" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Wednesday, May 25, 2022

ရိုဟင်ဂျာတွေ ပြန်လည်လက်ခံမယ့်စစ်ကောင်စီရဲ့ အစီအစဉ် ကို မယုံကြည်ကြ

RFA
လွတ်လပ်တဲ့အာရှအသံ
ဇင်မာဝင်း ( ဝါရှင်တန်ဒီစီ )
2022.05.25

(၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က အင်ဒိုးနီးရှားနိုင်ငံ၊ Seunuddon ကမ်းခြေအနီးမှာ ရိုဟင်ဂျာဒုက္ခသည်များကိုကယ်တင်လာတဲ့ ငါးဖမ်းစက်လှေတစ်စီးကို တွေ့ရစဉ်။)
Photo:Reuters


ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ပြီး ၁၉၈၂ နိုင်ငံသားဥပဒေအရ အကျုံးဝင်သူ တွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေ ပြည် တွင်း မှာ ခရီးသွားလာခွင့် ကန့်သတ်ချက်ဆက်ရှိနေပြီး၊ အထောက်အထားမဲ့သွားလာလို့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

Monday, May 23, 2022

မြန်မာ့ကမ်းရိုးတန်းမှာ မျောပါလာတဲ့ ရုပ်အလောင်း ၁၄ လောင်း တွေ့ရှိ

theSun
05- 23- 2022 09:12 PM 

Pix ကိုကိုယ်စားပြုမှုရည်ရွယ်ချက်အတွက်သာ


မြန်မာနိုင်ငံ က ကမ်းခြေတစ်ခုမှာ မျောပါလာတဲ့ လူ ၁၄ ဦးရဲ့ အလောင်းတွေကို တနင်္လာနေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး တချို့ကတော့ ရိုဟင်ဂျာတွေ မလေးရှား နိုင်ငံကို ရောက်ရှိဖို့ ကြိုးစားနေတယ်လို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

Saturday, May 14, 2022

ကိုကိုကြီး ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်သို့ ပေးစာ ( ၂၀၁၂ )

ကျောက်နီမော်ဒေသအကြောင်းနဲ့ရခိုင်မွတ်ဆလင်မ်တွေရဲ့သမိုင်းတွေသိချင်ရင်

 ဦးလှဝင်း ( မင်းညိုငယ် - သံတွဲ) B.A(Hist), H.G.P., R.L.I, C.B.D.S

တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက် (၁၉၉၀) 

 ရေးတဲ့ ၈၈ မျိုးဆက် ကိုကိုကြီးသို့ ပေးစာကို ဖတ်ပါ။ဒီပေးစာက ၂၀၁၂ ခုနှစ်က ပေးစာပါ။မည်သူမဆို ထပ်ဆင့် သိလိုတာရှိရင် comment မှာ မေးနိုင်ပါတယ်။ကျုပ်တို့ ကျောက်နီမော်ဒေသခံတွေ ဖြေကြားပေးမှာပါ။ပေးစာထဲ မှာပါတဲ့ ကျောက်ထရံရွာက ဗလီချေ ပုံကို ဖော်ပြလိုက်ပါတယ်။

Tuesday, May 3, 2022

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဒေါက်တာဝါကာအူဒင် ကွယ် လွန်

VOA
ဗွီအိုအေမြန်မာပိုင်း
ဉာဏ်ဝင်းအောင်
၃၀ ဧၿပီ၊ ၂၀၂၂ 

ရိုဟင်ဂျာအရေး အမေရိကန်မှာ အခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ဒေါက်တာဝါကာအူဒင်ဟာ အသက်(၆၈)နှစ် အ ရွယ် ဧပြီလ(၂၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ သူကွယ်လွန် တဲ့အတွက် ဆုံးရှုံးမှုအဖြစ် ပြောကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရိုဟင်ဂျာအရေး အမေရိကန်မှာ အခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ဒေါက်တာဝါကာအူဒင်ဟာ အသက်(၆၈)နှစ် အ ရွယ် ဧပြီလ(၂၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ သူကွယ်လွန် တဲ့အတွက် ဆုံးရှုံးမှုအဖြစ် ပြောကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

Saturday, April 30, 2022

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ဧပြီလ၊ ၂၀၂၂

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
30.04.2022
VOA
အောက်မှာကြည့်ပါ
အောက်မှာကြည့်ပါ
30.04.2022
BBC
အောက်မှာကြည့်ပါအောက်မှာကြည့်ပါ
30.04.2022
RFA
အောက်မှာကြည့်ပါအောက်မှာကြည့်ပါ

ယနေ့သတင်း (အမြန်ရှာရန်) 2022 ဧပြီလ

 ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )

29.04.2022

ချင်းပြည်နယ် လုံခြုံရေး တာဝန်ယူမယ်လို့ CNO ကြေညာ- BBC

ပက်ထရိုနပ်စ် ကုမ္ပဏီ ရဲတံခွန် စီမံကိန်းက နုတ်ထွက်-BBC

ဒေါက်တာဇော်မြင့်မောင်အမှု တရားခံပြသက်သေမလာလို့ ရုံးချိန်းရွှေ့-BBC

ရေစကြိုမြို့နယ်အနီးက ပခန်းငယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ ဝင်တိုက်-BBC

ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီ ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်မှာထိန်းသိမ်းထားလဲ-BBC

မြဝတီ အောင်မြေရွှေဘုံရပ်ကွက်အနီး စစ်ကောင်စီ- BGF ပူးပေါင်း အဖွဲ့ တွေနဲ့ KNLA တိုက်ပွဲ ဖြစ်နေ-BBC

အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးအပါအ၀င် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးဖမ်းဆီးခံရ-BBC

ဒီပဲယင်းမြို့နယ်ကျေးရွာတွေအတွင်းမှာ လက်နက်ကြီးထိမှန်တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံး၄ဦး ဒဏ်ရာပြင်းထန်- BBC

ကျောက်ညှပ်စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်-BBC

မြင်းမူ PDF စခန်း နှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း-BBC

ထားဝယ်၊မြိတ်ကားလမ်းမှာ ခရီးသည်တင်ယာဥ် ၂စီးပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး၊ ဒဏ်ရာရသူများပြား-BBC

လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှာ ဒေသခံနှစ်ဦးနေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ခံရပြီးသေဆုံး-BBC

စစ်သူနာပြု အမျိုးသမီး ဗိုလ်ကြီးတဦးရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး အတွေ့အကြုံ -VOA

မြန်မာနိုင်ငံ အထက်ပိုင်း အပူချိန်မြင့်တက် -VOA

မြဝတီမြို့တွင်း စစ်ေကောင်စီတပ်တွေနဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်  -VOA

အမေရိကန်တွေကို ပြန်ပေးဆွဲခဲ့တဲ့ IS အဖွဲ့ဝင်ကို ဖမ်းဆီးတရားစွဲ -VOA

ကြည့်မြင်တိုင်တဘက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ လူငယ် ၅ ဦး လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရ -VOA

မလေးရှား Petronas ရေနံလုပ်ငန်း မြန်မာနိုင်ငံကနေ ပြန်ထွက်ဖို့ ဆုံးဖြတ် -VOA

ရှမ်းတောင် ရွာငံမြို့နယ် နွားဘန်းကြီးရွာတဝိုက် တိုက်ပွဲတွကြောင့် ဒေသခံတွေ တိမ်းရှောင် -VOA

စစ်ကောင်စီလွတ်ငြိမ်းခွင့်ဝေဖန်ခံရ-RFA

မင်းကင်းမြို့နယ် သံပေါက်ရွာ မီးလောင်ပြင်-RFA

ယင်းမာပင်မြို့နယ် မင်းကံကြီး-သီးကုန်းရွာကို စစ်ကောင်စီ မီးရှို့ပစ်ခတ်- RFA

၁၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသုံးဦး အဖမ်းခံရ - RFA

သူနာပြုဗိုလ်ကြီး ခင်ပပထွန်းနဲ့ ခင်ပွန်း ဆရာဝန်ဗိုလ်ကြီး သင်းအောင်ထွေး ပြည်သူနဲ့ပူးပေါင်း-RFA

ရွာငံမြို့နယ် ပဲရင်းတောင်ရွာက အသတ်ခံရသူ ကိုးဦး PDF နဲ့ ဆက်စပ်မှုမရှိ-RFA

သဘာဝဘေးအန္တရာယ်ကြောင့် နှစ်ပတ်အတွင်း အိမ်ခြေ ၂၀၀ ကျော် ပျက်စီး-RFA

စစ်ကောင်စီရဲ့ ကျောက်ညှပ်ရှေ့တန်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ပြော- RFA

မလေးရှား Petronas ရေနံလုပ်ငန်း မြန်မာနိုင်ငံက ထွက်ပြီ- RFA

ဒေါက်တာဇော်မြင့်မောင် အကျိုးဆောင်ရှေ့နေ အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရ-RFA

SSPP နဲ့ စစ်ရေးတင်းမာနေတဲ့ စနင်းတောင်ဒေသက စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာ- RFA

လောင်းလုံးမှာ ကျေးရွာတွင်းပစ်ခတ်လို့ ဒေသခံနှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ- RFA

တရုတ်နဲ့ဖက်စပ် ကြေးနီစီမံကိန်းကို ကာကွယ်ပေးမယ်လို့ စစ်ကောင်စီပြော- RFA

မြဝတီမြို့ လောင်းကစားရုံမှာ လိင်ဖျော်ဖြေရေး အဓမ္မစေခိုင်းမှုရှိနေကြောင်း ကိုယ်တွေ့ကြုံသူ ရှင်းပြ-RFA

နိုင်ငံတကာရေးရာ

စစ်မြေပြင် ဖြစ်နေတဲ့ ၃ နိုင်ငံ နယ်စပ်မြို့-BBC

ဂျပန်တစ်ယောက်ရဲ့ ရင်ထဲက မြန်မာ -BBC

ယူကရိန်း- ခွဲထွက်ချင်တဲ့ ဒေသကြောင့် မော်လ်ဒိုဗာ ယူကရိန်း စစ်ထဲ ပါလာနိုင်သလား -BBC

ယူကရိန်းစစ်ပွဲ- နှစ် ၅၀ အတွင်း ကုန်စျေးနှုန်းအမြင့်ဆုံးလို့ ကမ္ဘာ့ဘဏ်သတိပေး -BBC

 ထိုင်းနဲ့ မလေးရှား ကုမ္ပဏီတွေ မြန်မာ သဘာဝဓာတ်ငွေ့လုပ်ငန်းက ထွက်ဖို့ကြေညာ-BBC

ရုရှားသမ္မတကို ဖိတ်ထားတဲ့ G-20 ညီလာခံ အမေရိကန်တက်ဖို့ မသေချာ  -VOA

အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း ယူကရိန်းစစ်မှာ သေဆုံး-VOA

ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မယ့် အခြေအနေမရှိသေးဟု ကုန်သည်တွေခန့်မှန်း -VOA

ထိုင်းမှာအလုပ်လုပ်ကိုင်လိုသူတွေ ဆက်သွယ်နိုင်တဲ့ အေဂျင်စီစာရင်းထုတ်ပြန်-RFA

မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းမှု အရေးယူဖို့ ဗြိတိန်နည်းလမ်းရှာ-RFA

 

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) ဧပြီလ ၊၂၀၂၂

၂၀၂၂ ခု ဧပြီလ၊မြန်မာ့အလင်း သတင်း.

30.04.2022 


Thursday, April 28, 2022

ကဒရ်ညမြတ်ကိုရှာဖွေရင်း

 ကဒရ်ညမြတ်ကိုရှာဖွေရင်း.....
(၂)နာရီခန့် အမလ်လုပ်ကြပါစို့ 

  • ကျမ်းတော်မြတ်ကုရ်အာန်(၁၀)မျက်နှာခန့် ဖတ်ရွတ်ခြင်း။
  • ကလိမာဟ် သွိုင်ယေဗာ(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • တတိယကလိမာဟ်(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • ဒရူးဒ်ရှရီးဖ်(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • အိစ်သိဂ်ဖာ(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • စူရာဟ်ကဒရ်(၄၁)ကြိမ် ဖတ်ရွတ်ခြင်း။
  • "အိယားကနအ်ဗုဒု ဝအိယားက နတ်စ်သအီးန်" (၁၁၁၁)ကြိမ် ဖတ်ရွတ်ခြင်း။
  • "အလ္လာဟွမ္မ အင်န်နက အဖူးဝ်ဝန် သုဟိဗ်ဗွလ် အဖ်ဝ ဖာအ်ဖို့အန်းနီ" (၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • မိမိနှင့် မိမိမိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများနှင့် ကမ္ဘာအဝှမ်းရှိ အီမာန်ရှင် မွတ်စလင်မ် အွမ္မသ်များအားလုံးအတွက် တောင်းဆုဒိုအာများ တောင်းခံခြင်း။
  • သဟ်ဂျွဒ်နမားဇ်၊ ဆွလာသွလ်သပ်စ်ဗီးဟ်နမားဇ်၊ ဆွလာသွလ်သောဝ်ဗာနမားဇ်များ ဖတ်ရွတ်ခြင်း။
  • ကွယ်လွန်သူအာရ်ဝါများအတွက် စူရာဟ်များ ဖတ်ရွတ်၍ အီစာလေစဝါးဗ်ပေးပို့ခြင်း၊ မဂ်ဖွေရသ် ဒိုအာ ပြုပေးခြင်း။

ဤဖော်ပြပါအချက်များအနက်မှ ကဒရ်ညမြတ်ကို ရှာဖွေသောနိယသ်ဖြင့် (၂)နာရီခန့် တတ်နိုင်သမျှ အမလ်အေ ဘာဒသ်များပြုလုပ်ကြရင်း တန်ဖိုးထားမှုပြု၍ မွန်မြတ်သောညများ၌ ကောင်းမှုများကျင့်ကြံကြပါစို့ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။

( ဖန်ဆင်းခံကျေးကျွန်တစ်ဦးဖြစ်သည့် အပြစ်အမှားများနှင့်မကင်းသော ကျွန်တော်နှင့် ကျွန်တော့် မိဘ၊ မိသား စုဝင်များအတွက်လည်း မိတ်ဆွေများတို့၏ တောင်းဆုဒိုအာများတွင် သတိရပေးပါရန် ပန်ကြားအပ်ပါသည်။ )

အစ္စလမ်ဘာသာရေးစာအုပ်များ

Refurbished Scanned EBook List ( 652 Books)
Batch Four - 3 Books
652. ရစူလ်ကိုယ်တော်မြတ်၏ အနာဂတ်ဒေသနာကျမ်း
651. ဆွဒကဟ်ဂျာရိယဟ် စဉ်ဆက်မပြတ်အကျိုးစဝါးဗ်ရစေသော အလှူဒါန
650. အစ္စလာမ်သာသနာတော်၏ကလေမဟ် (၇)ပုဒ် အူရ်ဒူ၊ မြန်ာမာ အဓိပ္ပာယ်
649. ဒရူးသ်တော်မြတ်ကျင့်စဉ်ဖြင့် သင်၏ပြေလည်မှု
648. ကုရ်အာန်ကျမ်းတော်မြတ် အာရဗီ ၁၅ လိုင်း (မြန်မာမွတ်စလင်မ်ဖတ်ပုံစံ)
647. နေ့စဉ်သောက်နေကြသော ဆေးဝါးတောင့်များ Medicine Capsules နှင့် အစ္စလာမ့်တရားတော်၏ အမိန့်ပညတ်ချက်
646. ဖသာဝါ အဆ်အဒီယဟ် အတွဲ (၁)

ကိုယ်ရေးရာဇဝင်များ

 

Sunday, April 24, 2022

ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာနေကြတဲ့ မွတ်ဆလင်များ

BBC
၁၈ ဧပြီ ၂၀၂၂

ဧပြီလတစ်လတည်းမှာပင် အမ်းမြို့နယ်အတွင်းမှာ သုံးကြိမ်အထိဖမ်းဆီးခံခဲ့ကြရ


ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာနေကြတဲ့ မွတ်ဆလင်တွေ မကြာ ခဏဆိုသလို ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။


အခု ဧပြီလ တစ်လတည်းမှာကိုပဲ သုံးကြိမ်ထိ အမ်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။ ဧပြီ ၁ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး၊ ၁၁ ရက်နေ့က ရွာသာယာ ကျေး ရွာအနီးမှာ အမျိုးသမီး ၂ ဦး၊ ၁၄ ရက်နေ့က တောင်စောက်ကျေးရွာအနီးမှာ အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

Thursday, April 21, 2022

Teknaf ရှိ ရိုဟင်ဂျာစခန်း အမှတ် ၂၂ တွင် သောက်သုံးရေ နှင့် နေ့စဉ် သောက်သုံးရေ ဆိုးရွားစွာ ပြတ်လပ်နေ

BD News
Nurul Karim Rasel
ဧပြီ ၁၈၊ ၂၀၂၂ 


မြန်မာနိုင်ငံမှ ဒုက္ခသည်များအဖြစ် ရောက်ရှိလာသည့် တက္ကနတ်ရှိ ၂၂ ခုမြောက် ပူတီဗီးယားစခန်းရှိ ရိုဟင်ဂျာများ သည် ရေအကျပ်အတည်းကို ခံစားနေရသည်။ အမိုးအကာ(စခန်းများ)ရှိ ရေအကျပ်အတည်းသည် အထွတ်အ ထိပ် သို့ ရောက်ရှိနေပြီဖြစ်သည်။ စခန်းအတွင်း မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရိုဟင်ဂျာ ၂၂,၀၀၀ ကျော် ဟာ လူမဆန်စွာနဲ့ နေထိုင်နေကြရပါတယ်။ စခန်းတစ်ခုလုံးရှိ ရိုဟင်ဂျာများသည် ရေအတွက် အော်ဟစ်နေ ကြ သည်။

မလေးရှား လ၀ကစခန်းမှ ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် ထွက်ပြေး

VOM
ကွာလာလမ်ပူ၊ ဧပြီ-၂၀-၂၀၂၂
မျိုးဆက်(VOM)


မလေးရှားနိုင်ငံရှိ လူ၀င်မှုကြီးကြပ်ရေးစခန်းမှ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာ ၅၀၀ ကျော်ဟာ ဧပြီ ၂၀ ရက်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။


ပီနန်မှာရှိတဲ့ Sungai Bakap ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားသူတွေထဲ့ ထွက်ပြေးလွတ်မြောက် သွားသူ ၅၂၈ ဦးရှိတယ်လို့ မလေးရှားလူ၀င်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးချုပ် Khairul Dzaimee Daud ကပြောပါတယ်။

ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ၁၆၀ ကျော်ကို မလေးရှား အာဏာပိုင်တွေ လိုက်ရှာနေ

BBC
20 ဧပြီ 2022

                        ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်အချို့


မလေးရှားနိုင်ငံမှာ ဒီကနေ့မနက် လင်းအားကြီးအချိန်က နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း စခန်းကနေ ထွက်ပြေး လွတ်မြောက်သွားသူ ရိုဟင်ဂျာ ၁၆၀ ကျော်ကို မလေးရှားအာဏာပိုင်တွေက လိုက်လံရှာ ဖွေနေပါတယ်။

ရိုဟင်ဂျာ ငါးရာကျော်လောက် စခန်းကနေ ထွက်ပြေးခဲ့ပေမဲ့ အများစုကို ပြန်ဖမ်းမိနိုင်ခဲ့တယ်လို့ မလေးရှား လူဝင် မှုကြီးကြပ်ရေး အကြီးအကဲ က ပြောပါတယ်။

Wednesday, April 20, 2022

ရင်ရင်နွယ်(သို့မဟုတ်)မင်းအောင်လှိုင်ကိုကြိုးဆွဲကနေသူ

ရင်ရင်နွယ်(သို့မဟုတ်)မင်းအောင်လှိုင်ကိုကြိုးဆွဲကနေသူ


အပိုင်း(၁)


၁။ အကြမ်းဖက် ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် နောက် ကွယ်က ဒေါက် တိုင် တွေထဲကတစ်ခုအဖြစ် အဓိက ပံ့ပိုးပေးသူတစ်ဦးမှာ "ယခင်အာဏာရှင်ဟောင်း ဦးနေဝင်း၏ချွေးမ ဒေါ် ရင် ရင် နွယ်" ဖြစ်ပါတယ်။ အသက်(၇၀)အရွယ် ဦးနေဝင်း၏သား ဖြိုးဝေ ဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ် ရင်ရင်နွယ်ဟာ ကျိုင်း တုံ စော်ဘွား စပ်ဆိုင်ခွန်ရဲ့သမီးဖြစ်ပါတယ်။ ကောက်ကျစ်တဲ့မျက်လုံး တစ်စုံပိုင်ဆိုင်ထားတဲ့ ဒေါ် ရင်ရင် နွယ်ဟာ ငယ် စဉ်ကတည်းက ရည်မှန်းချက်ကြီးသူဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဘူမိဗေဒဘွဲ့ရခဲ့တဲ့ သူမ ဟာ မဆလခေတ် ဦးနေဝင်းလက်ထက်မှာ နိုင်ငံတကာထွက်ခွာခွင့်ရဖို့အတွက် ဦးနေဝင်းရဲ့သားဖြစ်သူ ဖြိုး ဝေ ဝင်းကို ချဉ်းကပ်ပြီး ရ အောင်ယူခဲ့သူဖြစ်ပါတယ်။

Sunday, April 17, 2022

စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု CDM ဗိုလ်ကြီး ဖွင့်ချ

RFA
2022.04.14 


စစ်တပ်က ၂ဝ၁၇ ခုနှစ် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ပုံစံဟာ လူမျိုး တုံး သတ်ဖြတ်မှု Genocide မြောက်တယ်လို့ CDM ဗိုလ်ကြီး နေမျိုးသက်က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၆ နှစ်နီးပါးကြာအောင် တပ်ထောက်ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ပြည်သူ့ ဘက် ကိုပူးပေါင်းလာတဲ့ ဗိုလ်ကြီးနေမျိုးသက်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်း ထားပါ တယ်။

Link : Here

အမေရိကန်အထက်လွှတ်တော်မှာ Burma Act ဥပဒေ ကြမ်း အတည်ပြုဖို့ အလားအလာကောင်း

RFA
လွတ်လပ်တဲ့အာရှအသံ
2022.04.11

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အဆောက်အအုံ မြင်ကွင်း။
Photo: AFP

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ပြုလုပ်တဲ့ အမေရိကန်အောက်လွှတ်တော်အစည်းအဝေးမှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ နယူးယောက်ပြည်နယ် လွှတ်တော်အမတ် ဂရီကိုရီ မိခ် တင်သွင်းတဲ့ Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် အဓိက ပါတီနှစ်ခုလုံးက အမတ်တွေရဲ့ထောက်ခံမှုနဲ့ အတည်ပြုကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆီ ဦးတည်နေတဲ့ မြန်မာနိုင်ငံ (Holocaust ပြခန်း)

VOA
ဗွီအိုအေမြန်မာပိုင်း
ငြိမ်းချမ်း
၁၃ ဧပြီလ၊ ၂၀၂၂ 

ဝါရှင်တန်မြို့တော်မှာရှိတဲ့ Holocaust ပြတိုက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြီးခဲ့တဲ့ လ က သွားရောက်တဲ့အချိန် မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေအပေါ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေဟာ Genocide လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်လို့ ကြေညာခဲ့ပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။

Link : Here

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အမေရိကန် အစိုးရ သဘောထား

VOA
ဗွီအိုအေမြန်မာပိုင်း
အေမရိကန္အစိုးရမူဝါဒ
April 11, 2022


ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ညှင်းပမ်း သတ်ဖြတ်မှုတွေဟာ လူမျိုးတုံးသတ် ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်ဆိုပြီး အမေရိကန် အစိုးရက သတ်မှတ်ထားပါတယ်။ ဒီအကြောင်း အမေရိ ကန် အစိုးရရဲ့ သဘောထားအမြင် အာဘော်ကို တင်ပြပေးပါမယ်။

Link : Here

Friday, April 8, 2022

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အမေရိကန်က ဘင်္ဂလားဒေ့ရှ် တောင်းဆိုလိုက်ပါတယ်။

VOA
ဗွီအိုအေ (မြန်မာပိုင်းအစီအစဉ်)
ဧပြီ ၀၇ ၂၀၂၂ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blanc နဲ့ နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။ (ဧပြီ ၄၊ ၂၀၂၂)၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်နိုင်ရေး မြန်မာဘက်က ဆောင်ရွက်လာအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖြစ်နိုင်တဲ့နည်းလမ်းစုံသုံးပြီး စည်း ရုံး ပြောကြားပေးဖို့ အမေရိကန်လွှတ်တော်မတ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ A K Abdul Momen က တောင်းဆိုလိုက်ပါတယ်။
                                                                              
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */