" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 13, 2024

မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေ

BBC
၁၃ ဧပြီ ၂၀၂၄ 

ဓာတ်ပုံ ပုံစာ, ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး

စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်တဲ့ မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ ရုရှားရောက်နေပြီး ဒုတိယအကြိမ် ရုရှား-မြန်မာပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို ရုရှားဘက်က ဒုတိယကြည်းတပ်ဦးစီးချုပ် နဲ့ မြန်မာဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ ပူးတွဲဥက္ကဋ္ဌ တွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ရုရှားကာကွယ်ရေးဒုဝန်ကြီး ဖိုမင် နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေးအပါအဝင် လုံခြုံရေးနဲ့ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကို နေပြည်တော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာက ကျင်းပခဲ့ပြီး မြန်မာစစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက အဂတိလိုက်စားမှုပုဒ်မတွေ နဲ့ ထောက်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရပြီးတဲ့နောက် ဒုတိယအကြိမ်အစည်းအဝေးကို ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဦးဆောင်လာတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */