး သံအမတ်ကြီး Robert Wood ကပြောပါတယ်။

Link : Here

၁၉၈၂ မြန်မာနိူင်ငံသားဥပဒေကို NUCC က ပယ်ဖျက်လိုက်တဲ့အတွက် မလေးရှားအကြံပေးအဖွဲ့က ချီးကျူး

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ ဧပြီ၊ ၂၀၂၄ 

၁၉၈၂ မြန်မာနိူင်ငံသားဥပဒေစာအုပ်အဖုံး (ဓါတ်ပုံ_Screenshot)

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ကြိုဆိုကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မောင်တောက ကြိမ်ချောင်းဗျူဟာ အေအေသိမ်းပိုက်

BBC
ဧပြီလ ၁၃ ရက် ၂၀၂၄

ဧပြီ ၅ ရက်က အေအေသိမ်းထားတဲ့ ဘူးသီးတောင်အခြေစိုက် (ခမရ-၅၆၄) တပ်ရင်းဌာနချုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

Tuesday, April 9, 2024

ကချင်နှင့် ရခိုင်ဒေသထိုးစစ် တရုတ်ကြားဝင်မလား

ဧရာဝတီ
8 April 2024
ဆောင်းပါး

ဧပြီလ ၁ ရက် နေပြည်တော်တွင် တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ကြစဉ်


ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့၌ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းခဲ့ပြီး တရုတ်စီမံကိန်းဧရိယာများ ပိတ်ဆို့ကန့်သတ်ခံလာရချိန် တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ဧပြီ ၁ ရက်တွင် နေပြည်တော်သို့လာရောက်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့်အပြင် တရုတ်စစ်တပ်ကလည်း မြန်မာနယ်စပ်အနီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

မောင်တောတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတချို့ ထွက်ပြေးသွား

BNI
Monday, April 08, 2024

ရခိုင်ပြည်၊ မောင်တောမြို့တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ၏ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ထွက်ပြေးသွားကြကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးမှာ ဧပြီလ ၅ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းတချို့နှင့်အတူ တာဝန်ထမ်းဆောင်ရာနေရာမှ ထွက်ပြေးသွားခြင်းဖြစ်သည်။

စစ်ကောင်စီပစ်လက်နက်ကြီးကျည် ပေါက်ကွဲပြီး မောင်တောမြို့နယ် ကြိမ်ချောင်းရွာ မီးလောင်နေ

Arakan Bay News
tun linn
April 8, 2024


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကြိမ်ချောင်းရွာမီးလောင်နေကြောင်း မောင်တောဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။
ဒီနေ့ ညနေ ၆နာရီကျော်အချိန်မှာ မြို့သူကြီး နခခ ၅ က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီး တွေ ပစ်ခတ်ခဲ့တယ်။ အခုတော့ ကြိမ်ချောင်းရွာ မီးလောင်နေတာကို ကျနော်တို့ မြင်ရတယ် ဟု ဒေသခံတစ်ဦးကဆိုသည်။

နိုင်ငံတဝန်းကအကျဥ်းထောင်တွေထဲ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာထောင်ချီရှိနေပြီး အမျိုးသမီးနဲ့ကလေးတွေလည်းပါဝင်

BBC
၈ ဧပြီ ၂၀၂၄

၂၀၂၀ ခုနှစ်အတွင်း ထောင်တွေကနေလွှတ်လိုက်တဲ့ပြီးနောက် ရခိုင်ကိုပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေ


နေရပ်စွန့်ခွာဖို့ကြိုးစားရင်းဖမ်းဆီးခံရလို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရတဲ့ ရိုဟင်ဂျာအရေအတွက် ၃ထောင် ကနေ ၅ထောင်ကြားရှိမယ်လို့ ရိုဟင်ဂျာအ‌ရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ ဧရာဝတီတိုင်းထဲမှာ ရိုဟင်ဂျာတွေကိုအများဆုံးဖမ်းဆီးထားတာဖြစ်ပြီး ရခိုင် ပြည်နယ်မှာဒုတိယအများဆုံး ဖမ်းဆီးထားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေသိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */