" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 24, 2022

ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာနေကြတဲ့ မွတ်ဆလင်များ

BBC
၁၈ ဧပြီ ၂၀၂၂

ဧပြီလတစ်လတည်းမှာပင် အမ်းမြို့နယ်အတွင်းမှာ သုံးကြိမ်အထိဖမ်းဆီးခံခဲ့ကြရ


ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာနေကြတဲ့ မွတ်ဆလင်တွေ မကြာ ခဏဆိုသလို ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။


အခု ဧပြီလ တစ်လတည်းမှာကိုပဲ သုံးကြိမ်ထိ အမ်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။ ဧပြီ ၁ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး၊ ၁၁ ရက်နေ့က ရွာသာယာ ကျေး ရွာအနီးမှာ အမျိုးသမီး ၂ ဦး၊ ၁၄ ရက်နေ့က တောင်စောက်ကျေးရွာအနီးမှာ အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။


ဖမ်းဆီးမှုတွေနဲ့ ကြုံနေကြရပေမယ့် ရပ်တန့်သွားခြင်းမရှိဘဲ ပုံသဏ္ဍန်မျိုးစုံနဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာ သွားလာမှုတွေက ရှိနေဆဲဖြစ်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းတွေကနေ သိရပါတယ်။


ရခိုင်ပြည်နယ်က ဒီဒုက္ခသည်စခန်းတွေဟာ ၂၀၁၂ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ဖွင့်လှစ်ထား ခဲ့တဲ့ ဒုက္ခသည်စခန်းတွေ ဖြစ်ကြပါတယ်။


ဒုက္ခသည်စခန်းတွေကနေ အခုလို ခိုးထွက်နေကြတာဟာ စခန်းတွေမှာနေရတာ အခက်အခဲတွေ ရှိနေလို့ဖြစ် တယ် လို့ ရခိုင်မှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်တချို့ကပြောပါတယ်။


'' ကျွန်တော်တို့ကို ဒီဒုက္ခသည်စခန်းမှာ လှောင်ထားတယ်၊ ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးတွေဟာ ဘာမှထွက်ခွင့် မရှိဘူး၊ ဘာမှလည်း အလုပ်မရှိဘူး၊ စားတဲ့သောက်တဲ့ အခါမှာလည်း အင်မတန်မှ ဒုက္ခရောက်တယ်" လို့ ဒါးပိန် ဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကျောက်တော်ကနေ ရန်ကုန်ကိုသွားကြမယ့် မွတ်ဆလင် ၁၂ ဦးကို ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖမ်းမိခဲ့ 

"နေရပ်စွန့်ခွာမှုပုံသဏ္ဍန်"

မွတ်ဆလင်တွေဟာ ရခိုင်ပြည်နယ်ကနေ တခြားဒေသတွေကို ထွက်ခွာကြတဲ့အခါမှာ ကုန်းလမ်းနဲ့ရေလမ်းနှစ်ခုကို အဓိကအသုံးပြုကြပါတယ်။ ရေလမ်းကြောင်းကနေ စက်လှေတွေနဲ့ သွားလာသူတွေက ပိုမိုများပြားတာကိုတွေ့ ရ ပါ တယ်။ လှေစီးပြီးသွား လာကြသူတွေထဲမှာ အရွယ်ရောက်ပြီးသူတွေအပြင် ကလေးငယ်တွေပါ ပါဝင်နေတာဖြစ် ပါတယ်။ စုံစမ်းမှုတွေအရ ဒါဟာ မိသားစုအလိုက်နေရပ်စွန့်ခွာကြသူတွေဖြစ်ကြပြီး သူတို့ရောက်ရှိတဲ့နေရာဒေသ တွေမှာ အခြေချနေထိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ အခုလို ကလေးငယ်တွေနဲ့ အသက်စွန့်ပြီးသွားကြတာဖြစ် ပါတယ်။


နောက်ထပ် ပုံစံတစ်မျိုးကတော့ ကုန်းလမ်းကိုအသုံးပြုပြီး ကားတွေနဲ့သွားကြတာပါ။ ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်းတွေက ကားတွေနဲ့သွားတဲ့သူတွေက ကုန်ပစ္စည်းသိုလှေင်ခန်းတွေထဲဝင်ပြီးတော့ လိုက်ကြရပါတယ်။ တချို့ ဆိုလို့ရှိရင် အိမ်စီးကားတွေနဲ့ ရုပ်ပြောင်းပြီးတော့ သွားလာကြသူတွေလည်း ရှိကြပါတယ်။ ကားတွေမှာက အရေ အ တွက်နည်းနည်းပါးပါးနဲ့ သွားကြရတာဖြစ်ပြီး ကားတွေလည်း နေ့တိုင်းအချိန်တိုင်း ထွက်ခွာနေကြတာကြောင့် ကုန်းလမ်းခရီးက ခိုးထွက်နေကြသူ တွေဟာ နေ့စဉ်လိုလိုရှိနေတယ်လို့ ပြောရမှာပါ။


ထူးခြားတဲ့နောက်ထပ် ပုံသဏ္ဍန်တစ်မျိုးကတော့ လုံခြုံရေးတွေ တင်းကျပ်လွန်းတဲ့ လေကြောင်းလိုင်းကနေ သွား ကြ တာပါ။ ဒါကတော့ ရှားရှားပါးပါးပါပဲ။ ဖမ်းဆီးခံလိုက်ရလို့ရှိရင်လည်း လေကြောင်းလိုင်းက သွားတဲ့သူတွေဟာ လေယာဉ်စီးဖို့ မှတ်ပုံတင်အတုတွေ လုပ်ပြီးတော့ သွားကြရတာကြောင့် ပြစ်မှုတွေကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ကျခံကြရပါတယ်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် တွေ့ရတဲ့ ဒုက္ခသည် ၁၀၀ ကျော် စီးလာတဲ့ လှေ


"ဦးတည်ရာဒေသ"



ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို အဓိကထွက်ခွာနေကြတာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေကိုရောက်ရှိဖို့အတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံပြီးတော့ သွားကြရတာပါ။ ရေ ကြောင်းခရီးကို အသုံးပြုကြသူတွေအတွက် လူတစ်ဦးကို မြန်မာကျပ်ငွေ သိန်း ၄၀ ကနေ ၉၀ ခန့်အထိ ကုန်ကျ တယ်လို့ ဆိုပါတယ်။ ကုန်းလမ်းကို အသုံးပြုကြသူတွေကတော့ စစ်တွေကနေ ရန်ကုန်ကိုရောက်ဖို့ အများဆုံး ကျပ်ငွေသိန်း ၂၀ လောက်ထိ ပေးကြရတယ်လို့ မွတ်ဆလင်တွေက ပြောဆိုကြပါတယ်။


အဲ့ဒီနိုင်ငံတွေကို ရောက်သွားလို့ရှိရင် သူတို့အတွက် အလုပ်အကိုင်တွေရရှိမယ်။ လူတန်းစေ့နေနိုင်မယ်။ တတိယ နိုင်ငံတွေကို သွားကြမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့သွားကြတာလို့ ဆိုပါတယ်။ တကယ်တော့ ဒါတွေက လူကုန်ကူးတဲ့ ပွဲစားတွေရဲ့ မက်လုံးပေးတဲ့စကားတွေ ဖြစ်ကြပါတယ်။


လက်ရှိနေထိုင်နေကြတဲ့ ရခိုင်ဒေသမှာ မွတ်ဆလင်တွေဟာ လွတ်လပ်စွာ သွားလာလို့မရသလို စီးပွားရေး၊ ကျန်း မာ ရေး၊ ပညာရေး၊ လူမှုရေးစတဲ့ အခြေခံရပိုင်ခွင့်တွေကို မရရှိကြဘူး။ ဒါကြောင့် တိုးတက်တဲ့ မွတ်ဆလင်နိုင်ငံ တွေကို သွားကြရမယ်ဆိုပြီး လူကုန်ကူးပွဲစားတွေက တရားမဝင် လူတင်ပို့နေကြတာဖြစ်ပါတယ်။


ပညာတတ်တဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေ၊ ငွေကြေးချမ်းသာတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းကိုတော့ လူပွဲစား တွေ ချဉ်းကပ်လေ့မရှိပါဘူး။ တစ်နေ့စာတစ်နေ့ စားရေးသောက်ရေးဖူလုံဖို့ ရှာကြံနေကြရတဲ့မိသားစုတွေ၊ အ ထောက် အပံ့တွေကိုမှီခိုပြီး အခန်းကျဉ်းလေးထဲမှာ နေထိုင်နေကြရတဲ့ ဒုက္ခသည်မိသားစုတွေကတော့လူပွဲစားတွေ ရဲ့ ပစ်မှတ်ထားတာကို ခံရပါတယ်။


"အန္တရာယ်တွေနဲ့ယဉ်ပါးတဲ့ မျှော်လင့်ချက်"


အခု ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာတော့ စစ်တွေလေဆိပ်ကနေ မှတ်ပုံတင်အတုတွေ ကိုင်ဆောင်ပြီး ရန်ကုန်ကိုသွား ကြ တဲ့ မွတ်ဆလင်တွေ စစ်တွေလေဆိပ်မှာ ဖမ်ဆီးခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် သွားလာနေ ကြတဲ့ ရေလမ်းကြောင်းတို့ ကုန်းလမ်းကြောင်းတို့ကနေ သွားတာထက် ဒါက လူကုန်ကူးသူတွေစမ်းလာတဲ့ နောက် ထပ်လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။


နောက်တစ်ခုက နိုင်ငံသားဖြစ်ခွင့် အခက်အခဲရှိနေသူတွေ မှတ်ပုံတင်မရရှိတဲ့သူတွေကို မှတ်ပုံတင်ရအောင် လုပ် ပေးနိုင်တယ်ဆိုပြီး လက်ခံလာအောင် ဖန်တီးတာလို့ ဆိုကြပါတယ်။


လူပွဲစားတွေကတော့ သူတို့သွားလိုတဲ့ နေရာဒေသတွေကို အရောက်ပို့ပေးတဲ့သူတွေရှိသလို အချို့ကလည်း သူတို့ ခေါ်ဆောင်လာတဲ့သူတွေကို တာဝန်ယူကြတာမရှိကြပါဘူး။ ဖမ်းဆီးခံလိုက်ရပြီဆိုရင် ထွက်ပြေးလွတ်မြောက် သွားတဲ့ ပွဲစားတွေက ပိုများပါတယ်။


ရေလမ်းကြောင်းကနေ သွားကြတဲ့ မွတ်ဆလင်တွေဟာ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီးတိုင်းစတဲ့ ဒေသတွေမှာ ပင်လယ်ပြင်အတွင်း စက်လှေတွေနဲ့ ဖမ်းဆီးခံကြရသလို ရခိုင်ရိုးမတောင်ကြားလမ်းမှာလည်း ကား တွေနဲ့ ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။


"ကျွန်တော်တို့ မျက်မြင်အရဆိုရင်တော့ သဲချောင်းအပါအဝင် စစ်တွေက မွတ်ဆလင်ဒုက္ခသည်စခန်းတွေဟာ ပင် လယ် ထွက်ပေါက် ရှိတဲ့နေရာတွေမှာတည်ရှိပြီး လှေဆိပ်တွေအကုန်လုံးမှာ လုံခြုံရေး ကင်းစခန်းတွေရှိနေတာပါ။ ငါးဖမ်းစက်လှေတွေ ပင်လယ်ထဲထွက်ကြရင်တောင်မှ အဲ့ဒီစခန်းတွေရဲ့ ခွင့်ပြုချက်မရဘဲ ထွက်ခွင့်မပြုဘူး။ ရက် အ ကန့်သတ်နဲ့သွားကြရတာပါ။ အခု လူတွေအများအပြားတင်ပြီး ထွက်ကြတဲ့ လူကုန်ကူးတဲ့လှေတွေထွက်တာကို သူတို့မသိစရာတော့မရှိဘူး။ သူတို့ ပွဲစားတွေက ပိုက်ဆံပေးပြီး သွားကြတာဖြစ်နိုင်တယ်" လို့ ဒုက္ခသည်စခန်းမှာ နေ ထိုင် သူ တစ်ဦးကပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်


"အဓိကကတော့ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာသွားလာမှု၊ လုပ်ကိုင်စားသောက်မှု ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးမှု ခံ နေရတဲ့ အတွက် ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံစားနိုင်ဘဲ ထွက်ပြေးကြတာများပါတယ်။ ဒါကတော့ ခိုးကြောင်ခိုး ဝှက်နဲ့ ပွဲစားတွေရဲ့ စီမံခန့်ခွဲမှုအောက်ပေါ့နော်။ ရန်ကုန်ကနေ ထိုင်းနယ်စပ်ထိ၊ ထိုင်းကနေမလေးရှားထိပေါ့နော်။ ဘာမှလဲ လုံခြုံမှုမရှိဘူး။ အခက်အခဲတွေပဲ၊ မကြားချင်တဲ့အဆုံး စကားတွေကြားရတာပေါ့။ ဒီလိုပဲ သေရင်သေ၊ ဖမ်းရင်ဖမ်း စွန့်ကြတာပဲ"လို့ စစ်တွေမြို့နယ် သဲချောင်းဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးကျော်လှက ပြောပါတယ်။


ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာတော့ လှေစီးပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာသွားကြတဲ့မွတ်ဆလင်တွေကို ဖမ်း ဆီးရမိလို့ရှိရင် နေရပ်ပြန်ပို့ပေးတာတွေရှိခဲ့ပါတယ်။


အခုနှစ်အတွင်း ကုန်လမ်းကိုအသုံးပြုသွားလာသူတွေ ဖမ်းဆီးခံရမှုများပြားနေပြီး ဖမ်းဆီးခံလိုက်ရသူတွေဟာ အ ထောက်အထားမဲ့ တရားမဝင်သွားလာမှုကြောင့် လဝက ဥပဒေတွေနဲ့ ထောင်ချခံနေကြရတာဖြစ်တယ်လို့ မွတ်ဆ လင်တွေက ပြောဆိုကြပါတယ်။


ဒီလို ဖမ်းဆီးတာတွေရှိနေပေမယ့် ရခိုင်ပြည်နယ်က မွတ်ဆလင်အများစုကတော့ နေ့စဉ်လိုလို ခိုးထွက်မှုတွေက ရှိ နေဆဲဖြစ်တယ်လို့ မွတ်ဆလင်တွေက ပြောဆိုကြပါတယ်။ 


"ဆုံးရှုံးမှုတွေလည်းကြုံရ"


ရခိုင်ပြည်နယ်ကနေ ထွက်သွားခဲ့ကြတဲ့မွတ်ဆလင်တွေထဲ မလေးရှားနိုင်ငံကိုရောက်ရှိခဲ့ကြသူတွေလည်း ရှိကြပါ တယ်။ ဒါပေမယ့် အဲ့ဒီလူတွေဟာလည်း သူတို့မျှော်လင့်ထားသလောက် အဆင်မပြေမှုတွေနဲ့ ကြုံကြရတယ်လို့ ဆို ကြပါတယ်။ တချို့ဆိုရင် ပင်လယ်လမ်းကြောင်းကနေ သွားကြတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် သူတို့ဦး တည်တဲ့နိုင်ငံတွေဆီ မရောက်ကြဘဲ တခြားနိုင်ငံတွေကို ရောက်ရှိသွားကြပြီး ဒုက္ခတွေနဲ့ ကြုံရသူတွေလည်း အ များအပြားပါပဲ။


နေရပ်စွန့်ခွာခဲ့ကြတဲ့အထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေက အများဆုံးဖြစ်ပြီးတော့ အမျိုးသမီးပါဝင်မှုကလည်း တော်တော်လေးကို များပြားပါတယ်။ သူတို့တွေဟာ များပြားတဲ့ငွေကြေးပမာဏတွေကို နည်းမျိုးစုံနဲ့ ရှာကြံပြီးပွဲစား တွေရဲ့ တာဝန်ကင်းမဲ့မှုတွေကြားထဲ နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံနေကြရတာပါ။


တချို့ဒုက္ခသည်မိသားစုတွေဆိုရင် ရိက္ခာစာအုပ်တွေ၊ နေအိမ်အခန်းတွေနဲ သူတို့ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး တော့ ထွက်ခွာကြသူတွေလည်း ရှိကြပါတယ်။ ဖမ်းဆီးခံရပြီး ပြန်ရောက်လာတဲ့သူတွေကတော့ဆက်နေဖို့အတွက် လည်း ဘာမှမရှိတော့တာကြောင့် ပြန်ထွက်ဖို့အတွက်ကိုပဲ ရုန်းကန်ကြရသူတွေလည်း အများအပြားပါပဲ။


တာဝန်ယူမှုတာဝန်ခံမှုမရှိတာကြောင့် သူတို့တွေဟာ မလေးရှားနိုင်ငံကိုရောက်ရှိတဲ့အချိန်မှာလည်း အလုပ်အကိုင် ကောင်းကောင်း ရရှိဖို့အတွက် အခက်အခဲတစ်ခုပါ။ အဆင်မပြေလို့ ပြန်လာဖို့အတွက်လည်း အခက်အခဲတွေနဲ့ ကြုံကြရတယ်လို့ သိရပါတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးငယ်တွေဖြစ်ကြပါတယ်။ မိသားစုတွေနဲ့လည်း အ ဆက်အသွယ်တွေပြတ်ပြီး ဘယ်ရောက်လို့ ဘာတွေလုပ်နေတယ်ဆိုတာကို မသိရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေကြတာပါ။

စစ်တွေမြိုအနီးက IDP စခန်းတစ်နေရာ


"ဥပဒေစိုးမိုးမှု"


တရားမဝင်သွားလာသူတွေ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဆိုသလို ရှိနေပေမယ့် ပွဲစားတွေကတော့ ဖမ်းဆီးခံရမှု မ ရှိဘဲ လွတ်မြောက်နေကြတာပါ။ တချို့ပွဲစားတွေဆိုရင် ဒီနေ့အချိန်မှာ ဖမ်းဆီးမခံရတဲ့အပြင် အဲ့ဒီအလုပ်တွေကို ဆက်လုပ်နေကြတယ်လို့ ပြောဆိုကြပါတယ်။


သွားချင်တဲ့သူတွေရှိလို့ ပို့ပေးတဲ့သူတွေ ရှိလာရတာဖြစ်ပေမယ့် အရေးယူတဲ့အခါမှာတော့ နှစ်ဖက်စလုံးကို အရေး ယူဖို့လိုအပ်နေတာပါ။ လက်ရှိမှာ အရေးယူဆောင်ရွက်မှုတွေက ပြည်ပကိုထွက်သွားဖို့ ပိုက်ဆံတွေပေးပြီး သွားကြ သူ တွေက ဖမ်းဆီးခံနေကြရပြီး ငွေကြေးယူပြီးပို့ဆောင်ပေးနေတဲ့ ပွဲစားတွေကတော့ လွတ်မြောက်နေတယ်ဆို တာဟာ ဥပဒေစိုးမိုးမှုနည်းပါးလို့ပဲ ဖြစ်ပါတယ်။


ရခိုင်ပြည်နယ် နေရပ်စွန့်ခွာနေကြတဲ့ မွတ်ဆလင်တွေနဲ့ လူကုန်ကူးမှုဈေးကွက် အခြအနေနဲ့ ပတ်သက်လို့ ပြည် နယ်ကောင်စီဘက်ကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။


ဒေသအာဏာပိုင်တွေဘက်ကနေ တရားမဝင်သွားလာသူတွေကို ဖမ်းဆီးတာတစ်ခုတည်း မဟုတ်ဘဲ တရားမဝင် လူကုန်ကူးနေကြတဲ့ ပွဲစားဈေးကွက်ကိုလည်း ရှင်းလင်းဖို့အတွက် လိုအပ်နေတယ်လို့လည်း ထောက်ပြပြောဆိုကြ ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */